နံပါတ်တစ်ဂိုးသမားနေရာမှာ ဖယ်ရှားမှုအတွက် ရှင်းလင်းချက်မပေးတဲ့ အာတီတာကို လီနိုဝေဖန်

အာဆင်နယ်ဂိုးသမားဘန်းလီနိုဟာနံပါတ်တစ်ဂိုးသမားနေရာမှဖယ်ရှားလိုက်မှုအပေါ်အကြောင်းပြချက်တစ်စုံတစ်ရာမပေးတဲ့ နည်းပြမီခေးလ်အာတီတာအားဝေဖန်ပြောကြားလိုက်ပါတယ်။

အသက်၂၉နှစ်ရှိဂျာမနီဂိုးသမားဟာအာဆင်နယ်ရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲသုံးပွဲဆက်တိုက်နေရာပျောက်နေခဲ့သူဖြစ်ပြီးနံပါတ်တစ်ဂိုးသမားနေရာအားရမ်ဒဲလ်ကိုလွဲပြောင်းပေးထားရပါတယ်။

လီနိုက “ကျွန်တော့်ကိုဘာကြောင့်ဖယ်ရှားလိုက်သလဲဆိုတာရှင်းလင်းတဲ့အကြောင်းပြချက်မပေးပါဘူး။ကျွန်တော့်လက်စွမ်းနဲ့ဘာမှမဆိုင်သလိုပါပဲ။အာတီတာကနည်းပြပါ။သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။အခုကျွန်တော့်အခြေအနေကခက်ခဲနေပါတယ်”လို့ပြောကြားသွားပါတယ်။

အာတီတာဟာနော့ဝှစ်ချ်၊ဘန်လေ၊စပါးစ်တို့အားအနိုင်ရရှိတဲ့ပရီးမီးယားလိဂ်ပွဲစဉ်များတွင်နွေရာသီတုန်းကခေါ်ယူထားတဲ့ရမ်ဒဲလ်ကိုပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုခဲ့ပါတယ်။

အာတီတာဟာရမ်ဒဲလ်ကိုဦးစားပေးအဖြစ်အသုံးပြုနေပေမယ့်နံပါတ်တစ်ဂိုးသမားအဖြစ်ရွေးချယ်လိုက်ပြီဖြစ်ကြောင်းလူသိရှင်ကြားပြောကြားခြင်းတော့မရှိသေးပါဘူး။

လီနိုဟာအာဆင်နယ်နှင့်စာချုပ်၂နှစ်သက်တမ်းကျန်နေသေးပေမယ့်လည်းလာမယ့်ပွဲများတွင်လည်းနေရာဆက်ပျောက်ပါကဇန်နဝါရီတွင်ထွက်ခွာသွားဖို့ရှိပါတယ်။

ZawGyi

နံပါတ္တစ္ဂိုးသမားေနရာမွာ ဖယ္ရွားမႈအတြက္ ရွင္းလင္းခ်က္မေပးတဲ့ အာတီတာကို လီႏိုေဝဖန္

အာဆင္နယ္ဂိုးသမားဘန္းလီႏိုဟာနံပါတ္တစ္ဂိုးသမားေနရာမွဖယ္ရွားလိုက္မႈအေပၚအေၾကာင္းျပခ်က္တစ္စုံတစ္ရာမေပးတဲ့ နည္းျပမီေခးလ္အာတီတာအားေဝဖန္ေျပာၾကားလိုက္ပါတယ္။

အသက္၂၉ႏွစ္ရွိဂ်ာမနီဂိုးသမားဟာအာဆင္နယ္ရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲသုံးပြဲဆက္တိုက္ေနရာေပ်ာက္ေနခဲ့သူျဖစ္ၿပီးနံပါတ္တစ္ဂိုးသမားေနရာအားရမ္ဒဲလ္ကိုလြဲေျပာင္းေပးထားရပါတယ္။

လီႏိုက “ကြၽန္ေတာ့္ကိုဘာေၾကာင့္ဖယ္ရွားလိုက္သလဲဆိုတာရွင္းလင္းတဲ့အေၾကာင္းျပခ်က္မေပးပါဘူး။ကြၽန္ေတာ့္လက္စြမ္းနဲ႔ဘာမွမဆိုင္သလိုပါပဲ။အာတီတာကနည္းျပပါ။သူ႔မွာဆုံးျဖတ္ပိုင္ခြင့္ရွိတယ္။အခုကြၽန္ေတာ့္အေျခအေနကခက္ခဲေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာတီတာဟာေနာ့ဝွစ္ခ်္၊ဘန္ေလ၊စပါးစ္တို႔အားအႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မ်ားတြင္ေႏြရာသီတုန္းကေခၚယူထားတဲ့ရမ္ဒဲလ္ကိုပြဲထြက္ဂိုးသမားအျဖစ္အသုံးျပဳခဲ့ပါတယ္။

အာတီတာဟာရမ္ဒဲလ္ကိုဦးစားေပးအျဖစ္အသုံးျပဳေနေပမယ့္နံပါတ္တစ္ဂိုးသမားအျဖစ္ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ေၾကာင္းလူသိရွင္ၾကားေျပာၾကားျခင္းေတာ့မရွိေသးပါဘူး။

လီႏိုဟာအာဆင္နယ္ႏွင့္စာခ်ဳပ္၂ႏွစ္သက္တမ္းက်န္ေနေသးေပမယ့္လည္းလာမယ့္ပြဲမ်ားတြင္လည္းေနရာဆက္ေပ်ာက္ပါကဇန္နဝါရီတြင္ထြက္ခြာသြားဖို႔ရွိပါတယ္။