နွေရာသီတွင် လိုင်ယွန်မှ ထွက်ခွာမည်ဟု မမ်ဖစ်ဒီပေးအတည်ပြု

မမ်ဖစ်ဒီပေးကနွေရာသီတွင်လိုင်ယွန်မှထွက်ခွာတော့မည်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။မန်ယူတောင်ပံတိုက်စစ်သမားဟောင်းဟာဘာစီလိုနာသို့ပြောင်းမယ်လို့သတင်းထွက်နေပါတယ်။

အသက်၂၇နှစ်ရှိဒတ်ချ်လက်ရွေးစင်ကစားသမားဟာယခုရာသီအကုန်တွင်လိုင်ယွန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ယခုကဲ့သို့လိုင်ယွန်မှဒီပေး အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမှုဟာအသင်းဟောင်းမန်ယူအတွက်သတင်းဆိုးတစ်ခုဖြစ်နေပါတယ်။မန်ယူဟာဒီပေးကိုလိုင်ယွန်သို့ရောင်းချစဉ်ကသူ့ကိုရောင်းချလျှင်အကျိုးခံစားခွင့်ရရှိမယ့်အချက်ဖြင့်ရောင်းချခဲ့တာပါ။

ဒီပေးဟာယခုရာသီအကုန်တွင်လိုင်ယွန်မှထွက်ခွာမည်ဖြစ်တာကြောင့်တနင်္ဂနွေနေ့မှာကစားရမယ့်နိုက်စ်နှင့်ပွဲစဉ်ကသူ့အတွက်လိုင်ယွန်အတွက်နောက်ဆုံးပွဲဖြစ်လာပါမယ်။

ဒီပေးက “နိုက်စ်နဲ့ကစားရမယ့်တနင်္ဂနွေနေ့ပွဲကကျွန်တော့်ရဲ့လိုင်ယွန်အတွက်နောက်ဆုံးပွဲဖြစ်တယ်လို့တွေးရတာထူးဆန်းနေပါတယ်။ပရိသတ်မပါဘဲကစားရတာစိတ်မကောင်းဖြစ်ရပါတယ်။ကိုယ့်ပရိသတ်၊ကိုယ့်သူငယ်ချင်း၊ကိုယ့်မိသားစုရှေ့မှာမကစားရဘဲပရိသတ်မရှိတဲ့ကွင်းမှာနောက်ဆုံးပွဲကစားရတာအနည်းငယ်စိတ်မကောင်းဖြစ်ရပါတယ်။ဥရောပထိပ်သီးလိဂ်ငါးခုကထိပ်ဆုံးနှစ်သင်း(သို့မဟုတ်)သုံးသင်းစာရင်းဝင်တဲ့ကလပ်သို့သွားချင်ပါတယ်။ဘယ်ကိုပြောင်းဖြစ်မယ်ဆိုတာမသိရသေးပါဘူး။ဒါပေမယ့်ကျွန်တော့်မှာကအစီအစဉ်ရှိထားပြီးသားပါ”လို့ပြောကြားသွားပါတယ်။

ဒီပေးဟာလိုင်ယွန်အတွက်လီဂူး၁ပွဲ၁၃၇ပွဲကစားကာ၆၂ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး၂၀၂၀ခုနှစ်တုန်းကလိုင်ယွန်ကိုချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့အထိတက်ရောက်နိုင်အောင်ကူညီခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာမန်ယူတွင်ကစားတဲ့၁၈လတာကာလအတွင်းတွင်ပရီးမီးယားလိဂ်ဂိုး၂ဂိုးတည်းသာသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေႏြရာသီတြင္ လိုင္ယြန္မွ ထြက္ခြာမည္ဟု မမ္ဖစ္ဒီေပးအတည္ျပဳ

မမ္ဖစ္ဒီေပးကေႏြရာသီတြင္လိုင္ယြန္မွထြက္ခြာေတာ့မည္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။မန္ယူေတာင္ပံတိုက္စစ္သမားေဟာင္းဟာဘာစီလိုနာသို႔ေျပာင္းမယ္လို႔သတင္းထြက္ေနပါတယ္။

အသက္၂၇ႏွစ္ရွိဒတ္ခ်္လက္ေ႐ြးစင္ကစားသမားဟာယခုရာသီအကုန္တြင္လိုင္ယြန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ယခုကဲ့သို႔လိုင္ယြန္မွဒီေပး အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမႈဟာအသင္းေဟာင္းမန္ယူအတြက္သတင္းဆိုးတစ္ခုျဖစ္ေနပါတယ္။မန္ယူဟာဒီေပးကိုလိုင္ယြန္သို႔ေရာင္းခ်စဥ္ကသူ႔ကိုေရာင္းခ်လွ်င္အက်ိဳးခံစားခြင့္ရရွိမယ့္အခ်က္ျဖင့္ေရာင္းခ်ခဲ့တာပါ။

ဒီေပးဟာယခုရာသီအကုန္တြင္လိုင္ယြန္မွထြက္ခြာမည္ျဖစ္တာေၾကာင့္တနဂၤေႏြေန႔မွာကစားရမယ့္ႏိုက္စ္ႏွင့္ပြဲစဥ္ကသူ႔အတြက္လိုင္ယြန္အတြက္ေနာက္ဆုံးပြဲျဖစ္လာပါမယ္။

ဒီေပးက “ႏိုက္စ္နဲ႔ကစားရမယ့္တနဂၤေႏြေန႔ပြဲကကြၽန္ေတာ့္ရဲ႕လိုင္ယြန္အတြက္ေနာက္ဆုံးပြဲျဖစ္တယ္လို႔ေတြးရတာထူးဆန္းေနပါတယ္။ပရိသတ္မပါဘဲကစားရတာစိတ္မေကာင္းျဖစ္ရပါတယ္။ကိုယ့္ပရိသတ္၊ကိုယ့္သူငယ္ခ်င္း၊ကိုယ့္မိသားစုေရွ႕မွာမကစားရဘဲပရိသတ္မရွိတဲ့ကြင္းမွာေနာက္ဆုံးပြဲကစားရတာအနည္းငယ္စိတ္မေကာင္းျဖစ္ရပါတယ္။ဥေရာပထိပ္သီးလိဂ္ငါးခုကထိပ္ဆုံးႏွစ္သင္း(သို႔မဟုတ္)သုံးသင္းစာရင္းဝင္တဲ့ကလပ္သို႔သြားခ်င္ပါတယ္။ဘယ္ကိုေျပာင္းျဖစ္မယ္ဆိုတာမသိရေသးပါဘူး။ဒါေပမယ့္ကြၽန္ေတာ့္မွာကအစီအစဥ္ရွိထားၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။

ဒီေပးဟာလိုင္ယြန္အတြက္လီဂူး၁ပြဲ၁၃၇ပြဲကစားကာ၆၂ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး၂၀၂၀ခုႏွစ္တုန္းကလိုင္ယြန္ကိုခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္သို႔အထိတက္ေရာက္ႏိုင္ေအာင္ကူညီခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာမန္ယူတြင္ကစားတဲ့၁၈လတာကာလအတြင္းတြင္ပရီးမီးယားလိဂ္ဂိုး၂ဂိုးတည္းသာသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။