နေးရှင်းလိဂ်ဆီမီးဖိုင်နယ်တွင် စပိန်နှင့်အီတလီ၊ နယ်သာလန်နှင့် ခရိုအေးရှားထိပ်တိုက်တွေ့ဆုံ

စပိန်အသင်းဟာနေးရှင်းလိဂ်ဖလားဆီမီးဖိုင်နယ်တွင်အီတလီနှင့်ထိပ်တိုက်တွေ့ဆုံနေပြီးနယ်သာလန်အသင်းမှာလည်းခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။

နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များကိုဇွန်လ၁၄ရက်နေ့နှင့်၁၅ရက်နေ့တို့တွင်ကစားရမှာဖြစ်ပြီးဗိုလ်လုပွဲကိုရိုသာဒမ်(သို့မဟုတ်)အန်ရှီဒီတွင်ဇွန်လ၁၈ရက်နေ့မှာကစားသွားပါမယ်။

စပိန်ဟာ၂၀၂၁ခုနှစ်နေးရှင်းလိဂ်ဆီမီးဖိုင်နယ်တွင်အီတလီကို၂-၁ဂိုးဖြင့်အနိုင်ယူပြီးဗိုလ်လုပွဲသို့တက်ခဲ့ပေမဲ့ပြင်သစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။

နယ်သာလန်မှာလည်း၂၀၁၉ခုနှစ်တုန်းကဗိုလ်လုပွဲသို့တက်ခဲ့ဖူးပေမဲ့လည်း ပေါ်တူဂီကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi




