နံပါတ်တစ်ဂိုးသမားပစ်မှတ်အတွက် ဒီဂီယာကို အလိုက်ပေးကမ်းလှမ်းလာမယ့် သရဲနီ

မန်ယူဟာယခုနွေရာသီမှာသူတို့ရဲ့နံပါတ်တစ်ဂိုးသမားပစ်မှတ်အားခေါ်ယူနိုင်ရေးအတွက်လက်ရှိနံပါတ်တစ်ဂိုးသမားဒေးဗစ်ဒီဂီယာအားအလိုက်ပေးကမ်းလှမ်းမှုပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

လက်ရှိကမ္ဘာ့နံပါတ်တစ်ဂိုးသမားအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့အက်သလက်တီကိုရဲ့ဂျန်အိုဘလက်ဟာအိုလီဂန်းနားဆိုးလ်ရှားရဲ့နံပါတ်တစ်ဂိုးသမားပစ်မှတ်ဖြစ်နေပါတယ်။၎င်းတို့ဟာဒီဂီယာအပြင်ငွေသားပါပေးပြီးဂျန်အိုဘလက်အားကမ်းလှမ်းရန်စီစဉ်ထားတာပါ။

အိုဘလက်မှာအသက်၃၀နှစ်ရှိဒီဂီယာထက်၂နှစ်သာငယ်သူဖြစ်ပြီး၂၀၁၄ခုနှစ်တွင်အက်သလက်တီကိုသို့ရောက်လာပြီးနောက်ကလပ်ရဲ့အောင်မြင်မှုများတွင်အဓိကနေရာမှပါဝင်လာခဲ့သူလည်းဖြစ်ပါတယ်။

ဒီဂီယာဟာဗီလာရီးရဲလ်အားရှုံးနိမ့်တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ပြိုင်ဘက်ရဲ့ပင်နယ်တီ၁၁ကြိမ်လုံးအားကာကွယ်နိုင်ခြင်းမရှိမှုနဲ့အတူအကြီးအကျယ်ဝေဖန်မှုများခံနေရပါတယ်။

မန်ယူဟာအသက်၂၄နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဂိုးသမားဒိန်းဟင်ဒါဆင်ကိုလာမယ့်ရာသီသစ်တွင်နံပါတ်တစ်ဂိုးသမားအဖြစ်နေရာပေးရန်စဉ်းစားခဲ့သော်လည်းယခုအခါအိုဘလက်ကိုဒီဂီယာအားအလိုက်ပေးကမ်းလှမ်းရန်စီစဉ်နေပြီဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာအိုဘလက်ကိုကြမ်းခင်းဈေးပေါင်၇၅သန်းသတ်မှတ်ထားသော်လည်းဒီဂီယာကိုအလိုက်ပေးမှုကြောင့်မန်ယူအနေဖြင့်ပြောင်းရွှေ့ကြေးပေးရမှုသက်သာလာပါမယ်။

ဒါပေမယ့်ဒီဂီယာရဲ့တစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀မှာအက်သလက်တီကိုအတွက်ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်လာဖို့လည်းရှိနေပါတယ်။

ZawGyi

နံပါတ္တစ္ဂိုးသမားပစ္မွတ္အတြက္ ဒီဂီယာကို အလိုက္ေပးကမ္းလွမ္းလာမယ့္ သရဲနီ

မန္ယူဟာယခုေႏြရာသီမွာသူတို႔ရဲ႕နံပါတ္တစ္ဂိုးသမားပစ္မွတ္အားေခၚယူႏိုင္ေရးအတြက္လက္ရွိနံပါတ္တစ္ဂိုးသမားေဒးဗစ္ဒီဂီယာအားအလိုက္ေပးကမ္းလွမ္းမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

လက္ရွိကမာၻ႔နံပါတ္တစ္ဂိုးသမားအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့အက္သလက္တီကိုရဲ႕ဂ်န္အိုဘလက္ဟာအိုလီဂန္းနားဆိုးလ္ရွားရဲ႕နံပါတ္တစ္ဂိုးသမားပစ္မွတ္ျဖစ္ေနပါတယ္။၎တို႔ဟာဒီဂီယာအျပင္ေငြသားပါေပးၿပီးဂ်န္အိုဘလက္အားကမ္းလွမ္းရန္စီစဥ္ထားတာပါ။

အိုဘလက္မွာအသက္၃၀ႏွစ္ရွိဒီဂီယာထက္၂ႏွစ္သာငယ္သူျဖစ္ၿပီး၂၀၁၄ခုႏွစ္တြင္အက္သလက္တီကိုသို႔ေရာက္လာၿပီးေနာက္ကလပ္ရဲ႕ေအာင္ျမင္မႈမ်ားတြင္အဓိကေနရာမွပါဝင္လာခဲ့သူလည္းျဖစ္ပါတယ္။

ဒီဂီယာဟာဗီလာရီးရဲလ္အားရႈံးနိမ့္တဲ့ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ၿပိဳင္ဘက္ရဲ႕ပင္နယ္တီ၁၁ႀကိမ္လုံးအားကာကြယ္ႏိုင္ျခင္းမရွိမႈနဲ႔အတူအႀကီးအက်ယ္ေဝဖန္မႈမ်ားခံေနရပါတယ္။

မန္ယူဟာအသက္၂၄ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ဂိုးသမားဒိန္းဟင္ဒါဆင္ကိုလာမယ့္ရာသီသစ္တြင္နံပါတ္တစ္ဂိုးသမားအျဖစ္ေနရာေပးရန္စဥ္းစားခဲ့ေသာ္လည္းယခုအခါအိုဘလက္ကိုဒီဂီယာအားအလိုက္ေပးကမ္းလွမ္းရန္စီစဥ္ေနၿပီျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ဟာအိုဘလက္ကိုၾကမ္းခင္းေဈးေပါင္၇၅သန္းသတ္မွတ္ထားေသာ္လည္းဒီဂီယာကိုအလိုက္ေပးမႈေၾကာင့္မန္ယူအေနျဖင့္ေျပာင္းေ႐ႊ႕ေၾကးေပးရမႈသက္သာလာပါမယ္။

ဒါေပမယ့္ဒီဂီယာရဲ႕တစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀မွာအက္သလက္တီကိုအတြက္ႀကီးမားတဲ့အတားအဆီးတစ္ခုျဖစ္လာဖို႔လည္းရွိေနပါတယ္။