နော့ဝှစ်ချ်နည်းပြရာထူးမှအထုတ်ခံရပြီးနှစ်ပတ်အကြာတွင် နည်းပြလောကသို့ပြန်ဝင်လာတဲ့ ဖာကီ

ဒါနီရယ်ဖာကီဟာနော့ဝှစ်ချ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်နှစ်ပတ်အကြာတွင်ပင်နည်းပြလောကသို့ချက်ချင်းပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အသက်၄၅နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင်ရပ်တည်နေရမှုကြောင့်နော့ဝှစ်ချ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီးနစ်နာကြေးပေါင်၁သန်းရရှိခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါဖာကီဟာဘွန်ဒက်စ်လီဂါ၂ကလပ်ဝါဒါဘရီမင်နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဝါဒါဘရီမင်ရဲ့ယခင်နည်းပြမားကပ်စ်အန်ဖန်ဟာကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်းမှတ်ပုံတင်တုအသုံးပြုမှုကြောင့်ရာထူးမှထုတ်ထွက်ခဲ့ပါတယ်။

အန်ဖန်ဟာယင်းဖြစ်ရပ်ကြောင့်ဂျာမန်အာဏာပိုင်တို့ရဲ့စစ်ဆေးမှုခံနေရပါတယ်။ပိုပြီးတော့ဆိုးရွားသွားကတော့အန်ဖန်ဟာဂျာမနီတွင်ပါတီပွဲတစ်ခုသို့တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ZawGyi

နော့ဝှစ်ခ်ျနည်းပြရာထူးမှအထုတ်ခံရပြီးနှစ်ပတ်အကြာတွင် နည်းပြလောကသို့ပြန်ဝင်လာတဲ့ ဖာကီ

ဒါနီရယ်ဖာကီဟာနော့ဝှစ်ခ်ျနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်နှစ်ပတ်အကြာတွင်ပင်နည်းပြလောကသို့ချက်ချင်းပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အသက်၄၅နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင်ရပ်တည်နေရမှုကြောင့်နော့ဝှစ်ခ်ျနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီးနစ်နာကြေးပေါင်၁သန်းရရှိခဲ့ပါတယ်။

