နွေရာသီတွင် ယူနိုက်တက်ကစားသမားအဖြစ်‌ ပေါ့ဘာ ဆက်ရှိတော့မည်မဟုတ်

ပေါလ်ပေါ့ဘာရဲ့သီးသန့်လေ့ကျင့်ရေးမှူးကအလယ်တန်းကစားသမားမှာ နွေရာသီမှာစတင်ပြီးယူနိုက်တက်ကစားသမားအဖြစ်ဆက်ရှိနေတော့မှာမဟုတ်ကြောင်းပြောကြားသွားပါတယ်။

ပေါလ်ပေါ့ဘာဟာလာမယ့်ဇွန်လတွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရေးလအတန်ကြာဆွေးနွေးလာခဲ့ပေမဲ့ အောင်မြင်ခြင်းမရှိသေးပါဘူး။

ပေါလ်ပေါ့ဘာဟာဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်များနှင့်အကြိုစာချုပ်ချုပ်ဆိုနိုင်သူဖြစ်ပြီး ဂျူဗင်တပ်၊ပီအက်စ်ဂျီ၊ရီးရဲလ်မက်ဒရစ်တို့နှင့် ဆွေးနွေးမှုပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။

ယခုအခါ ပေါ့ဘာရဲ့လေ့ကျင့်ရေးမှူးCoach Maddy က”ပေါ့ဘာနဲ့ပတ်သက်ပြီးပြောရရင် သူဟာဇွန်လကစပြီးမန်ချက်စတာယူနိုက်တက်ကစားသမားတစ်ဦးအဖြစ်ရှိနေတာမဟုတ်ပါဘူး။အခုအချိန်ကပေါ့ဘာအတွက်အခြားနေရာသို့ပြောင်းဖို့သင့်တော်တဲ့အချိန်လို့ထင်ပါတယ်။မန်ချက်စတာကစာချုပ်သက်တမ်းတိုးချင်တယ်ဆိုပေမဲ့လမ်းခွဲရဖို့များနေပါတယ်။အချိန်ကအပြောင်းအလဲဖြစ်လာစေပါလိမ့်မယ်။သူလည်းခံစားချက်အသစ်၊စိန်ခေါ်မှုအသစ်၊ပတ်ဝန်းကျင်အသစ်မှာအဆင်ပြေလာမှာပါ။မန်ချက်စတာယူနိုက်တက်လည်းဒီအတိုင်းပါပဲ။အခုအချိန်မှာသူ(ပေါ့ဘာ)ဟာကိုယ့်ကိုယ်ကိုပျော်အောင်နေတယ်။သူတို့မှာလည်းအသင်းကောင်းတစ်သင်းရနေပါပြီ။အထူးသဖြင့်ရော်နယ်ဒိုပြန်ရောက်လာလို့ပါ။ပြဿနာကရလဒ်ကောင်းမရနေတာဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေႏြရာသီတြင္ ယူႏိုက္တက္ကစားသမားအျဖစ္‌ ေပါ့ဘာ ဆက္ရွိေတာ့မည္မဟုတ္

ေပါလ္ေပါ့ဘာရဲ႕သီးသန႔္ေလ့က်င့္ေရးမႉးကအလယ္တန္းကစားသမားမွာ ေႏြရာသီမွာစတင္ၿပီးယူႏိုက္တက္ကစားသမားအျဖစ္ဆက္ရွိေနေတာ့မွာမဟုတ္ေၾကာင္းေျပာၾကားသြားပါတယ္။

ေပါလ္ေပါ့ဘာဟာလာမယ့္ဇြန္လတြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးေရးလအတန္ၾကာေဆြးေႏြးလာခဲ့ေပမဲ့ ေအာင္ျမင္ျခင္းမရွိေသးပါဘူး။

ေပါလ္ေပါ့ဘာဟာဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္မ်ားႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္သူျဖစ္ၿပီး ဂ်ဴဗင္တပ္၊ပီအက္စ္ဂ်ီ၊ရီးရဲလ္မက္ဒရစ္တို႔ႏွင့္ ေဆြးေႏြးမႈျပဳလုပ္ထားၿပီးလည္း ျဖစ္ပါတယ္။

ယခုအခါ ေပါ့ဘာရဲ႕ေလ့က်င့္ေရးမႉးCoach Maddy က”ေပါ့ဘာနဲ႔ပတ္သက္ၿပီးေျပာရရင္ သူဟာဇြန္လကစၿပီးမန္ခ်က္စတာယူႏိုက္တက္ကစားသမားတစ္ဦးအျဖစ္ရွိေနတာမဟုတ္ပါဘူး။အခုအခ်ိန္ကေပါ့ဘာအတြက္အျခားေနရာသို႔ေျပာင္းဖို႔သင့္ေတာ္တဲ့အခ်ိန္လို႔ထင္ပါတယ္။မန္ခ်က္စတာကစာခ်ဳပ္သက္တမ္းတိုးခ်င္တယ္ဆိုေပမဲ့လမ္းခြဲရဖို႔မ်ားေနပါတယ္။အခ်ိန္ကအေျပာင္းအလဲျဖစ္လာေစပါလိမ့္မယ္။သူလည္းခံစားခ်က္အသစ္၊စိန္ေခၚမႈအသစ္၊ပတ္ဝန္းက်င္အသစ္မွာအဆင္ေျပလာမွာပါ။မန္ခ်က္စတာယူႏိုက္တက္လည္းဒီအတိုင္းပါပဲ။အခုအခ်ိန္မွာသူ(ေပါ့ဘာ)ဟာကိုယ့္ကိုယ္ကိုေပ်ာ္ေအာင္ေနတယ္။သူတို႔မွာလည္းအသင္းေကာင္းတစ္သင္းရေနပါၿပီ။အထူးသျဖင့္ေရာ္နယ္ဒိုျပန္ေရာက္လာလို႔ပါ။ျပႆနာကရလဒ္ေကာင္းမရေနတာျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။