နွေရာသီတွင် ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်ခေါ်ယူရန် အေးဂျင့်ရိုင်အိုလာကို ဂျူဗင်တပ်ဆက်သွယ်လာ

ဂျူဗင်တပ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပေါလ်ပေါ့ဘာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်အတွက်စူပါအေးဂျင့်မီနိုရိုင်အိုလာကိုဆက်သွယ်လာကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမားဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာလာမယ့်နွေရာသီတွင်အသင်းကိုအပြောင်းအလဲများစွာပြုလုပ်ရန်စီစဉ်နေပြီးပေါ့လ်ပေါ့ဘာမှာ၎င်းတို့ရဲ့ပစ်မှတ်ထဲတွင်ထိပ်ဆုံးမှပါဝင်နေပါတယ်။

ပေါ့ဘာဟာဂျူဗင်တပ်တွင်၂၀၁၂ခုနှစ်မှ၂၀၁၆ခုနှစ်အတွင်းလေးရာသီကစားခဲ့ဖူးပြီး၁၇၈ပွဲတွင်၃၄ဂိုးသွင်းယူခဲ့ပါတယ်။

Gazetta ကယခုအခါဂျူဗင်တပ်ဟာပေါ့ဘာရဲ့အေးဂျင့်ရိုင်အိုလာကိုဆက်သွယ်လာပြီဖြစ်ကြောင်းဖော်ပြလာပါတယ်။

တကယ်တော့ပေါ့ဘာကိုခေါ်ယူလိုနေတာ ဂျူဗင်တပ်တစ်သင်းတည်းမဟုတ်ပါဘူး။သူ့ကိုရီးရဲလ်မက်ဒရစ်နှင့်ဘိုင်ယန်မြူးနစ်တို့ကလည်းစိတ်ဝင်စားနေပါတယ်။

ZawGyi






