
အဲရစ်တန်ဟက်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမား၆ဦးအထိရောင်းချပြီးယူနိုက်တက်ကိုအကြီးအကျယ်အပြောင်းအလဲပြုလုပ်လာမှာဖြစ်ကြောင်းသိရပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာယူနိုက်တက်ကိုချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့အခြေအနေမျိုးသို့ရောက်အောင်စွမ်းဆောင်ထားနိုင်တဲ့အပြင်ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ပို့ဆောင်ထားကာခြောက်နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်နိုင်တော့မဲ့အနေအထားသို့ရောက်နေပါတယ်။
ယူနိုက်တက်ဟာအဲရစ်တန်ဟက်ရဲ့လက်အောက်တွင်ကွင်းတွင်းမှာသာမကကွင်းပြင်ပမှာလည်းတိုးတက်ပြောင်းလဲနေပါတယ်။
The Mirror ကအဲရစ်တန်ဟက်ဟာနွေရာသီမှာကစားသမား၆ဦးကိုရောင်းချသွားမှာဖြစ်ကြောင်းသိရပါတယ်။
ယူနိုက်တက်မှပထမဆုံးထွက်ခွာလာမဲ့သူကတော့အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဖြစ်ပါတယ်။မက်ဂွိုင်းယားဟာဗာရန်းနှင့်မာတီနက်ဇ်အတွဲကြောင့်အရန်ခုံတွင်ထိုင်နေရသူဖြစ်ပါတယ်။
အခြားကစားသမားတွေကတော့နေရာပျောက်နေတဲ့စကော့မက်တိုမီနေး၊ဒွန်နီဗန်ဒီဘိခ်၊အန်တိုနီမာရှယ်နှင့်အငှားဖြင့်သွားကစားနေတဲ့အဲရစ်ဘိုင်လီနှင့်အဲလက်စ်တဲလ်လက်စ်တို့ဖြစ်ကြပါတယ်။
ဘိုင်လီဟာမာဆေးလ်တွင်အငှားဖြင့်သွားကစားနေပြီးလီဂူး၁ပွဲ၆ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။ဆီဗီလာတွင်အငှားဖြင့်ကစားနေတဲ့ဘရာဇီးလက်ရွေးစင်တဲလ်လက်စ်ကတော့ပြိုင်ပွဲအရပ်ရပ်တွင်၁၉ပွဲအထိကစားနေရပေမဲ့ဒူးဒဏ်ရာကြောင့်အနားယူနေရပါတယ်။
ZawGyi
ေႏြရာသီတြင္ ကစားသမား ၆ ဦး ေရာင္းခ်ၿပီး ယူႏိုက္တက္ကို အႀကီးအက်ယ္ေျပာင္းလဲလာမယ့္ အဲရစ္တန္ဟက္
အဲရစ္တန္ဟက္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမား၆ဦးအထိေရာင္းခ်ၿပီးယူႏိုက္တက္ကိုအႀကီးအက်ယ္အေျပာင္းအလဲျပဳလုပ္လာမွာျဖစ္ေၾကာင္းသိရပါတယ္။
ဒတ္ခ်္လူမ်ိဳးနည္းျပဟာယူႏိုက္တက္ကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္တဲ့အေျခအေနမ်ိဳးသို႔ေရာက္ေအာင္စြမ္းေဆာင္ထားႏိုင္တဲ့အျပင္ခါရာေဘာင္ဖလားဗိုလ္လုပြဲသို႔ပို႔ေဆာင္ထားကာေျခာက္ႏွစ္ၾကာဖလားလက္မဲ့ျဖစ္မႈကိုအဆုံးသတ္ႏိုင္ေတာ့မဲ့အေနအထားသို႔ေရာက္ေနပါတယ္။
ယူႏိုက္တက္ဟာအဲရစ္တန္ဟက္ရဲ႕လက္ေအာက္တြင္ကြင္းတြင္းမွာသာမကကြင္းျပင္ပမွာလည္းတိုးတက္ေျပာင္းလဲေနပါတယ္။
The Mirror ကအဲရစ္တန္ဟက္ဟာေႏြရာသီမွာကစားသမား၆ဦးကိုေရာင္းခ်သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ယူႏိုက္တက္မွပထမဆုံးထြက္ခြာလာမဲ့သူကေတာ့အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားျဖစ္ပါတယ္။မက္ဂြိဳင္းယားဟာဗာရန္းႏွင့္မာတီနက္ဇ္အတြဲေၾကာင့္အရန္ခုံတြင္ထိုင္ေနရသူျဖစ္ပါတယ္။
အျခားကစားသမားေတြကေတာ့ေနရာေပ်ာက္ေနတဲ့စေကာ့မက္တိုမီေနး၊ဒြန္နီဗန္ဒီဘိခ္၊အန္တိုနီမာရွယ္ႏွင့္အငွားျဖင့္သြားကစားေနတဲ့အဲရစ္ဘိုင္လီႏွင့္အဲလက္စ္တဲလ္လက္စ္တို႔ျဖစ္ၾကပါတယ္။
ဘိုင္လီဟာမာေဆးလ္တြင္အငွားျဖင့္သြားကစားေနၿပီးလီဂူး၁ပြဲ၆ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။ဆီဗီလာတြင္အငွားျဖင့္ကစားေနတဲ့ဘရာဇီးလက္ေ႐ြးစင္တဲလ္လက္စ္ကေတာ့ၿပိဳင္ပြဲအရပ္ရပ္တြင္၁၉ပြဲအထိကစားေနရေပမဲ့ဒူးဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။