နော့ဝှစ်ချ်ဂိုးသမားဒန်ဘာဒန် ကင်ဆာရောဂါဝေဒနာခံစားနေ

နော့ဝှစ်ချ်အသင်းကဂိုးသမားဒန်ဘာဒန်မှာဝှေးစေ့ကင်ဆာရောဂါဝေဒနာခံစားနေရကြောင်းကြေညာလာပါတယ်။အသက်၂၀နှစ်ရှိဘာဒန်ဟာဝှေးစေ့ကင်ဆာရောဂါခံစားနေရကြောင်းသိရပြီးနောက်အခြားစစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်စကော့တလန်ကလပ်လီဗင်စတန်တွင်အငှားဖြင့်သွားရောက်ကစားနေတဲ့လူငယ်ဂိုးသမားဟာလာမယ့်ရက်သတ္တပတ်များတွင်အပြည့်အဝပြန်လည်ကျန်းမာလာရေးအတွက်ဆေးကုသရေးများဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။

ဘာဒန်က “အရမ်းခက်ခဲပြီးစိန်ခေါ်မှုတွေရှိနေတဲ့ကာလဖြစ်ပါတယ်။ဒါပေမယ့်မိသားစု၊သူငယ်ချင်းတွေ၊ကစားဖော်တွေရဲ့အားပေးမှုကြောင့်ပြီးခဲ့တဲ့ရက်သတ္တပတ်ကိုကျော်ဖြတ်လာခဲ့ပါတယ်။နော့ဝှစ်ချ်နဲ့လီဗာစတန်ဆေးဌာနကလူတွေကိုကျေးဇူးမတင်လို့မရပါဘူး။ပြီးတော့တော်ဝင်မာဒန်ဆေးရုံကဝန်ထမ်းတွေလည်းအတူတူပါပဲ။အားလုံးပြောင်းလဲသွားခဲ့တာတကယ့်ကိုလျှင်မြန်လှပါတယ်။ဒါပေမယ့်အားလုံးကျွန်တော့်အပေါ်ကောင်းကြပါတယ်။ဒီရောဂါကကျွန်တော့်ကိုတကယ့်ရှော့အကြီးကြီးပါ။ဒါပေမယ့်စောစောစီးစီးသလိုက်ရတာကံကောင်းပါတယ်။နောက်အဆင့်တွေကအားလုံးအဆင်ပြေလာမှာပါ”လို့ပြောကြားသွားပါတယ်။

မကြာသေးမီတုန်းကချန်ပီယံရှစ်ကလပ်ဘုန်းမောက်မှဝေးလ်လက်ရွေးစင်အလယ်တန်းကစားသမားဒေးဗစ်ဘရုတ်ခ်တွင်လည်းသွေးကင်ဆာရောဂါဝေဒနာခံစားနေရကြောင်းကြေညာခဲ့ပါတယ်။

ZawGyi

ေနာ့ဝွစ္ခ်္ဂိုးသမားဒန္ဘာဒန္ ကင္ဆာေရာဂါေဝဒနာခံစားေန

ေနာ့ဝွစ္ခ်္အသင္းကဂိုးသမားဒန္ဘာဒန္မွာေဝွးေစ့ကင္ဆာေရာဂါေဝဒနာခံစားေနရေၾကာင္းေၾကညာလာပါတယ္။အသက္၂၀ႏွစ္ရွိဘာဒန္ဟာေဝွးေစ့ကင္ဆာေရာဂါခံစားေနရေၾကာင္းသိရၿပီးေနာက္အျခားစစ္ေဆးမႈမ်ားဆက္တိုက္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္စေကာ့တလန္ကလပ္လီဗင္စတန္တြင္အငွားျဖင့္သြားေရာက္ကစားေနတဲ့လူငယ္ဂိုးသမားဟာလာမယ့္ရက္သတၱပတ္မ်ားတြင္အျပည့္အဝျပန္လည္က်န္းမာလာေရးအတြက္ေဆးကုသေရးမ်ားေဆာင္႐ြက္သြားေတာ့မွာျဖစ္ပါတယ္။

ဘာဒန္က “အရမ္းခက္ခဲၿပီးစိန္ေခၚမႈေတြရွိေနတဲ့ကာလျဖစ္ပါတယ္။ဒါေပမယ့္မိသားစု၊သူငယ္ခ်င္းေတြ၊ကစားေဖာ္ေတြရဲ႕အားေပးမႈေၾကာင့္ၿပီးခဲ့တဲ့ရက္သတၱပတ္ကိုေက်ာ္ျဖတ္လာခဲ့ပါတယ္။ေနာ့ဝွစ္ခ်္နဲ႔လီဗာစတန္ေဆးဌာနကလူေတြကိုေက်းဇူးမတင္လို႔မရပါဘူး။ၿပီးေတာ့ေတာ္ဝင္မာဒန္ေဆး႐ုံကဝန္ထမ္းေတြလည္းအတူတူပါပဲ။အားလုံးေျပာင္းလဲသြားခဲ့တာတကယ့္ကိုလွ်င္ျမန္လွပါတယ္။ဒါေပမယ့္အားလုံးကြၽန္ေတာ့္အေပၚေကာင္းၾကပါတယ္။ဒီေရာဂါကကြၽန္ေတာ့္ကိုတကယ့္ေရွာ့အႀကီးႀကီးပါ။ဒါေပမယ့္ေစာေစာစီးစီးသလိုက္ရတာကံေကာင္းပါတယ္။ေနာက္အဆင့္ေတြကအားလုံးအဆင္ေျပလာမွာပါ”လို႔ေျပာၾကားသြားပါတယ္။

မၾကာေသးမီတုန္းကခ်န္ပီယံရွစ္ကလပ္ဘုန္းေမာက္မွေဝးလ္လက္ေ႐ြးစင္အလယ္တန္းကစားသမားေဒးဗစ္ဘ႐ုတ္ခ္တြင္လည္းေသြးကင္ဆာေရာဂါေဝဒနာခံစားေနရေၾကာင္းေၾကညာခဲ့ပါတယ္။