နံပါတ် ၁ ဂိုးသမားအဖြစ် ကစားလို၍ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ဘူဖွန်ပယ်ချ

ဂျီယန်လူဂီဘူဖွန်ဟာနံပါတ်၁ဂိုးသမားအဖြစ်သာကစားခွင့်ရရှိလိုမှုကြောင့်ဘာစီလိုနာရဲ့ကမ်းလှမ်းမှုအားပယ်ချခဲ့ကြောင်းသိရပါတယ်။

အီတလီဂန္ထဝင်ဂိုးသမားဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာထွက်ခွာလာခဲ့သူဖြစ်ပြီးဥရောပတလွှားမှကလပ်အမြောက်အမြားတို့ရဲ့ကမ်းလှမ်းမှုရရှိထားပါတယ်။

ဘူဖွန်ကိုကမ်းလှမ်းတဲ့ကလပ်တွေထဲမှာဘာစီလိုနာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါပေမယ့်ဘူဖွန်ဟာနံပါတ်၁ဂိုးသမားမာ့ခ်အင်ဒရေတာစတီဂန်ရဲ့အရန်အဖြစ်သာကစားခွင့်ရရှိမှာဖြစ်လို့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။

ဘူဖွန်ဟာအသက်၄၃နှစ်ရှိပြီဖြစ်ပေမယ့်ကစားသမားဘဝမှအနားယူရန်ဆန္ဒမရှိသေးဘဲပရော်ဖက်ရှင်နယ်ကစားသမားဘဝ၂၆ကြိမ်မြောက်ရာသီအားကျင်လည်ရန်ဆုံးဖြတ်ထားပါတယ်။

ဘူဖွန်ဟာလာမယ့်၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကစားလိုမှုနဲ့အတူလာမယ့်ဘောလုံးရာသီတွင်နံပါတ်၁ဂိုးသမားအဖြစ်ကစားလိုနေတာလည်းဖြစ်ပါတယ်။

ဘူဖွန်ဟာကစားသမားဘဝအတွင်းမှာစီးရီးအေဖလား၁၀ကြိမ်၊လီဂူး၁ဖလား ၁ကြိမ်၊ကိုပါအီတာလီယာဖလား၅ကြိမ်ဆွတ်ခူးထားပါတယ်။သူဟာအီတလီအတွက်၁၇၆ပွဲကစားကာ၂၀၀၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

နံပါတ္ ၁ ဂိုးသမားအျဖစ္ ကစားလို၍ ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈကို ဘူဖြန္ပယ္ခ်

ဂ်ီယန္လူဂီဘူဖြန္ဟာနံပါတ္၁ဂိုးသမားအျဖစ္သာကစားခြင့္ရရွိလိုမႈေၾကာင့္ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈအားပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

အီတလီဂႏၴဝင္ဂိုးသမားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးကာထြက္ခြာလာခဲ့သူျဖစ္ၿပီးဥေရာပတလႊားမွကလပ္အေျမာက္အျမားတို႔ရဲ႕ကမ္းလွမ္းမႈရရွိထားပါတယ္။

ဘူဖြန္ကိုကမ္းလွမ္းတဲ့ကလပ္ေတြထဲမွာဘာစီလိုနာလည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။ဒါေပမယ့္ဘူဖြန္ဟာနံပါတ္၁ဂိုးသမားမာ့ခ္အင္ဒေရတာစတီဂန္ရဲ႕အရန္အျဖစ္သာကစားခြင့္ရရွိမွာျဖစ္လို႔ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ပါတယ္။

ဘူဖြန္ဟာအသက္၄၃ႏွစ္ရွိၿပီျဖစ္ေပမယ့္ကစားသမားဘဝမွအနားယူရန္ဆႏၵမရွိေသးဘဲပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ၂၆ႀကိမ္ေျမာက္ရာသီအားက်င္လည္ရန္ဆုံးျဖတ္ထားပါတယ္။

ဘူဖြန္ဟာလာမယ့္၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကစားလိုမႈနဲ႔အတူလာမယ့္ေဘာလုံးရာသီတြင္နံပါတ္၁ဂိုးသမားအျဖစ္ကစားလိုေနတာလည္းျဖစ္ပါတယ္။

ဘူဖြန္ဟာကစားသမားဘဝအတြင္းမွာစီးရီးေအဖလား၁၀ႀကိမ္၊လီဂူး၁ဖလား ၁ႀကိမ္၊ကိုပါအီတာလီယာဖလား၅ႀကိမ္ဆြတ္ခူးထားပါတယ္။သူဟာအီတလီအတြက္၁၇၆ပြဲကစားကာ၂၀၀၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။