နံနက် ၂ နာရီအချိန်တွင် နိုက်ကလပ်တစ်ခုမှာ ဘရိုက်တန်စတားဘစ်ဆူမာ ဖမ်းဆီးထိန်းသိမ်းခံရ

ပရီးမီးယားလိဂ်စတားအိဗ်ဘစ်ဆူမာဟာဗုဒ္ဓဟူးနေ့နံနက်ပိုင်းတုန်းကနိုက်ကလပ်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များရဲ့လက်ထိပ်ခတ်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးကလပ်တိုင်းရဲ့အလိုရှိခြင်းခံနေရတဲ့အသက်၂၅နှစ်ရှိအလယ်တန်းကစားသမားဟာဘရိုက်တန်တွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးအချုပ်ခန်းအတွင်းတွင်တစ်နေ့တာနေထိုင်ခဲ့ရပါတယ်။

ကလပ်သို့လာရောက်သူများဟာပရီးမီးယားလိဂ်စတားကိုရဲတပ်ဖွဲ့ဝင်များက The Arch အမည်ရှိနိုက်ကလပ်တွင်လက်ထိပ်ခတ်ဖမ်းဆီးထိန်းသိမ်းသွားမှုကြောင့်အကြီးအကျယ်တုန်လှုပ်ခဲ့ကြရပါတယ်။

နိုက်ကလပ်သို့လာရောက်ခဲ့သူတစ်ဦးက “အဲဒီညကကျောင်းသားတွေလာလေ့ရှိတဲ့ညလေ။အထူးသဖြင့်ကျောင်းသားသစ်တွေပေါ့။လူတွေကလည်းကလပ်မှာဘစ်ဆူမာရှိတယ်ဆိုတော့ တွေ့ချင်နေကြတာ။သူကအခုအချိန်မှာဘရိုက်တန်ရဲ့အကောင်းဆုံးကစားသမားလေ။လူတိုင်းကသူ့ကိုစောင့်ကြည့်နေကြတာ။နောက်ပိုင်းကျတော့သူ့ကိုကလပ်အပြင်ဘက်မှာလက်ထိပ်ခတ်ပြီးဖမ်းခေါ်သွားတော့အားလုံးတုန်လှုပ်ခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။

ဖမ်းဆီးခံရချိန်တွင်ဘစ်ဆူမာဟာခေါင်းစွပ်ပါအင်္ကျီဝတ်ဆင်ထားပြီးသူနဲ့အတူ အသက်၄၀နှစ်ဝန်းကျင်လူတစ်ဦးလည်းဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ကဆစ်ဆူမာနဲ့အခြားသူတစ်ဦးကိုအမျိုးသမီးတစ်ဦးအားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်းအတည်ပြုထားပါတယ်။

ZawGyi

နံနက္ ၂ နာရီအခ်ိန္တြင္ ႏိုက္ကလပ္တစ္ခုမွာ ဘ႐ိုက္တန္စတားဘစ္ဆူမာ ဖမ္းဆီးထိန္းသိမ္းခံရ

ပရီးမီးယားလိဂ္စတားအိဗ္ဘစ္ဆူမာဟာဗုဒၶဟူးေန႔နံနက္ပိုင္းတုန္းကႏိုက္ကလပ္တစ္ခုတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕လက္ထိပ္ခတ္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ထိပ္သီးကလပ္တိုင္းရဲ႕အလိုရွိျခင္းခံေနရတဲ့အသက္၂၅ႏွစ္ရွိအလယ္တန္းကစားသမားဟာဘ႐ိုက္တန္တြင္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးအခ်ဳပ္ခန္းအတြင္းတြင္တစ္ေန႔တာေနထိုင္ခဲ့ရပါတယ္။

ကလပ္သို႔လာေရာက္သူမ်ားဟာပရီးမီးယားလိဂ္စတားကိုရဲတပ္ဖြဲ႕ဝင္မ်ားက The Arch အမည္ရွိႏိုက္ကလပ္တြင္လက္ထိပ္ခတ္ဖမ္းဆီးထိန္းသိမ္းသြားမႈေၾကာင့္အႀကီးအက်ယ္တုန္လႈပ္ခဲ့ၾကရပါတယ္။

ႏိုက္ကလပ္သို႔လာေရာက္ခဲ့သူတစ္ဦးက “အဲဒီညကေက်ာင္းသားေတြလာေလ့ရွိတဲ့ညေလ။အထူးသျဖင့္ေက်ာင္းသားသစ္ေတြေပါ့။လူေတြကလည္းကလပ္မွာဘစ္ဆူမာရွိတယ္ဆိုေတာ့ ေတြ႕ခ်င္ေနၾကတာ။သူကအခုအခ်ိန္မွာဘ႐ိုက္တန္ရဲ႕အေကာင္းဆုံးကစားသမားေလ။လူတိုင္းကသူ႔ကိုေစာင့္ၾကည့္ေနၾကတာ။ေနာက္ပိုင္းက်ေတာ့သူ႔ကိုကလပ္အျပင္ဘက္မွာလက္ထိပ္ခတ္ၿပီးဖမ္းေခၚသြားေတာ့အားလုံးတုန္လႈပ္ခဲ့ၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ဖမ္းဆီးခံရခ်ိန္တြင္ဘစ္ဆူမာဟာေခါင္းစြပ္ပါအက်ႌဝတ္ဆင္ထားၿပီးသူနဲ႔အတူ အသက္၄၀ႏွစ္ဝန္းက်င္လူတစ္ဦးလည္းဖမ္းဆီးျခင္းခံခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ကဆစ္ဆူမာနဲ႔အျခားသူတစ္ဦးကိုအမ်ိဳးသမီးတစ္ဦးအားလိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈျဖင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရေၾကာင္းအတည္ျပဳထားပါတယ္။