
မိုဟာမက်အယ်နီနီနှင့်မာကွင်ဟို့စ်တို့ဟာကြံ့ခိုင်မှုပြည့်ဝလာမှုနှင့်အတူယနေ့ညနော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်ပြန်လည်ပါဝင်လာကြမည်ဖြစ်ကြောင်းသိရပါတယ်။
ဒါပေမဲ့အိုလက်ဇန္ဒားဇင်ချန်ကိုနှင့်ဂါဘရီရယ်တို့မှာကြံ့ခိုင်မှုပြဿနာရှိနေမှုနှင့်အတူ အမှတ်ပေးဇယားထိပ်သို့ပြန်လည်တက်နိုင်ရေးကြိုးပမ်းရမယ့် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေကြပါတယ်။
အယ်နီနီဟာစက်တင်ဘာလတုန်းကဒဏ်ရာရရှိကာအနားယူခဲ့ရပြီးနောက်ပြန်လည်လေ့ကျင့်ခန်းဆင်းထားနိုင်ပါတယ်။အသက်၃၀နှစ်ရှိအီဂျစ်စတားဟာရာသီအစတုန်းကအာဆင်နယ်အတွက်ခြေစွမ်းပြကစားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာနော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်ပွဲထွက်ကစားလာဖို့မရှိပေမဲ့လည်းအရန်အဖြစ်ကစားလာနိုင်ဖို့ရှိပါတယ်။
အသက်၁၈နှစ်အရွယ်ရှိဘရာဇီးပါရမီရှင်မာကွင်ဟို့စ်မှာလည်းကြားရက်တုန်းကပီအက်စ်ဗွီကိုရှုံးနိမ့်တဲ့ပွဲကိုလွဲချော်ခဲ့ပေမဲ့လည်းနော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်ပါဝင်ရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။
အာဆင်နယ်အတွက်စိုးရိမ်စရာအကောင်းဆုံးမှာဗဟိုနောက်ခံလူဂါဘရီရယ်ပါဝင်/မပါဝင်ဖြစ်ပါတယ်။အာတီတာကတော့ဗဟိုခံစစ်တွင်ဂါဘရီရယ်နှင့်ဆာလီဘာတို့ကိုတွဲပေးနိုင်ရန်မျှော်လင့်နေပါတယ်။
ZawGyi
ေနာ္တင္ဟမ္ေဖာရက္စ္ပြဲတြင္ အာဆင္နယ္စတားႏွစ္ဦး ျပန္လည္ပါဝင္လာမည္
မိုဟာမက္အယ္နီနီႏွင့္မာကြင္ဟို႔စ္တို႔ဟာႀကံ့ခိုင္မႈျပည့္ဝလာမႈႏွင့္အတူယေန႔ညေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြင္ျပန္လည္ပါဝင္လာၾကမည္ျဖစ္ေၾကာင္းသိရပါတယ္။
ဒါေပမဲ့အိုလက္ဇႏၵားဇင္ခ်န္ကိုႏွင့္ဂါဘရီရယ္တို႔မွာႀကံ့ခိုင္မႈျပႆနာရွိေနမႈႏွင့္အတူ အမွတ္ေပးဇယားထိပ္သို႔ျပန္လည္တက္ႏိုင္ေရးႀကိဳးပမ္းရမယ့္ ေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနၾကပါတယ္။
အယ္နီနီဟာစက္တင္ဘာလတုန္းကဒဏ္ရာရရွိကာအနားယူခဲ့ရၿပီးေနာက္ျပန္လည္ေလ့က်င့္ခန္းဆင္းထားႏိုင္ပါတယ္။အသက္၃၀ႏွစ္ရွိအီဂ်စ္စတားဟာရာသီအစတုန္းကအာဆင္နယ္အတြက္ေျခစြမ္းျပကစားခဲ့သူလည္းျဖစ္ပါတယ္။
သူဟာေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြင္ပြဲထြက္ကစားလာဖို႔မရွိေပမဲ့လည္းအရန္အျဖစ္ကစားလာႏိုင္ဖို႔ရွိပါတယ္။
အသက္၁၈ႏွစ္အ႐ြယ္ရွိဘရာဇီးပါရမီရွင္မာကြင္ဟို႔စ္မွာလည္းၾကားရက္တုန္းကပီအက္စ္ဗြီကိုရႈံးနိမ့္တဲ့ပြဲကိုလြဲေခ်ာ္ခဲ့ေပမဲ့လည္းေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြင္ပါဝင္ရန္အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။
အာဆင္နယ္အတြက္စိုးရိမ္စရာအေကာင္းဆုံးမွာဗဟိုေနာက္ခံလူဂါဘရီရယ္ပါဝင္/မပါဝင္ျဖစ္ပါတယ္။အာတီတာကေတာ့ဗဟိုခံစစ္တြင္ဂါဘရီရယ္ႏွင့္ဆာလီဘာတို႔ကိုတြဲေပးႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။