နွေရာသီတွင် စပို့တင်းသို့ ပြန်ကာ သားဖြစ်သူနှင့်ခရစ္စတီယာနိုရော်နယ်ဒို တွဲကစားနိုင်ကြောင်း မိခင်ဖြစ်သူဖွင့်ဟလာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ကသူမရဲ့သားဖြစ်သူနှင့်အသက်၁၂နှစ်အရွယ်ရှိမြေးဖြစ်သူခရစ္စတီယာနိုဂျူနီယာတို့မှာသူမရဲ့ချစ်တဲ့စပို့တင်းလစ္စဘွန်းအတွက်အတူကစားလာနိုင်ကြောင်းဟောကိန်းထုတ်လာပါတယ်။

ဒိုလိုရက်စ်အေဗီရိုဟာစပို့တင်းလစ္စဘွန်းအမာခံပရိသတ်တစ်ဦးဖြစ်ပြီးယူနိုက်တက်တွင်နေရာပျောက်နေတဲ့သားဖြစ်သူကို အသင်းဟောင်းသို့ပြန်ပြောင်းကစားရေးကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။သူမဟာသားဖြစ်သူနှင့်မြေးဖြစ်သူတို့ကိုစပို့တင်းလစ္စဘွန်းအတွက်အတူတွဲကစားတာမြင်ရဖို့အိပ်မက်မက်နေပါတယ်။

သူမက “‘သားငါမသေခင်စပို့တင်းအတွက်မင်းပြန်ကစားတာမြင်ချင်တယ်’လို့ သူ့ကိုကျွန်မပြောထားပြီးသားပါ။ဒီနှစ်မှာတော့မဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့လာမယ့်နှစ်မှာဖြစ်လာနိုင်သေးတယ်။ဒါပေမဲ့တကယ်လို့သူ့မဖြစ်လာဘူးဆိုရင်တောင်ခရစ္စတီယာနန်ဟိုဖြစ်နိုင်တယ်။သူ့အရွယ်မှာဆိုသူကသူ့အဖေထက်တောင်ပိုကောင်းသေးတယ်။သူ(ရော်နယ်ဒို)အသက်၁၂နှစ်အရွယ်တုန်းကဆရာနဲ့စနစ်တကျမသင်ခဲ့ရဘူး။ဒါပေမဲ့ဒီကနေ့မှာသူဟာဆရာနဲ့စနစ်တကျသင်နေရတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ကမြေးဖြစ်သူ ယူနိုက်တက်အကယ်ဒမီကစားသမားကိုစပို့တင်းလစ္စဘွန်းတွင်ကစားလာရန်သေချာနေကြောင်းဆိုသွားပါတယ်။

သူမက “သူက ‘အဖေရေလစ္စဘွန်းမှာပြန်နေတဲ့အခါကျရင်စပို့တင်းအတွက်ကစားချင်တယ်’လို့ပြောထားပြီးသားပါ။သူတို့နှစ်ဦး ဒီကလပ်မှာအတူကစားတာမြင်ရဖို့ကတော့ကျွန်မအတွက်အိပ်မက်တစ်ခုပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ေႏြရာသီတြင္ စပို႔တင္းသို႔ ျပန္ကာ သားျဖစ္သူႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒို တြဲကစားႏိုင္ေၾကာင္း မိခင္ျဖစ္သူဖြင့္ဟလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ကသူမရဲ႕သားျဖစ္သူႏွင့္အသက္၁၂ႏွစ္အ႐ြယ္ရွိေျမးျဖစ္သူခရစၥတီယာႏိုဂ်ဴနီယာတို႔မွာသူမရဲ႕ခ်စ္တဲ့စပို႔တင္းလစၥဘြန္းအတြက္အတူကစားလာႏိုင္ေၾကာင္းေဟာကိန္းထုတ္လာပါတယ္။

ဒိုလိုရက္စ္ေအဗီ႐ိုဟာစပို႔တင္းလစၥဘြန္းအမာခံပရိသတ္တစ္ဦးျဖစ္ၿပီးယူႏိုက္တက္တြင္ေနရာေပ်ာက္ေနတဲ့သားျဖစ္သူကို အသင္းေဟာင္းသို႔ျပန္ေျပာင္းကစားေရးႀကိဳးပမ္းေနသူလည္းျဖစ္ပါတယ္။သူမဟာသားျဖစ္သူႏွင့္ေျမးျဖစ္သူတို႔ကိုစပို႔တင္းလစၥဘြန္းအတြက္အတူတြဲကစားတာျမင္ရဖို႔အိပ္မက္မက္ေနပါတယ္။

သူမက “‘သားငါမေသခင္စပို႔တင္းအတြက္မင္းျပန္ကစားတာျမင္ခ်င္တယ္’လို႔ သူ႔ကိုကြၽန္မေျပာထားၿပီးသားပါ။ဒီႏွစ္မွာေတာ့မျဖစ္ႏိုင္ေတာ့ပါဘူး။ဒါေပမဲ့လာမယ့္ႏွစ္မွာျဖစ္လာႏိုင္ေသးတယ္။ဒါေပမဲ့တကယ္လို႔သူ႔မျဖစ္လာဘူးဆိုရင္ေတာင္ခရစၥတီယာနန္ဟိုျဖစ္ႏိုင္တယ္။သူ႔အ႐ြယ္မွာဆိုသူကသူ႔အေဖထက္ေတာင္ပိုေကာင္းေသးတယ္။သူ(ေရာ္နယ္ဒို)အသက္၁၂ႏွစ္အ႐ြယ္တုန္းကဆရာနဲ႔စနစ္တက်မသင္ခဲ့ရဘူး။ဒါေပမဲ့ဒီကေန႔မွာသူဟာဆရာနဲ႔စနစ္တက်သင္ေနရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ကေျမးျဖစ္သူ ယူႏိုက္တက္အကယ္ဒမီကစားသမားကိုစပို႔တင္းလစၥဘြန္းတြင္ကစားလာရန္ေသခ်ာေနေၾကာင္းဆိုသြားပါတယ္။

သူမက “သူက ‘အေဖေရလစၥဘြန္းမွာျပန္ေနတဲ့အခါက်ရင္စပို႔တင္းအတြက္ကစားခ်င္တယ္’လို႔ေျပာထားၿပီးသားပါ။သူတို႔ႏွစ္ဦး ဒီကလပ္မွာအတူကစားတာျမင္ရဖို႔ကေတာ့ကြၽန္မအတြက္အိပ္မက္တစ္ခုပါ”လို႔ေျပာၾကားသြားပါတယ္။