နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည်စိုး၍ ဆာလီဘာကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရေး အာဆင်နယ်ဆွေးနွေး

အာဆင်နယ်ဟာလာမယ့်နွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမည်စိုးရိမ်နေမှုနှင့်အတူဗဟိုနောက်ခံလူဝီလီယမ်ဆာလီဘာကိုနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးနေပြီဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိပြင်သစ်လက်ရွေးစင်ဗဟိုနောက်ခံလူဆာလီဘာဟာ၂၀၁၉ခုနှစ်တွင်စိန့်အက်တီယန်မှအာဆင်နယ်သို့ပေါင်၂၇သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာစိန့်အက်တီယန်၊နိုက်စ်၊မာဆေးလ်သို့အငှားဖြင့်သွားကစားခဲ့ရပြီးယခုရာသီတွင်မှအာဆင်နယ်အတွက်ကစားခွင့်ရလာခဲ့တာဖြစ်ပါတယ်။

သူဟာယခုရာသီတွင်အာဆင်နယ်ဗဟိုခံစစ်တွင်အရေးပါတဲ့သူအဖြစ်ကစားပြီး၁၇ပွဲကစားခဲ့ရာမှာ၈ပွဲဂိုးမပေးရအောင်စွမ်းဆောင်ပေးထားနိုင်ပါတယ်။ဒါ့အပြင်အာဆင်နယ်ဟာယခုရာသီတွင်ပေးဂိုး၁၄ဂိုးတည်းသာရှိပါတယ်။

ဒါပေမဲ့သူ့စာချုပ်ကလာမယ့်နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ရာအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်ပါမယ်။အာဆင်နယ်အနေဖြင့်ဆာလီဘာရဲ့စာချုပ်တွင်၁၂လသက်တမ်းတိုးနိုင်မဲ့အချက်ကိုထည့်သွင်းထားပေမဲ့စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။

ယခုအခါမှာတော့အာဆင်နယ်ဟာဆာလီဘာကိုနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်ဆွေးနွေးမှုပြုလုပ်လာနေပြီဖြစ်ပါတယ်။အာဆင်နယ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ဆာလီဘာကိုစာချုပ်သစ်ချုပ်ဆိုနိုင်ရန်လည်းမျှော်လင့်နေပါတယ်။

ZawGyi






