နော့ဝှစ်နှင့်ပွဲမှာ ဘယ်သူမှ မလိုချင်တဲ့ စံချိန်သစ်ကြီးတစ်ခုကို ပိုင်ဆိုင်နိုင်ခွင့် ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာနိုင်ငံတကာပွဲစဉ်များအပြီးမှာကစားရမယ့်နော့ဝှစ်ချ်နှင့်ပွဲမှာရှုံးနိမ့်လျှင်ပရီးမီးယားလိဂ်သမိုင်းတွင်အဆိုးရွားဆုံးတာထွက်စံချိန်သစ်ကြီးကိုပိုင်ဆိုင်နိုင်ခွင့်ရှိနေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲသုံးပွဲဆက်တိုက်ရှုံးနိမ့်ထားရာမှာရဂိုးတစ်ဂိုးမှမရှိမှုနဲ့အတူနည်းပြမီခေးလ်အာတီတာဟာလည်းဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲမှာဘရန့်ဖို့ဒ်ကို၂-၀ဂိုးဖြင့်လည်းကောင်း၊ချဲလ်ဆီးကို၂-၀ဂိုးဖြင့်လည်းကောင်း၊ယင်းနောက်မန်စီးတီးကို၅-၀ဂိုးဖြင့်လည်းကောင်းရှုံးနိမ့်ထားပါတယ်။

ဒါပေမယ့်၎င်းတို့ဟာခါရာဘောင်ဖလားပြိုင်ပွဲမှာတော့ဝက်စ်ဘရွန်းကိုအနိုင်ရရှိထားပါတယ်။

လက်ရှိအချိန်မှာ၎င်းတို့ဟာပရီးမီးယားလိဂ်မှာရဂိုးတစ်ဂိုးမျှမရှိသေးပါဘူး။တကယ်လို့များအာဆင်နယ်ဟာလက်ရှိအခြေအနေအတိုင်းဆက်လက်ချီတက်မယ်ဆိုရင်တော့ဘယ်သူမှမလိုချင်တဲ့ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုကိုသမိုင်းတွင်အောင်ရေးထိုးနိုင်တော့မှာဖြစ်ပါတယ်။

တစ်ဖက်တွင်နော့ဝှစ်ချ်ဟာလည်းပရီးမီးယားလိဂ်သို့တန်းတက်လာပြီးနောက်ရလဒ်ဆိုးနေပြီးအာဆင်နယ်ရဲ့အထက်အဆင့်၁၉နေရာမှာရပ်တည်နေပါတယ်။

၎င်းတို့နှစ်သင်းဟာနိုင်ငံတကာပွဲစဉ်များအပြီးမှာထိပ်တိုက်တွေ့ကြပါမယ်။၎င်းတို့နှစ်သင်းတို့မှတစ်သင်းသင်းဟာစံချိန်သစ်ရေးထိုးနိုင်မယ့်အခြေအနေမှာရှိပါတယ်။

ဆွမ်ဒင်တောင်းဟာ၁၉၉၃-၉၄ရာသီတုန်းကပရီးမီးယားလိဂ်လေးပွဲအပြီးမှာလေးပွဲရှုံး၊ဂိုးကွာခြားမှု-၁၂ဂိုးဖြင့်ရပ်တည်ခဲ့ပါတယ်။

လက်ရှိအချိန်မှာအာဆင်နယ်နှင့်နော့ဝှစ်ချ်နှစ်သင်းလုံးဟာဂိုးကွာခြားချက်-၉ရရှိထားကြပါတယ်။အကယ်၍၎င်းတို့နှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲမှာလေးဂိုးပြတ်ရှုံးနိမ့်တဲ့အသင်းဟာပရီးမီးယားလိဂ်သမိုင်းတွင်မည်သူမျှမလိုချင်တဲ့စံချိန်ဆိုးကြီးကိုပိုင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်။

ZawGyi

ေနာ့ဝွစ္ႏွင့္ပြဲမွာ ဘယ္သူမွ မလိုခ်င္တဲ့ စံခ်ိန္သစ္ႀကီးတစ္ခုကို ပိုင္ဆိုင္ႏိုင္ခြင့္ ရွိေနတဲ့ အာဆင္နယ္

အာဆင္နယ္ဟာႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးမွာကစားရမယ့္ေနာ့ဝွစ္ခ်္ႏွင့္ပြဲမွာရႈံးနိမ့္လွ်င္ပရီးမီးယားလိဂ္သမိုင္းတြင္အဆိုး႐ြားဆုံးတာထြက္စံခ်ိန္သစ္ႀကီးကိုပိုင္ဆိုင္ႏိုင္ခြင့္ရွိေနၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲသုံးပြဲဆက္တိိုက္ရႈံးနိမ့္ထားရာမွာရဂိုးတစ္ဂိုးမွမရွိမႈနဲ႔အတူနည္းျပမီေခးလ္အာတီတာဟာလည္းဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲမွာဘရန႔္ဖို႔ဒ္ကို၂-၀ဂိုးျဖင့္လည္းေကာင္း၊ခ်ဲလ္ဆီးကို၂-၀ဂိုးျဖင့္လည္းေကာင္း၊ယင္းေနာက္မန္စီးတီးကို၅-၀ဂိုးျဖင့္လည္းေကာင္းရႈံးနိမ့္ထားပါတယ္။

ဒါေပမယ့္၎တို႔ဟာခါရာေဘာင္ဖလားၿပိဳင္ပြဲမွာေတာ့ဝက္စ္ဘ႐ြန္းကိုအႏိုင္ရရွိထားပါတယ္။

လက္ရွိအခ်ိန္မွာ၎တို႔ဟာပရီးမီးယားလိဂ္မွာရဂိုးတစ္ဂိုးမွ်မရွိေသးပါဘူး။တကယ္လို႔မ်ားအာဆင္နယ္ဟာလက္ရွိအေျခအေနအတိုင္းဆက္လက္ခ်ီတက္မယ္ဆိုရင္ေတာ့ဘယ္သူမွမလိုခ်င္တဲ့ပရီးမီးယားလိဂ္စံခ်ိန္သစ္တစ္ခုကိုသမိုင္းတြင္ေအာင္ေရးထိုးႏိုင္ေတာ့မွာျဖစ္ပါတယ္။

တစ္ဖက္တြင္ေနာ့ဝွစ္ခ်္ဟာလည္းပရီးမီးယားလိဂ္သို႔တန္းတက္လာၿပီးေနာက္ရလဒ္ဆိုးေနၿပီးအာဆင္နယ္ရဲ႕အထက္အဆင့္၁၉ေနရာမွာရပ္တည္ေနပါတယ္။

၎တို႔ႏွစ္သင္းဟာႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးမွာထိပ္တိုက္ေတြ႕ၾကပါမယ္။၎တို႔ႏွစ္သင္းတို႔မွတစ္သင္းသင္းဟာစံခ်ိန္သစ္ေရးထိုးႏိုင္မယ့္အေျခအေနမွာရွိပါတယ္။

ဆြမ္ဒင္ေတာင္းဟာ၁၉၉၃-၉၄ရာသီတုန္းကပရီးမီးယားလိဂ္ေလးပြဲအၿပီးမွာေလးပြဲရႈံး၊ဂိုးကြာျခားမႈ-၁၂ဂိုးျဖင့္ရပ္တည္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာအာဆင္နယ္ႏွင့္ေနာ့ဝွစ္ခ်္ႏွစ္သင္းလုံးဟာဂိုးကြာျခားခ်က္-၉ရရွိထားၾကပါတယ္။အကယ္၍၎တို႔ႏွစ္သင္းထိပ္တိုက္ေတြ႕တဲ့ပြဲမွာေလးဂိုးျပတ္ရႈံးနိမ့္တဲ့အသင္းဟာပရီးမီးယားလိဂ္သမိုင္းတြင္မည္သူမွ်မလိုခ်င္တဲ့စံခ်ိန္ဆိုးႀကီးကိုပိုင္ဆိုင္သြားရမွာလည္းျဖစ္ပါတယ္။