နွေရာသီတွင် ယူနိုက်တက်မှ ကစားသမား ၁၆ ဦးအထိ အစုလိုက်အပြုံလိုက် ထွက်ခွာဖွယ်ရှိနေ

မန်ချက်စတာယူနိုက်တက်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင်ကစားသမားအမြောက်အမြားအစုလိုက်အပြုံလိုက်ထွက်ခွာမှုနှင့်ရင်ဆိုင်လာရဖို့ရှိနေပါတယ်။

ယူနိုက်တက်မှာနာမည်ကျော်ကစားသမားအချို့တို့မှာရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

စာချုပ်သက်တမ်းကုန်ဆုံးမယ့်စတားများတွင်ပေါလ်ပေါ့ဘာ၊အက်ဒီဆင်ကာဗာနီ၊ဂျက်စီလင်ဂတ်နှင့်အွန်မာတာတို့ပါဝင်ပါတယ်။

၎င်းတို့ဟာကလပ်နှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုမရရှိပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်ပါတယ်။ပေါ့ဘာဟာပီအက်စ်ဂျီ၊ရီးရဲလ်မက်ဒရစ်တို့ရဲ့စိတ်ဝင်စားမှုခံနေရပါတယ်။

အသက်၃၇နှစ်ရှိရော်နယ်ဒိုဟာယူနိုက်တက်နှင့်တစ်နှစ်ကျော်စာချုပ်ကျန်နေသေးပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါကထွက်ခွာရန်သေချာနေပါတယ်။

ယူနိုက်တက်ဟာချန်ပီယံလိဂ်တွင်ယှဉ်ပြိုင်နေတုန်းပဲဆိုပေမဲ့ အမှတ်ပေးဇယားတွင်အဆင့်၅နေရာမှာရပ်တည်နေရရာလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရနိုင်ပါတယ်။

ရပ်ရှ်ဖို့ဒ်မှာလည်းယခုရာသီတွင်ပွဲကစားချိန်နည်းပါးမှုနဲ့အတူနွေရာသီတွင် ထွက်ခွာရန်အလေးအနက်ထားစဉ်းစားနေကြောင်းသတင်းထွက်နေပါတယ်။

ပီအက်စ်ဂျီဟာရာသီအကုန်မှာထွက်ခွာဖို့ရှိနေတဲ့ကိုင်လီယန်ဘက်ပေးနေရာမှာရပ်ရှ်ဖို့ဒ်နှင့်အစားထိုးရန်စိတ်ဝင်စားနေပါတယ်။

မေဆင်ဂရင်းဝုဒ်မှာဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်စာချုပ်ရပ်ဆိုင်းခြင်းခံထားရကာအနာဂတ်မှာမရေမရာဖြစ်နေပါတယ်။

ဆီဗီလာသို့အငှားဖြင့်သွားရောက်ကစားနေတဲ့အန်တိုနီမာရှယ်မှာရာသီအကုန်တွင်အပြီးသတ်ပြောင်းရွှေ့ဖို့ရှိနေပါတယ်။

ဒါ့အပြင်အဲဗာတန်တွင်အငှားဖြင့်ကစားစဉ်ခြေစွမ်းပြန်ပြနေတဲ့ဒွန်နီဗန်ဒီဘိခ်မှာလည်းအပြီးသတ်ပြောင်းရန်ကြိုးပမ်းလာနိုင်ပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ ယူနိုက်တက်မှာထွက်ခွာနိုင်တဲ့စာရင်းတွင်ဒိုင်အိုဂိုဒါလော့(သို့မဟုတ်)အေရွန်ဝန်ဘစ်ဆာကာ၊ဒိန်းဟင်ဒါဆင်၊ဖီးလ်ဂျုံးစ်၊ဘရန်ဒွန်ဝီလီယမ်၊အင်ဒရေပီရဲရား၊ဖာကန်ဒိုပယ်လစ်စထရီ၊တာဟက်ချောင်တို့ပါဝင်ပါတယ်။

ZawGyi

ေႏြရာသီတြင္ ယူႏိုက္တက္မွ ကစားသမား ၁၆ ဦးအထိ အစုလိုက္အၿပဳံလိုက္ ထြက္ခြာဖြယ္ရွိေန

မန္ခ်က္စတာယူႏိုက္တက္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအပါအဝင္ကစားသမားအေျမာက္အျမားအစုလိုက္အၿပဳံလိုက္ထြက္ခြာမႈႏွင့္ရင္ဆိုင္လာရဖို႔ရွိေနပါတယ္။

ယူႏိုက္တက္မွာနာမည္ေက်ာ္ကစားသမားအခ်ိဳ႕တို႔မွာရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။

စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္စတားမ်ားတြင္ေပါလ္ေပါ့ဘာ၊အက္ဒီဆင္ကာဗာနီ၊ဂ်က္စီလင္ဂတ္ႏွင့္အြန္မာတာတို႔ပါဝင္ပါတယ္။

၎တို႔ဟာကလပ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈမရရွိပါကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္ပါတယ္။ေပါ့ဘာဟာပီအက္စ္ဂ်ီ၊ရီးရဲလ္မက္ဒရစ္တို႔ရဲ႕စိတ္ဝင္စားမႈခံေနရပါတယ္။

အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုဟာယူႏိုက္တက္ႏွင့္တစ္ႏွစ္ေက်ာ္စာခ်ဳပ္က်န္ေနေသးေပမဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိပါကထြက္ခြာရန္ေသခ်ာေနပါတယ္။

ယူႏိုက္တက္ဟာခ်န္ပီယံလိဂ္တြင္ယွဥ္ၿပိဳင္ေနတုန္းပဲဆိုေပမဲ့ အမွတ္ေပးဇယားတြင္အဆင့္၅ေနရာမွာရပ္တည္ေနရရာလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးရႏိုင္ပါတယ္။

ရပ္ရွ္ဖို႔ဒ္မွာလည္းယခုရာသီတြင္ပြဲကစားခ်ိန္နည္းပါးမႈနဲ႔အတူေႏြရာသီတြင္ ထြက္ခြာရန္အေလးအနက္ထားစဥ္းစားေနေၾကာင္းသတင္းထြက္ေနပါတယ္။

ပီအက္စ္ဂ်ီဟာရာသီအကုန္မွာထြက္ခြာဖို႔ရွိေနတဲ့ကိုင္လီယန္ဘက္ေပးေနရာမွာရပ္ရွ္ဖို႔ဒ္ႏွင့္အစားထိုးရန္စိတ္ဝင္စားေနပါတယ္။

ေမဆင္ဂရင္းဝုဒ္မွာဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္စာခ်ဳပ္ရပ္ဆိုင္းျခင္းခံထားရကာအနာဂတ္မွာမေရမရာျဖစ္ေနပါတယ္။

ဆီဗီလာသို႔အငွားျဖင့္သြားေရာက္ကစားေနတဲ့အန္တိုနီမာရွယ္မွာရာသီအကုန္တြင္အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ရွိေနပါတယ္။

ဒါ့အျပင္အဲဗာတန္တြင္အငွားျဖင့္ကစားစဥ္ေျခစြမ္းျပန္ျပေနတဲ့ဒြန္နီဗန္ဒီဘိခ္မွာလည္းအၿပီးသတ္ေျပာင္းရန္ႀကိဳးပမ္းလာႏိုင္ပါတယ္။

The Sun ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္မွာထြက္ခြာႏိုင္တဲ့စာရင္းတြင္ဒိုင္အိုဂိုဒါေလာ့(သို႔မဟုတ္)ေအ႐ြန္ဝန္ဘစ္ဆာကာ၊ဒိန္းဟင္ဒါဆင္၊ဖီးလ္ဂ်ဳံးစ္၊ဘရန္ဒြန္ဝီလီယမ္၊အင္ဒေရပီရဲရား၊ဖာကန္ဒိုပယ္လစ္စထရီ၊တာဟက္ေခ်ာင္တို႔ပါဝင္ပါတယ္။