နော်ဝေတွင် အနားယူစဉ်အတွင်း အသင်းနှင့်အဆက်အသွယ်မပြတ်ရှိနေခဲ့ကြောင်း ဆိုးလ်ရှားပြောကြား

အိုလီဂန်းနားဆိုးလ်ရှားကနော်ဝေသို့သွားရောက်ကာကာလတိုအနားသွားယူစဉ်အတွင်းအသင်းနှင့်လုံးဝအဆက်အသွယ်မပြတ်ခဲ့ကြောင်းပြောကြားလိုက်ပါတယ်။

နောက်ဆုံး၁၂ပွဲတွင်၆ပွဲအထိရှုံးနိမ့်ထားမှုကြောင့်ဖိအားများစွာနှင့်ရင်ဆိုင်နေရတဲ့ဆိုးလ်ရှားဟာနိုင်ငံတကာပွဲကြောင့်လိဂ်နားနေစဉ်အတွင်းမန်ယူကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုတစ်ပတ်ကြာအနားပေးခဲ့ပြီးမွေးရပ်မြေမိုလ်ဒီသို့ပြန်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာဇနီးသည်၊သားနှစ်ဦးတို့နှင့်အတူနော်ဝေသို့သွားရောက်အနားယူကာလာမယ့်တိုက်ပွဲများအတွက်လန်းဆန်းလာအောင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာနော်ဝေတွင်အနားယူစဉ်ကာလအတွင်းတွင်မန်ယူနည်းပြအဖွဲ့ဝင်များနှင့်အဆက်အသွယ်မပြတ်ရှိနေခဲ့ပြီးနိုင်ငံတကာပွဲစဉ်များတွင်ကစားသမားများရဲ့ကစားပုံကိုလည်းစောင့်ကြည့်နေခဲ့ပါတယ်။ဒါ့အပြင်သူဟာလီဗာပူး၊မန်စီးတီးတို့အားရှုံးနိမ့်တဲ့ပွဲကိုပြန်လည်ကြည့်ရှုကာအသင်းရဲ့အားနည်းချက်ရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။

ဆိုးလ်ရှားက “လုံးဝနားလို့မရပါဘူး။လုပ်လို့ရမှာမဟုတ်ပါဘူး။ဘောလုံးနဲ့ပဲရှင်သန်အသက်ရှူရပါမယ်။ဖုန်းကိုနာရီအနည်းငယ်ပိတ်ထားလို့ရမယ်။မိသားစုအချိန်အနည်းငယ်နေလို့ရမယ်။ဒါပေမယ့်နိုင်ငံတကာအဆင့်မှာကစားသမားတွေဘာလုပ်နေလဲဆိုတာကြည့်ရပါမယ်။ကိုယ့်ပွဲတွေကိုအချက်အလက်တွေကနေဆန်းစစ်ရပါမယ်။နည်းပညာကြောင့်ကျွန်တော်တို့အကြားအဆက်အသွယ်မပြတ်ရှိပါတယ်။အခန်းတစ်ခန်းထဲ၊နေရာတစ်ခုတည်းမှာမဟုတ်ပေမယ့်အချို့အရေးပါတဲ့အရာတွေအတွက်အလုပ်ကြိုးစားရတုန်းပါ။ဝန်ထမ်းတွေကလည်း ၂၄/၇အလုပ်လုပ်ကြပါတယ်။သူတို့ဟာတစ်သင်းလုံးတိုးတက်လာဖို့လုပ်ကြတယ်။တနင်္လာနေ့မှာပြန်လာပြီးရက်သတ္တပတ်ကောင်းအတွက်အသင့်ဖြစ်နေခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာယနေ့ညတွင်ဝက်ဖို့ဒ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးကြားရက်မှာစပိန်သို့သွားရောက်ကာဗီလာရီးရဲလ်နှင့်အရေးပါတဲ့ချန်ပီယံလိဂ်အုပ်စုပွဲကစားရပါမယ်။

ဝက်ဖို့ဒ်နှင့်ပွဲတွင်ဒဏ်ရာရရှိနေတဲ့ရာဖေးလ်ဗာရိန်းနှင့်ပေါလ်ပေါ့ဘာတို့ဆက်လက်လွဲချော်မှာဖြစ်ပေမယ့်ခေါင်းမူးဝေမှုကြောင့်အင်္ဂလန်အသင်းမှနုတ်ထွက်ခဲ့တဲ့လုခ်ရှောမှာပါဝင်လာဖို့ရှိပါတယ်။

ZawGyi

ေနာ္ေဝတြင္ အနားယူစဥ္အတြင္း အသင္းႏွင့္အဆက္အသြယ္မျပတ္ရွိေနခဲ့ေၾကာင္း ဆိုးလ္ရွားေျပာၾကား

အိုလီဂန္းနားဆိုးလ္ရွားကေနာ္ေဝသို႔သြားေရာက္ကာကာလတိုအနားသြားယူစဥ္အတြင္းအသင္းႏွင့္လုံးဝအဆက္အသြယ္မျပတ္ခဲ့ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေနာက္ဆုံး၁၂ပြဲတြင္၆ပြဲအထိရႈံးနိမ့္ထားမႈေၾကာင့္ဖိအားမ်ားစြာႏွင့္ရင္ဆိုင္ေနရတဲ့ဆိုးလ္ရွားဟာႏိုင္ငံတကာပြဲေၾကာင့္လိဂ္နားေနစဥ္အတြင္းမန္ယူကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကိုတစ္ပတ္ၾကာအနားေပးခဲ့ၿပီးေမြးရပ္ေျမမိုလ္ဒီသို႔ျပန္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာဇနီးသည္၊သားႏွစ္ဦးတို႔ႏွင့္အတူေနာ္ေဝသို႔သြားေရာက္အနားယူကာလာမယ့္တိုက္ပြဲမ်ားအတြက္လန္းဆန္းလာေအာင္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာေနာ္ေဝတြင္အနားယူစဥ္ကာလအတြင္းတြင္မန္ယူနည္းျပအဖြဲ႕ဝင္မ်ားႏွင့္အဆက္အသြယ္မျပတ္ရွိေနခဲ့ၿပီးႏိုင္ငံတကာပြဲစဥ္မ်ားတြင္ကစားသမားမ်ားရဲ႕ကစားပုံကိုလည္းေစာင့္ၾကည့္ေနခဲ့ပါတယ္။ဒါ့အျပင္သူဟာလီဗာပူး၊မန္စီးတီးတို႔အားရႈံးနိမ့္တဲ့ပြဲကိုျပန္လည္ၾကည့္ရႈကာအသင္းရဲ႕အားနည္းခ်က္ရွာေဖြမႈျပဳလုပ္ခဲ့ပါတယ္။

ဆိုးလ္ရွားက “လုံးဝနားလို႔မရပါဘူး။လုပ္လို႔ရမွာမဟုတ္ပါဘူး။ေဘာလုံးနဲ႔ပဲရွင္သန္အသက္ရႉရပါမယ္။ဖုန္းကိုနာရီအနည္းငယ္ပိတ္ထားလို႔ရမယ္။မိသားစုအခ်ိန္အနည္းငယ္ေနလို႔ရမယ္။ဒါေပမယ့္ႏိုင္ငံတကာအဆင့္မွာကစားသမားေတြဘာလုပ္ေနလဲဆိုတာၾကည့္ရပါမယ္။ကိုယ့္ပြဲေတြကိုအခ်က္အလက္ေတြကေနဆန္းစစ္ရပါမယ္။နည္းပညာေၾကာင့္ကြၽန္ေတာ္တို႔အၾကားအဆက္အသြယ္မျပတ္ရွိပါတယ္။အခန္းတစ္ခန္းထဲ၊ေနရာတစ္ခုတည္းမွာမဟုတ္ေပမယ့္အခ်ိဳ႕အေရးပါတဲ့အရာေတြအတြက္အလုပ္ႀကိဳးစားရတုန္းပါ။ဝန္ထမ္းေတြကလည္း ၂၄/၇အလုပ္လုပ္ၾကပါတယ္။သူတို႔ဟာတစ္သင္းလုံးတိုးတက္လာဖို႔လုပ္ၾကတယ္။တနလၤာေန႔မွာျပန္လာၿပီးရက္သတၱပတ္ေကာင္းအတြက္အသင့္ျဖစ္ေနခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာယေန႔ညတြင္ဝက္ဖို႔ဒ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးၾကားရက္မွာစပိန္သို႔သြားေရာက္ကာဗီလာရီးရဲလ္ႏွင့္အေရးပါတဲ့ခ်န္ပီယံလိဂ္အုပ္စုပြဲကစားရပါမယ္။

ဝက္ဖို႔ဒ္ႏွင့္ပြဲတြင္ဒဏ္ရာရရွိေနတဲ့ရာေဖးလ္ဗာရိန္းႏွင့္ေပါလ္ေပါ့ဘာတို႔ဆက္လက္လြဲေခ်ာ္မွာျဖစ္ေပမယ့္ေခါင္းမူးေဝမႈေၾကာင့္အဂၤလန္အသင္းမွႏုတ္ထြက္ခဲ့တဲ့လုခ္ေရွာမွာပါဝင္လာဖို႔ရွိပါတယ္။