နော့ဝှစ်ချ်နှင့်ပွဲတွင် ရမ်ဒဲလ်ကို ပွဲထွက်ဂိုးသမားအဖြစ် အာတီတာသုံးလာမည်

အာရွန်ရမ်ဒဲလ်ဟာလာမယ့်အပတ်နော့ဝှစ်ချ်နှင့်ပွဲစဉ်တွင်အာဆင်နယ်အတွက်ပွဲထွက်ကစားခွင့်ရရှိလာဖို့ရှိနေပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာပြီးခဲ့တဲ့မန်စီးတီးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ဂိုးသမားလီနိုမှာ၅ဂိုးအထိပေးခဲ့ရမှုနဲ့အတူနော့ဝှစ်ချ်နှင့်ပွဲစဉ်တွင်ရမ်ဒဲလ်ကိုအသုံးပြုရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

အာတီတာဟာလေဗာကူဆင်ဂိုးသမားဟောင်းလီနိုအပေါ်တွင်အပြည့်အဝယုံကြည်မှုမရှိမှုနဲ့အတူနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အင်္ဂလန်ဂိုးသမားရမ်ဒဲလ်ကိုရှက်ဖီးလ်ယူနိုက်တက်မှခေါ်ယူခဲ့တာဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိရမ်ဒဲလ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်ကာကွယ်မှုအများဆုံးဂိုးသမားများစာရင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီးနော့ဝှစ်ချ်နှင့်ပွဲတွင်လက်စွမ်းပြနိုင်ပါကအာဆင်နယ်ရဲ့နံပါတ်တစ်ဂိုးသမားနေရာကိုရယူလာနိုင်ဖို့လည်းရှိနေပါတယ်။

တစ်ဖက်တွင်ရှက်ဖီးလ်ယူနိုက်တက်ဟာရမ်ဒဲလ်သာအာဆင်နယ်တွင်ပွဲထွက်ခွင့်ရရှိလာပါကအရောင်းစာချုပ်တွင်သူ့ရဲ့ပွဲကစားခွင့်ရမှုအပေါ်မူတည်ပြီးအပိုဆုကြေးရရှိမယ့်အချက်ကြောင့်အပိုဆုကြေးများစွာရရှိလာတော့မှာလည်းဖြစ်ပါတယ်။

ZawGyi

နော့ဝှစ်ခ်ျနှင့်ပွဲတွင် ရမ်ဒဲလ်ကို ပွဲထွက်ဂိုးသမားအဖြစ် အာတီတာသုံးလာမည်

အာရွန်ရမ်ဒဲလ်ဟာလာမယ့်အပတ်နော့ဝှစ်ခ်ျနှင့်ပွဲစဉ်တွင်အာဆင်နယ်အတွက်ပွဲထွက်ကစားခွင့်ရရှိလာဖို့ရှိနေပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာပြီးခဲ့တဲ့မန်စီးတီးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ဂိုးသမားလီနိုမှာ၅ဂိုးအထိပေးခဲ့ရမှုနဲ့အတူနော့ဝှစ်ခ်ျနှင့်ပွဲစဉ်တွင်ရမ်ဒဲလ်ကိုအသုံးပြုရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။


အသက်၂၃နှစ်ရှိရမ်ဒဲလ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်ကာကွယ်မှုအများဆုံးဂိုးသမားများစာရင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီးနော့ဝှစ်ခ်ျနှင့်ပွဲတွင်လက်စွမ်းပြနိုင်ပါကအာဆင်နယ်ရဲ့နံပါတ်တစ်ဂိုးသမားနေရာကိုရယူလာနိုင်ဖို့လည်းရှိနေပါတယ်။
