နွေရာသီတွင် ယူနိုက်တက်သို့ အပြီးသတ်ပြောင်းဖို့ ရှိနေတဲ့ ဆာဘစ်ဇာ

မန်ချက်စတာယူနိုက်တက်ဟာနွေရာသီတွင်မာဆယ်ဆာဘစ်ဇာကိုအပြီးသတ်ခေါ်ယူလာဖို့ရှိနေကြောင်းအေးဂျင့်ကအတည်ပြုပြောကြားလာပါတယ်။

ဩစတြီးယားအလယ်တန်းကစားသမားဟာဇန်နဝါရီအပြောင်းအရွှ့ဈေးကွက်တုန်းကဘိုင်ယန်မြူးနစ်မှယူနိုက်တက်သို့ခြောက်လအငှားဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာယူနိုက်တက်သို့ရောက်လာပြီးနောက်ချက်ချင်းပင်အံဝင်ကာအကောင်းဆုံးကစားထားနိုင်ပါတယ်။

ယခုအခါဆာဘစ်ဇာရဲ့အေးဂျင့်ကဩစတြီးယားလက်ရွေးစင်မှာနွေရာသီမှာအိုးထရက်ဖို့ဒ်သို့အပြီးသတ်ပြောင်းရွှေ့နိုင်ကြောင်းအတည်ပြုပြောကြားလာပါတယ်။

ဆာဘစ်ဇာဟာယူနိုက်တက်သို့ ပြောင်းလာပြီးနောက်၄ပွဲကစားထားပြီးပွဲထွက်ကစားထားခွင့်ရထားသလိုအဲရစ်တန်ဟက်ရဲ့ယုံကြည်မှုရရှိနေပါတယ်။

ယခုအခါဆာဘစ်ဇာရဲ့အေးဂျင့်ဖြစ်သူကနွေရာသီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လာချိန်တွင်မည်သို့ဖြစ်လာမည်ကိုစောင့်ကြည်ရမည်ဖြစ်ကြောင်းဆိုသွားပါတယ်။

တဖက်တွင်ဘိုင်ယန်မြူးနစ်ကိုယ်တိုင်ကလည်းဆာဘစ်ဇာကိုရောင်းချရန်တံခါးဖွင့်ထားပါတယ်။ဆာဘစ်ဇာဟာ၂၀၂၁ခုနှစ်တွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းကတည်းကပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

လတ်တလောတွင်ထွက်ပေါ်နေတဲ့သတင်းအရဘိုင်ယန်မြူးနစ်ဟာဆာဘစ်ဇာအတွက်ပေါင်၁၈သန်းအလိုရှိနေတယ်လို့သတင်းထွက်နေပါတယ်။ဒါပေမဲ့လက်ရှိအချိန်တွင်ဆာဘစ်ဇာကိုယ်တိုင်ကလည်းယူနိုက်တက်သို့အပြီးသတ်ပြောင်းရွှေ့ကစားလိုနေရာယူနိုက်တက်အနေဖြင့်သက်သာတဲ့နှုန်းထားဖြင့်ခေါ်ယူလာနိုင်ဖို့ ရှိနေပါတယ်။

ZawGyi

ေႏြရာသီတြင္ ယူႏိုက္တက္သို႔ အၿပီးသတ္ေျပာင္းဖို႔ ရွိေနတဲ့ ဆာဘစ္ဇာ

မန္ခ်က္စတာယူႏိုက္တက္ဟာေႏြရာသီတြင္မာဆယ္ဆာဘစ္ဇာကိုအၿပီးသတ္ေခၚယူလာဖို႔ရွိေနေၾကာင္းေအးဂ်င့္ကအတည္ျပဳေျပာၾကားလာပါတယ္။

ဩစႀတီးယားအလယ္တန္းကစားသမားဟာဇန္နဝါရီအေျပာင္းအ႐ႊ႕ေဈးကြက္တုန္းကဘိုင္ယန္ျမဴးနစ္မွယူႏိုက္တက္သို႔ေျခာက္လအငွားျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္ခ်က္ခ်င္းပင္အံဝင္ကာအေကာင္းဆုံးကစားထားႏိုင္ပါတယ္။

ယခုအခါဆာဘစ္ဇာရဲ႕ေအးဂ်င့္ကဩစႀတီးယားလက္ေ႐ြးစင္မွာေႏြရာသီမွာအိုးထရက္ဖို႔ဒ္သို႔အၿပီးသတ္ေျပာင္းေ႐ႊ႕ႏိုင္ေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

ဆာဘစ္ဇာဟာယူႏိုက္တက္သို႔ ေျပာင္းလာၿပီးေနာက္၄ပြဲကစားထားၿပီးပြဲထြက္ကစားထားခြင့္ရထားသလိုအဲရစ္တန္ဟက္ရဲ႕ယုံၾကည္မႈရရွိေနပါတယ္။

ယခုအခါဆာဘစ္ဇာရဲ႕ေအးဂ်င့္ျဖစ္သူကေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္လာခ်ိန္တြင္မည္သို႔ျဖစ္လာမည္ကိုေစာင့္ၾကည္ရမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

တဖက္တြင္ဘိုင္ယန္ျမဴးနစ္ကိုယ္တိုင္ကလည္းဆာဘစ္ဇာကိုေရာင္းခ်ရန္တံခါးဖြင့္ထားပါတယ္။ဆာဘစ္ဇာဟာ၂၀၂၁ခုႏွစ္တြင္ဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းကတည္းကပုံမွန္ပြဲထြက္ကစားခြင့္ရရွိရန္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

လတ္တေလာတြင္ထြက္ေပၚေနတဲ့သတင္းအရဘိုင္ယန္ျမဴးနစ္ဟာဆာဘစ္ဇာအတြက္ေပါင္၁၈သန္းအလိုရွိေနတယ္လို႔သတင္းထြက္ေနပါတယ္။ဒါေပမဲ့လက္ရွိအခ်ိန္တြင္ဆာဘစ္ဇာကိုယ္တိုင္ကလည္းယူႏိုက္တက္သို႔အၿပီးသတ္ေျပာင္းေ႐ႊ႕ကစားလိုေနရာယူႏိုက္တက္အေနျဖင့္သက္သာတဲ့ႏႈန္းထားျဖင့္ေခၚယူလာႏိုင္ဖို႔ ရွိေနပါတယ္။