နံရိုးကျိုးဒဏ်ရာရခဲ့ပေမယ့် ဘရာဇီးအတွက် အကိုက်အခဲပျောက်ဆေးထိုးကာ ကစားခဲ့တဲ့ ရီချက်လီဆင်

အဲဗာတန်စတားရီချက်လီဆင်ဟာဒဏ်ရာပြဿနာများကြုံနေရပေမယ့်လည်းအကိုက်အခဲပျောက်ဆေးထိုးကာပွဲများကစားနေကြောင်းသိရပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာအဲဗာတန်နှင့်ခက်ခဲတဲ့ပရီးမီးယားလိဂ်ရာသီကိုကျော်ဖြတ်ပြီးနောက်နွေရာသီတုန်းကကိုပါအမေရိကနှင့်တိုကျိုအိုလံပစ်ပြိုင်ပွဲတို့ကိုဆက်တိုက်ကစားခဲ့ပါတယ်။

အသက်၂၄နှစ်ရှိကစားသမားဟာအိုလံပစ်ကွာတားဖိုင်နယ်ပွဲမတိုင်မီဒူးဒဏ်ရာရခဲ့ပေမယ့်လည်းနာကျင်မှုပျောက်ဆေးထိုးကာပွဲကစားခဲ့ပါတယ်။

သူဟာယခင်တုန်းကခြေကျင်းဝတ်ဒဏ်ရာ၊နံရိုးကျိုးဒဏ်ရာတို့ရခဲ့ပေမယ့်လည်းဘရာဇီးအသင်းအတွက်ကစားစဉ်အကိုက်အခဲပျောက်ဆေးထိုးကာကစားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာပြီးခဲ့တဲ့ကိုလံဘီယာ၊အာဂျင်တီးနားတို့နှင့်ပွဲတွင်ပါဝင်မကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

ရီချက်လီဆင်က “ဒီတစ်ကြိမ်ခေါ်ယူမှုမှာတော့စိတ်မကောင်းဖြစ်ရတယ်။ဘရာဇီး-အာဂျင်တီးနားပွဲနဲ့ဘရာဇီး-ကိုလံဘီယာပွဲတွေမှာကစားချင်ခဲ့တယ်။ဒါပေမယ့်ပရော်ဖက်ဆာကိုနားလည်ပါတယ်။ကျန်းမာရေးကပိုပြီးတော့အရေးကြီးပါတယ်။ခြေကျင်းဝတ်ဒဏ်ရာ၊နံရိုးကျိုးဒဏ်ရာတို့ရထားချိန်မှာတောင်လက်ရွေးစင်အတွက်ကစားပေးခဲ့ဖူးပါတယ်။လက်ရွေးစင်အသင်းကကျွန်တော့်အတွက်အရာတိုင်းထက်အရေးပါပါတယ်။သတိရတယ်။တီီဗွီကနေကြည့်နေခဲ့ရတယ်။သွားကစားချင်ခဲ့တယ်။ဒါပေမယ့်စိတ်ရှည်ရပါတယ်။နောက်တစ်ကြိမ်ကျရင်သွားကစားနိုင်မှာပါ။အိုလံပစ်နောက်ပိုင်းမှာဒူးနဲ့ပတ်သက်ပြီးအများကြီးခံစားရတယ်။ကွာတားဖိုင်နယ်ပွဲကနေစပြီးတော့ပေါ့။ဆေးထိုးပြီးတော့ပွဲတွေကစားခဲ့တယ်။ပြီးခဲ့တဲ့ရာသီတုန်းကရခဲ့တဲ့ဒဏ်ကြောင့်ပါ။ကျွန်တော်ကတော့ဆက်ပြီးတော့ကြိုးစားနေမှာပါ။ဘရာဇီးမှာကနေ့တိုင်းကစားသမားတစ်ယောက်စီထွက်ပေါ်နေတာပါ။အထူးသဖြင့်တိုက်စစ်နေရာမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

နံ႐ိုးက်ိဳးဒဏ္ရာရခဲ့ေပမယ့္ ဘရာဇီးအတြက္ အကိုက္အခဲေပ်ာက္ေဆးထိုးကာ ကစားခဲ့တဲ့ ရီခ်က္လီဆင္

အဲဗာတန္စတားရီခ်က္လီဆင္ဟာဒဏ္ရာျပႆနာမ်ားႀကဳံေနရေပမယ့္လည္းအကိုက္အခဲေပ်ာက္ေဆးထိုးကာပြဲမ်ားကစားေနေၾကာင္းသိရပါတယ္။

ဘရာဇီးတိုက္စစ္သမားဟာအဲဗာတန္ႏွင့္ခက္ခဲတဲ့ပရီးမီးယားလိဂ္ရာသီကိုေက်ာ္ျဖတ္ၿပီးေနာက္ေႏြရာသီတုန္းကကိုပါအေမရိကႏွင့္တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲတို႔ကိုဆက္တိုက္ကစားခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိကစားသမားဟာအိုလံပစ္ကြာတားဖိုင္နယ္ပြဲမတိုင္မီဒူးဒဏ္ရာရခဲ့ေပမယ့္လည္းနာက်င္မႈေပ်ာက္ေဆးထိုးကာပြဲကစားခဲ့ပါတယ္။

သူဟာယခင္တုန္းကေျခက်င္းဝတ္ဒဏ္ရာ၊နံ႐ိုးက်ိဳးဒဏ္ရာတို႔ရခဲ့ေပမယ့္လည္းဘရာဇီးအသင္းအတြက္ကစားစဥ္အကိုက္အခဲေပ်ာက္ေဆးထိုးကာကစားခဲ့ပါတယ္။ေနာက္ဆုံးမွာေတာ့သူဟာၿပီးခဲ့တဲ့ကိုလံဘီယာ၊အာဂ်င္တီးနားတို႔ႏွင့္ပြဲတြင္ပါဝင္မကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

ရီခ်က္လီဆင္က “ဒီတစ္ႀကိမ္ေခၚယူမႈမွာေတာ့စိတ္မေကာင္းျဖစ္ရတယ္။ဘရာဇီး-အာဂ်င္တီးနားပြဲနဲ႔ဘရာဇီး-ကိုလံဘီယာပြဲေတြမွာကစားခ်င္ခဲ့တယ္။ဒါေပမယ့္ပေရာ္ဖက္ဆာကိုနားလည္ပါတယ္။က်န္းမာေရးကပိုၿပီးေတာ့အေရးႀကီးပါတယ္။ေျခက်င္းဝတ္ဒဏ္ရာ၊နံ႐ိုးက်ိဳးဒဏ္ရာတို႔ရထားခ်ိန္မွာေတာင္လက္ေ႐ြးစင္အတြက္ကစားေပးခဲ့ဖူးပါတယ္။လက္ေ႐ြးစင္အသင္းကကြၽန္ေတာ့္အတြက္အရာတိုင္းထက္အေရးပါပါတယ္။သတိရတယ္။တီီဗြီကေနၾကည့္ေနခဲ့ရတယ္။သြားကစားခ်င္ခဲ့တယ္။ဒါေပမယ့္စိတ္ရွည္ရပါတယ္။ေနာက္တစ္ႀကိမ္က်ရင္သြားကစားႏိုင္မွာပါ။အိုလံပစ္ေနာက္ပိုင္းမွာဒူးနဲ႔ပတ္သက္ၿပီးအမ်ားႀကီးခံစားရတယ္။ကြာတားဖိုင္နယ္ပြဲကေနစၿပီးေတာ့ေပါ့။ေဆးထိုးၿပီးေတာ့ပြဲေတြကစားခဲ့တယ္။ၿပီးခဲ့တဲ့ရာသီတုန္းကရခဲ့တဲ့ဒဏ္ေၾကာင့္ပါ။ကြၽန္ေတာ္ကေတာ့ဆက္ၿပီးေတာ့ႀကိဳးစားေနမွာပါ။ဘရာဇီးမွာကေန႔တိုင္းကစားသမားတစ္ေယာက္စီထြက္ေပၚေနတာပါ။အထူးသျဖင့္တိုက္စစ္ေနရာမွာပါ”လို႔ေျပာၾကားသြားပါတယ္။