နွေရာသီတွင် စပါးစ်မှ ထွက်ခွာမယ့် ဟယ်ရီကိန်း ပြောင်းကစားလိုတဲ့ကလပ်ကို သိရပြီ

စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာလာမယ့်နွေရာသီမှာစပါးစ်ကထွက်ခွာလိုနေပါတယ်။အသက်၂၇နှစ်ရှိဟယ်ရီကိန်းကိုဥရောပထိပ်သီးကလပ်အမြောက်အမြားတို့ကခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

မန်ယူနှင့်ချဲလ်ဆီးတို့ဟာဟယ်ရီကိန်းရဲ့အေးဂျင့်များနှင့်ဆက်သွယ်ထားကြပြီးဖြစ်သလိုစပါးစ်နည်းပြဟောင်းပိုချက်တီနိုရဲ့ပီအက်စ်ဂျီကလည်းသူ့ကိုခေါ်ယူလိုနေပါတယ်။

ဒါပေမယ့်မန်စီးတီးကတော့ဟယ်ရီကိန်းကိုခေါ်ယူဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်။အင်္ဂလန်တိုက်စစ်မှူးကိုယ်တိုင်ကလည်းအင်္ဂလန်မှာဘဲဆက်ကစားချင်နေပါတယ်။

talkSPORT ရဲ့ဖော်ပြချက်အရဟယ်ရီကိန်းဟာအခြားကလပ်များသို့ပြောင်းရွှေ့လိုခြင်းမရှိဘဲမန်စီးတီးသို့သာပြောင်းရွှေ့ကစားလိုနေကြောင်းသိရပါတယ်။

မန်စီးတီးဟာယခုနွေရာသီမှာဆာဂျီယိုအဂူရိုထွက်ခွာမှာဖြစ်တာကြောင့်ကျောနံပါတ်၉တိုက်စစ်မှူးတစ်ဦးရှာဖွေနေပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကိုလည်းစိတ်ဝင်စားနေပါတယ်။ဒါ့အပြင်ဂွါဒီယိုလာဟာတောင်ပံတိုက်စစ်သမားဖာရန်တောရက်စ်ကိုအထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုရန်လည်းစဉ်းစားထားပါတယ်။

ဂွါဒီယိုလာက “ဘာတွေဖြစ်လာမယ်ဆိုတာမသိသေးပါဘူး။တိုက်စစ်မှူးတစ်ဦးခေါ်ယူနိုင်သလိုမခေါ်ယူတာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့မှာတစ်ယောက်ရှိပြီးသားပါ။ဖာရန်(တောရက်စ်)ပါ။သူကငယ်ရွယ်တယ်။သူ့ကိုဘယ်၊ညာအပြင်တိုက်စစ်မှူးတစ်ဦးအဖြစ်လည်းသုံးနိုင်တယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ေႏြရာသီတြင္ စပါးစ္မွ ထြက္ခြာမယ့္ ဟယ္ရီကိန္း ေျပာင္းကစားလိုတဲ့ကလပ္ကို သိရၿပီ

စပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာလာမယ့္ေႏြရာသီမွာစပါးစ္ကထြက္ခြာလိုေနပါတယ္။အသက္၂၇ႏွစ္ရွိဟယ္ရီကိန္းကိုဥေရာပထိပ္သီးကလပ္အေျမာက္အျမားတို႔ကေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။

မန္ယူႏွင့္ခ်ဲလ္ဆီးတို႔ဟာဟယ္ရီကိန္းရဲ႕ေအးဂ်င့္မ်ားႏွင့္ဆက္သြယ္ထားၾကၿပီးျဖစ္သလိုစပါးစ္နည္းျပေဟာင္းပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီကလည္းသူ႔ကိုေခၚယူလိုေနပါတယ္။

ဒါေပမယ့္မန္စီးတီးကေတာ့ဟယ္ရီကိန္းကိုေခၚယူဖို႔ေရပန္းအစားဆုံးျဖစ္ေနပါတယ္။အဂၤလန္တိုက္စစ္မႉးကိုယ္တိုင္ကလည္းအဂၤလန္မွာဘဲဆက္ကစားခ်င္ေနပါတယ္။

talkSPORT ရဲ႕ေဖာ္ျပခ်က္အရဟယ္ရီကိန္းဟာအျခားကလပ္မ်ားသို႔ေျပာင္းေ႐ႊ႕လိုျခင္းမရွိဘဲမန္စီးတီးသို႔သာေျပာင္းေ႐ႊ႕ကစားလိုေနေၾကာင္းသိရပါတယ္။

မန္စီးတီးဟာယခုေႏြရာသီမွာဆာဂ်ီယိုအဂူ႐ိုထြက္ခြာမွာျဖစ္တာေၾကာင့္ေက်ာနံပါတ္၉တိုက္စစ္မႉးတစ္ဦးရွာေဖြေနပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းကိုလည္းစိတ္ဝင္စားေနပါတယ္။ဒါ့အျပင္ဂြါဒီယိုလာဟာေတာင္ပံတိုက္စစ္သမားဖာရန္ေတာရက္စ္ကိုအေထာင္တိုက္စစ္မႉးအျဖစ္အသုံးျပဳရန္လည္းစဥ္းစားထားပါတယ္။

ဂြါဒီယိုလာက “ဘာေတြျဖစ္လာမယ္ဆိုတာမသိေသးပါဘူး။တိုက္စစ္မႉးတစ္ဦးေခၚယူႏိုင္သလိုမေခၚယူတာလည္းျဖစ္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔မွာတစ္ေယာက္ရွိၿပီးသားပါ။ဖာရန္(ေတာရက္စ္)ပါ။သူကငယ္႐ြယ္တယ္။သူ႔ကိုဘယ္၊ညာအျပင္တိုက္စစ္မႉးတစ္ဦးအျဖစ္လည္းသုံးႏိုင္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။