နွေရာသီတွင် ဆွာရက်ဇ်ကို အန်ဖီးလ်သို့ ပြန်ခေါ်ဆောင်ရန် ကြိုးကြာနီစီစဉ်နေ

လီဗာပူးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်တိုက်စစ်မှူးဟောင်းလူးဝစ်ဆွာရက်ဇ်ကိုအန်ဖီးလ်သို့ပြန်လည်ခေါ်ဆောင်နိုင်ရေးအံ့ဩသင့်ဖွယ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိလူးဝစ်ဆွာရက်ဇ်ဟာပြီးခဲ့တဲ့နွေရာသီတွင်ဘာစီလိုနာမှထွက်ခွာကာအက်သလက်တီကိုသို့ရောက်လာပြီးနောက်ထိပ်တန်းခြေစွမ်းဖြင့်ဆက်လက်ကစားပြနေသူလည်းဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာလာလီဂါပွဲ၂၅ပွဲမှာ၁၉ဂိုးသွင်းယူပြီးမက်ဆီပြီးလျှင်လာလီဂါတွင်ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။

Fichejes ရဲ့ဖော်ပြချက်အရလီဗာပူးဟာလူးဝစ်ဆွာရက်ဇ်အားပြန်လည်ခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာအီဂျစ်တောင်ပံတိုက်စစ်သမားမိုဟာမက်ဆာလက်ရဲ့အနာဂတ်မရေမရာဖြစ်နေမှုနှင့်အတူဆွာရက်ဇ်ကိုခေါ်ယူရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။မိုဟာမက်ဆာလက်ရဲ့လီဗာပူးနဲ့စာချုပ်က၂၀၂၃ခုနှစ်မှာကုန်ဆုံးပါမယ်။

လူးဝစ်ဆွာရက်ဇ်ဟာလီဗာပူးတွင်သုံးရာသီကြာကစားခဲ့ဖူးပြီး၂၀၁၃-၁၄ရာသီတုန်းကပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊PFAတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးခဲ့ပါတယ်။သူဟာဘာစီလိုနာအတွက်၁၃၃ပွဲကစားခဲ့ရာမှာ၈၂ဂိုးသွင်းပြီး၄၇ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ZawGyi






