နွေရာသီတွင် ဟာလန်းခေါ်ယူလိုတဲ့ ကလပ်အနေဖြင့် ငွေကြေး ဘယ်လောက် အသုံးပြုရမလဲ?

လာမယ့်နွေရာသီတွင်အာလင်းဟာလန်းကိုခေါ်ယူလိုတဲ့ကလပ်အနေဖြင့် အနည်းဆုံးယူရိုသန်း၃၅၀အသုံးပြုရမှာဖြစ်ကြောင်းသိရပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟာဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသူဖြစ်ပြီးဥရောပထိပ်သီးကလပ်တိုင်းရဲ့အလိုရှိခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဒေါ့မွန်အတွက်၆၉ပွဲကစားထားရာမှာဂိုးအထိ၇၀အထိသွင်းယူထားတဲ့ဟာလန်းဟာလာမယ့်နွေရာသီမှာကလပ်သစ်သို့ပြောင်းမယ်လို့ယုံကြည်ရပါတယ်။

ယနေ့မှာ AS သတင်းစာကအာလင်းဟာလန်းကိုခေါ်ယူလိုတဲ့ကလပ်အနေဖြင့်ငွေကြေးဘယ်လောက်ကုန်ကျလာမလဲဆိုတာဖော်ပြလာပါတယ်။

AS ကကလပ်အနေဖြင့်ဟာလန်းကိုခေါ်ယူရန်ပြောင်းရွှေ့ကြေးအနည်းဆုံးယူရိုသန်း၁၀၀ အသုံးပြုရမှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။ကစားသမားကလုပ်ခတစ်နှစ်ယူရို၂၅သန်းတောင်းဆိုထားတဲ့အပြင်နောက်ဆက်တွဲအဖြစ်စုစုပေါင်းယူရိုသန်း၅၀လည်းအလိုရှိနေပါတယ်။

သူနှင့်အေးဂျင့်မီနိုရိုင်အိုလာတို့ကငါးနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ရာ စုစုပေါင်းလုပ်ခအသုံးစရိတ်အဖြစ်ယူရိုသန်း၂၅၀သုံးရပါမယ်။

ဒတ်ချ်လူမျိုးအေးဂျင့်မီနိုရိုင်အိုလာဟာ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလတုန်းကဟာလန်းကိုဆဲလ်ဘတ်မှဒေါ့မွန်သို့ပြောင်းရွှေ့ကြေးယူရို၁၇.၁သန်းဖြင့်ပြောင်းခဲ့ရာမှာယူရို၁၄သန်းအထိရရှိခဲ့ပါတယ်။ဟာလန်းရဲ့ဖခင်ဖြစ်သူမှာလည်းသားဖြစ်သူရဲ့အပြောင်းအရွှေ့မှယူရို၇သန်းရခဲ့ပါတယ်။

မီနိုရိုင်အိုလာဟာလာမယ့်ဟာလန်းရဲ့အပြောင်းအရွှေ့တွင်လည်းများစွာ ငွေရရှိလာဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဟာလန်းကိုခေါ်ယူဖို့ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်၊ဘာစီလိုနာ၊ပီအက်စ်ဂျီ၊မန်ယူ၊ချဲလ်ဆီး၊လီဗာပူး၊မန်စီးတီးတို့ကစိတ်ဝင်စားနေပါတယ်။

ZawGyi

ေႏြရာသီတြင္ ဟာလန္းေခၚယူလိုတဲ့ ကလပ္အေနျဖင့္ ေငြေၾကး ဘယ္ေလာက္ အသုံးျပဳရမလဲ?

လာမယ့္ေႏြရာသီတြင္အာလင္းဟာလန္းကိုေခၚယူလိုတဲ့ကလပ္အေနျဖင့္ အနည္းဆုံးယူ႐ိုသန္း၃၅၀အသုံးျပဳရမွာျဖစ္ေၾကာင္းသိရပါတယ္။

ေဒါ့မြန္တိုက္စစ္မႉးဟာဥေရာပရဲ႕အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနသူျဖစ္ၿပီးဥေရာပထိပ္သီးကလပ္တိုင္းရဲ႕အလိုရွိျခင္းခံေနရသူလည္းျဖစ္ပါတယ္။

ေဒါ့မြန္အတြက္၆၉ပြဲကစားထားရာမွာဂိုးအထိ၇၀အထိသြင္းယူထားတဲ့ဟာလန္းဟာလာမယ့္ေႏြရာသီမွာကလပ္သစ္သို႔ေျပာင္းမယ္လို႔ယုံၾကည္ရပါတယ္။

ယေန႔မွာ AS သတင္းစာကအာလင္းဟာလန္းကိုေခၚယူလိုတဲ့ကလပ္အေနျဖင့္ေငြေၾကးဘယ္ေလာက္ကုန္က်လာမလဲဆိုတာေဖာ္ျပလာပါတယ္။

AS ကကလပ္အေနျဖင့္ဟာလန္းကိုေခၚယူရန္ေျပာင္းေ႐ႊ႕ေၾကးအနည္းဆုံးယူ႐ိုသန္း၁၀၀ အသုံးျပဳရမွာျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။ကစားသမားကလုပ္ခတစ္ႏွစ္ယူ႐ို၂၅သန္းေတာင္းဆိုထားတဲ့အျပင္ေနာက္ဆက္တြဲအျဖစ္စုစုေပါင္းယူ႐ိုသန္း၅၀လည္းအလိုရွိေနပါတယ္။

သူႏွင့္ေအးဂ်င့္မီႏို႐ိုင္အိုလာတို႔ကငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ရာ စုစုေပါင္းလုပ္ခအသုံးစရိတ္အျဖစ္ယူ႐ိုသန္း၂၅၀သုံးရပါမယ္။

ဒတ္ခ်္လူမ်ိဳးေအးဂ်င့္မီႏို႐ိုင္အိုလာဟာ၂၀၂၀ခုႏွစ္၊ဒီဇင္ဘာလတုန္းကဟာလန္းကိုဆဲလ္ဘတ္မွေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၁၇.၁သန္းျဖင့္ေျပာင္းခဲ့ရာမွာယူ႐ို၁၄သန္းအထိရရွိခဲ့ပါတယ္။ဟာလန္းရဲ႕ဖခင္ျဖစ္သူမွာလည္းသားျဖစ္သူရဲ႕အေျပာင္းအေ႐ႊ႕မွယူ႐ို၇သန္းရခဲ့ပါတယ္။

မီႏို႐ိုင္အိုလာဟာလာမယ့္ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕တြင္လည္းမ်ားစြာ ေငြရရွိလာဦးမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဟာလန္းကိုေခၚယူဖို႔ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္၊ဘာစီလိုနာ၊ပီအက္စ္ဂ်ီ၊မန္ယူ၊ခ်ဲလ္ဆီး၊လီဗာပူး၊မန္စီးတီးတို႔ကစိတ္ဝင္စားေနပါတယ္။