
ထောင်ပေါင်းများစွာအာဂျင်တီးနားပြည်သူများဟာအင်္ဂါနေ့နံနက်ပိုင်းအချိန်တွင်ဗျူနိုအေးရိစ်သို့ရောက်လာတဲ့ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းသားတို့ကိုကြိုဆိုမှုပြုလုပ်ခဲ့ကြပါတယ်။
နံနက်၃နာရီဝန်းကျင်အချိန်တွင်ဗျူနိုအေးရိစ်သို့ရောက်လာတဲ့အာဂျင်တီးနားအသင်းကိုသယ်ဆောင်လာတဲ့လေယာဉ်ပေါ်မှ ပထမဆုံးထွက်လာတဲ့ကစားသမားမှာလီယွန်နယ်မက်ဆီဖြစ်ပါတယ်။ပရိသတ်များနှင့်မီဒီယာများဟာအဝေးမှကြည့်နေခဲ့ရပြီးမက်ဆီနှင့်နည်းပြစကာလိုနီတို့ကမ္ဘာ့ဖလားကိုအတူမကလေယာဉ်မှထွက်ခွာလာခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းသားတို့ဟာဗျူနိုအေးရိစ်ရှိEzeiza International Airport ခေတ္တမျှသာနေပြီးနောက်အမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်ခဲ့ကြပြီးထောင်ပေါင်းများစွာသောပရိသတ်များကကြိုဆိုခဲ့ကြပါတယ်။
အာဂျင်တီးနားအစိုးရကလည်းယနေ့အင်္ဂါနေ့ကိုကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံနိုင်ရန်အတွက်အစိုးရရိုးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။
အာဂျင်တီးနားကစားသမားတို့ကိုသယ်ဆောင်လာတဲ့လေယာဉ်ဟာဗျူနိုအေးရိစ်သို့ နံနက်၂နာရီ၊၂၇မိနစ်တွင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အာဂျင်တီးနားကစားသမားတို့ဟာလေယာဉ်ပေါ်တွင်အောင်ပွဲခံရင်းလိုက်ပါလာခဲ့ကြတာလည်းဖြစ်ပါတယ်။
ZawGyi
နံနက္ ၂ နာရီအခ်ိန္တြင္ ဗ်ဴႏိုေအးရိစ္သို႔ ေရာက္လာတဲ့ ကမာၻ႔ဖလားခ်န္ပီယံအာဂ်င္တီးနားကို လူပင္လယ္ႀကီးျဖင့္ ႀကိဳဆို
ေထာင္ေပါင္းမ်ားစြာအာဂ်င္တီးနားျပည္သူမ်ားဟာအဂၤါေန႔နံနက္ပိုင္းအခ်ိန္တြင္ဗ်ဴႏိုေအးရိစ္သို႔ေရာက္လာတဲ့ကမာၻ႔ဖလားခ်န္ပီယံအာဂ်င္တီးနားအသင္းသားတို႔ကိုႀကိဳဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။
နံနက္၃နာရီဝန္းက်င္အခ်ိန္တြင္ဗ်ဴႏိုေအးရိစ္သို႔ေရာက္လာတဲ့အာဂ်င္တီးနားအသင္းကိုသယ္ေဆာင္လာတဲ့ေလယာဥ္ေပၚမွ ပထမဆုံးထြက္လာတဲ့ကစားသမားမွာလီယြန္နယ္မက္ဆီျဖစ္ပါတယ္။ပရိသတ္မ်ားႏွင့္မီဒီယာမ်ားဟာအေဝးမွၾကည့္ေနခဲ့ရၿပီးမက္ဆီႏွင့္နည္းျပစကာလိုနီတို႔ကမာၻ႔ဖလားကိုအတူမကေလယာဥ္မွထြက္ခြာလာခဲ့ၾကပါတယ္။
အာဂ်င္တီးနားအသင္းသားတို႔ဟာဗ်ဴႏိုေအးရိစ္ရွိEzeiza International Airport ေခတၱမွ်သာေနၿပီးေနာက္အမိုးဖြင့္ဘတ္စ္ကားျဖင့္လွည့္လည္ခဲ့ၾကၿပီးေထာင္ေပါင္းမ်ားစြာေသာပရိသတ္မ်ားကႀကိဳဆိုခဲ့ၾကပါတယ္။
အာဂ်င္တီးနားအစိုးရကလည္းယေန႔အဂၤါေန႔ကိုကမာၻ႔ဖလားခ်န္ပီယံေအာင္ပြဲခံႏိုင္ရန္အတြက္အစိုးရ႐ိုးပိတ္ရက္အျဖစ္သတ္မွတ္ထားပါတယ္။
အာဂ်င္တီးနားကစားသမားတို႔ကိုသယ္ေဆာင္လာတဲ့ေလယာဥ္ဟာဗ်ဴႏိုေအးရိစ္သို႔ နံနက္၂နာရီ၊၂၇မိနစ္တြင္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။အာဂ်င္တီးနားကစားသမားတို႔ဟာေလယာဥ္ေပၚတြင္ေအာင္ပြဲခံရင္းလိုက္ပါလာခဲ့ၾကတာလည္းျဖစ္ပါတယ္။