နေးရှင်းလိဂ်ဗိုလ်လုပွဲတွင် ပထမပိုင်းတွင်ပင် ဗာရိန်း ဒဏ်ရာရရှိကာ လူစားလဲခဲ့ရ၍ မန်ယူ အထိနာ

မန်ယူဟာစပိန်အားအနိုင်ရရှိတဲ့ပြင်သစ်ရဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲတွင်ရာဖေးလ်ဗာရိန်းဒဏ်ရာရရှိသွားခဲ့မှုနဲ့အတူခံစစ်ပိုင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်နဲ့ကြုံလာရပါတယ်။

အသက်၂၈နှစ်ရှိဗဟိုနောက်ခံလူဟာစပိန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲမှာပွဲထွက်ကစားခဲ့ပြီးပထမပိုင်းမပြီးမီဘယ်သူနဲ့မှထိခိုက်မှုခြင်းမရှိဘဲလဲကျခဲ့ပါတယ်။

ဆေးအဖွဲ့ကကွင်းအတွင်းသို့ဝင်ရောက်ပြီးသူ့ကိုချက်ချင်းဆေးကုသမှုပြုလုပ်ခဲ့ပေမယ့် ဆက်ကစားနိုင်ခြင်းမရှိဘဲဘိုင်ယန်မြူးနစ်နောက်ခံလူဒါယော့အူပါမီကာနိုနှင့်လူစားလဲခဲ့ရပါတယ်။

မန်ယူဟာလာမယ့်စနေနေ့တွင်လက်စတာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်အချိန်မှာဗာရိန်းရဲ့ဒဏ်ရာအခြေအနေဘယ်လိုဖြစ်လာမယ်ဆိုတာစိုးရိမ်တကြီးစောင့်ဆိုင်းနေရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရီးရဲလ်မက်ဒရစ်မှပြောင်းလာတဲ့ဗာရိန်းဟာယခုရာသီမှာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၇ပွဲကစားထားပါတယ်။

လက်ရှိအချိန်တွင်ဆိုးလ်ရှားဟာအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကိုလည်းဒဏ်ရာပြဿနာကြောင့်ဆုံးရှုံးထားရတာကြောင့် လာမယ့်ပွဲစဉ်များမှာလင်ဒီလော့အား အဲရစ်ဘိုင်လီ(သို့မဟုတ်)ဖီးလ်ဂျုံးစ်ကိုအသုံးပြုသွားရဖို့ရှိနေပါတယ်။

ZawGyi

ေနးရွင္းလိဂ္ဗိုလ္လုပြဲတြင္ ပထမပိုင္းတြင္ပင္ ဗာရိန္း ဒဏ္ရာရရွိကာ လူစားလဲခဲ့ရ၍ မန္ယူ အထိနာ

မန္ယူဟာစပိန္အားအႏိုင္ရရွိတဲ့ျပင္သစ္ရဲ႕ေနးရွင္းလိဂ္ဗိုလ္လုပြဲတြင္ရာေဖးလ္ဗာရိန္းဒဏ္ရာရရွိသြားခဲ့မႈနဲ႔အတူခံစစ္ပိုင္းအတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္နဲ႔ႀကဳံလာရပါတယ္။

အသက္၂၈ႏွစ္ရွိဗဟိုေနာက္ခံလူဟာစပိန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ေနးရွင္းလိဂ္ဗိုလ္လုပြဲမွာပြဲထြက္ကစားခဲ့ၿပီးပထမပိုင္းမၿပီးမီဘယ္သူနဲ႔မွထိခိုက္မႈျခင္းမရွိဘဲလဲက်ခဲ့ပါတယ္။

ေဆးအဖြဲ႕ကကြင္းအတြင္းသို႔ဝင္ေရာက္ၿပီးသူ႔ကိုခ်က္ခ်င္းေဆးကုသမႈျပဳလုပ္ခဲ့ေပမယ့္ ဆက္ကစားႏိုင္ျခင္းမရွိဘဲဘိုင္ယန္ျမဴးနစ္ေနာက္ခံလူဒါေယာ့အူပါမီကာႏိုႏွင့္လူစားလဲခဲ့ရပါတယ္။

မန္ယူဟာလာမယ့္စေနေန႔တြင္လက္စတာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္အခ်ိန္မွာဗာရိန္းရဲ႕ဒဏ္ရာအေျခအေနဘယ္လိုျဖစ္လာမယ္ဆိုတာစိုးရိမ္တႀကီးေစာင့္ဆိုင္းေနရပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ရီးရဲလ္မက္ဒရစ္မွေျပာင္းလာတဲ့ဗာရိန္းဟာယခုရာသီမွာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၇ပြဲကစားထားပါတယ္။

လက္ရွိအခ်ိန္တြင္ဆိုးလ္ရွားဟာအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကိုလည္းဒဏ္ရာျပႆနာေၾကာင့္ဆုံးရႈံးထားရတာေၾကာင့္ လာမယ့္ပြဲစဥ္မ်ားမွာလင္ဒီေလာ့အား အဲရစ္ဘိုင္လီ(သို႔မဟုတ္)ဖီးလ္ဂ်ဳံးစ္ကိုအသုံးျပဳသြားရဖို႔ရွိေနပါတယ္။