နံရိုးကျိုးဒဏ်ရာဖြင့် အင်္ဂလန်ရဲ့အရေးပါတဲ့ ပွဲသုံးပွဲကို ကစားခဲ့တဲ့ သူရဲကောင်းလုခ်ရှော

လုခ်ရှောဟာနံရိုးကျိုးဒဏ်ရာရရှိနေလျက်ဖြင့်ပင်အင်္ဂလန်ရဲ့ယူရို၂၀၂၀ရှုံးပွဲပွဲသုံးပွဲကို နံရိုးကျိုးဒဏ်ရာဖြင့်သမိုင်းတွင်စရာကောင်းအောင်ပါဝင်ကစားခဲ့ပါတယ်။

အသက်၂၆နှစ်ရှိမန်ယူဘယ်နောက်ခံလူဟာဝင်ဘာလေကွင်းတွင်ခရိုအေးရှားကိုအနိုင်ရရှိတဲ့ယူရိုအုပ်စုအဖွင့်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။

ဒါပေမယ့်လုခ်ရှောဟာယင်းနောက်ပိုင်းပွဲအားလုံးမှာဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာပွဲထွက်ကစားခဲ့ရပါတယ်။

သူဟာအင်္ဂလန်အသင်း ယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်အဓိကနေရာမှခြေစွမ်းပြကစားနိုင်မှုကြောင့်ရောဘတ်တိုကားလို့စ်နှင့်နှိုင်းယှဉ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာအထူးခြေစွမ်းပြကစားနိုင်ခဲ့တဲ့ယူကရိန်းအားအနိုင်ရရှိတဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွင်လူစားလဲမှုခံခဲ့ရပါတယ်။

ဒါပေမယ့်သူဟာဒိန်းမတ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမိနစ်၁၂၀ကစားခဲ့ပါတယ်။ဒါ့အပြင်သူဟာအီတလီနှင့်ဗိုလ်လုပွဲတွင်လည်းပွဲထွက်ကစားပြီးပွဲအစ၂မိနစ်တွင်ပင်ဦးဆောင်ဂိုးသွင်းခဲ့ပါသေးတယ်။

The Daily Telegraph ရဲ့ဖော်ပြချက်အရဘယ်နောက်ခံလူဟာဝင်ဘာလေကွင်းမှာဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာနံရိုးဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင်ယင်းသတင်းစာကမန်ယူအသင်းတာဝန်ရှိသူများဟာဒဏ်ရာအခြေအနေကိုဆန်းစစ်မှုပြုလုပ်ရန်အတွက်သူ့ကိုကာရင်တန်လေ့ကျင့်ရေးကွင်းသို့ပြန်လည်ခေါ်ယူလိုနေကြောင်းလည်းဖော်ပြသွားပါတယ်။

လက်ရှိအချိန်တွင်လုခ်ရှောဟာဂရိတွင်အပန်းဖြေအနားယူလျက်ရှိပါတယ်။

ZawGyi

နံ႐ိုးက်ိဳးဒဏ္ရာျဖင့္ အဂၤလန္ရဲ႕အေရးပါတဲ့ ပြဲသုံးပြဲကို ကစားခဲ့တဲ့ သူရဲေကာင္းလုခ္ေရွာ

လုခ္ေရွာဟာနံ႐ိုးက်ိဳးဒဏ္ရာရရွိေနလ်က္ျဖင့္ပင္အဂၤလန္ရဲ႕ယူ႐ို၂၀၂၀ရႈံးပြဲပြဲသုံးပြဲကို နံ႐ိုးက်ိဳးဒဏ္ရာျဖင့္သမိုင္းတြင္စရာေကာင္းေအာင္ပါဝင္ကစားခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိမန္ယူဘယ္ေနာက္ခံလူဟာဝင္ဘာေလကြင္းတြင္ခ႐ိုေအးရွားကိုအႏိုင္ရရွိတဲ့ယူ႐ိုအုပ္စုအဖြင့္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။

ဒါေပမယ့္လုခ္ေရွာဟာယင္းေနာက္ပိုင္းပြဲအားလုံးမွာေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းမွာပြဲထြက္ကစားခဲ့ရပါတယ္။

သူဟာအဂၤလန္အသင္း ယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္အဓိကေနရာမွေျခစြမ္းျပကစားႏိုင္မႈေၾကာင့္ေရာဘတ္တိုကားလို႔စ္ႏွင့္ႏႈိင္းယွဥ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာအထူးေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ယူကရိန္းအားအႏိုင္ရရွိတဲ့ကြာတားဖိုင္နယ္ပြဲစဥ္တြင္လူစားလဲမႈခံခဲ့ရပါတယ္။

ဒါေပမယ့္သူဟာဒိန္းမတ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမိနစ္၁၂၀ကစားခဲ့ပါတယ္။ဒါ့အျပင္သူဟာအီတလီႏွင့္ဗိုလ္လုပြဲတြင္လည္းပြဲထြက္ကစားၿပီးပြဲအစ၂မိနစ္တြင္ပင္ဦးေဆာင္ဂိုးသြင္းခဲ့ပါေသးတယ္။

The Daily Telegraph ရဲ႕ေဖာ္ျပခ်က္အရဘယ္ေနာက္ခံလူဟာဝင္ဘာေလကြင္းမွာဂ်ာမနီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာနံ႐ိုးဒဏ္ရာရရွိခဲ့ေၾကာင္းေဖာ္ျပသြားခဲ့ပါတယ္။

ဒါ့အျပင္ယင္းသတင္းစာကမန္ယူအသင္းတာဝန္ရွိသူမ်ားဟာဒဏ္ရာအေျခအေနကိုဆန္းစစ္မႈျပဳလုပ္ရန္အတြက္သူ႔ကိုကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ျပန္လည္ေခၚယူလိုေနေၾကာင္းလည္းေဖာ္ျပသြားပါတယ္။

လက္ရွိအခ်ိန္တြင္လုခ္ေရွာဟာဂရိတြင္အပန္းေျဖအနားယူလ်က္ရွိပါတယ္။