နွေရာသီတွင် အသင်းဟောင်းသို့ ပြန်ဖို့ ကြိုးစားသွားမယ့် မက်ဒရစ်အရှုံးသမားဟာဇက်

အေဒင်ဟာဇက်ဟာနွေရာသီတွင်အသင်းဟောင်းချဲလ်ဆီးသို့ပြန်ကာရီးရဲလ်မက်ဒရစ်တွင်ကြုံတွေ့နေရတဲ့ဆိုးရွားမှုများကိုအဆုံးသတ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

အသက်၃၀နှစ်ရှိဘယ်လ်ဂျီယံတောင်ပံတိုက်စစ်သမားဟာချဲလ်ဆီးတွင်ပရိသတ်အချစ်တော်ဖြစ်ခဲ့သူဖြစ်ပြီး၂၀၁၉ခုနှစ်တွင်ယူရိုသန်း၁၀၀ဖြင့်ရီးရဲလ်မက်ဒရစ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်အတွင်းဒဏ်ရာပြဿနာပေါင်းများစွာနှင့်ရင်ဆိုင်ရကာခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။

၂၀၂၄ခုနှစ်အထိရီးရဲလ်မက်ဒရစ်နှင့်စာချုပ်ချုပ်ဆိုထားတဲ့သူဟာယခုရာသီမှာရီးရဲလ်မက်ဒရစ်အတွက်လာလီဂါပွဲ၁၄ပွဲတည်းသာကစားထားနိုင်ခဲ့ပါတယ်။

သူဟာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်အသင်းဟောင်းချဲလ်ဆီးကိုရှုံးနိမ့်ပြီးနောက်ကစားဖော်ဟောင်းများနှင့်ရယ်မောနေမှုအတွက်စပိန်မီဒီယာများရဲ့အပြင်းအထန်ဝေဖန်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်။

ယနေ့မှာစပိန်မီဒီယာများကသူဟာနွေရာသီတွင်အသင်းဟောင်းချဲလ်ဆီးသို့ပြန်လည်ဆန္ဒပြင်းပြနေကြောင်းဖော်ပြလာပါတယ်။

သူဟာချဲလ်ဆီးနှင့်အတူပရီးမီးယားလိဂ်ဖလား၂ကြိမ်၊ယူရိုပါလိဂ်ဖလား၂ကြိမ်၊အက်ဖ်အေဖလားနှင့်လိဂ်ဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီတွင်အသင်းကိုအပြောင်းအလဲများအကြီးအကျယ်ပြုလုပ်ရန်စီစဉ်နေပါတယ်။

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာအေဒင်ဟာဇက်ကိုယူရို၅၀အရှုံးခံပြီးယူရိုသန်း၅၀ဖြင့်ပြန်လည်ရောင်းချရန်အသင့်ရှိနေပါတယ်။

ZawGyi

ေႏြရာသီတြင္ အသင္းေဟာင္းသို႔ ျပန္ဖို႔ ႀကိဳးစားသြားမယ့္ မက္ဒရစ္အရႈံးသမားဟာဇက္

ေအဒင္ဟာဇက္ဟာေႏြရာသီတြင္အသင္းေဟာင္းခ်ဲလ္ဆီးသို႔ျပန္ကာရီးရဲလ္မက္ဒရစ္တြင္ႀကဳံေတြ႕ေနရတဲ့ဆိုး႐ြားမႈမ်ားကိုအဆုံးသတ္ရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။

အသက္၃၀ႏွစ္ရွိဘယ္လ္ဂ်ီယံေတာင္ပံတိုက္စစ္သမားဟာခ်ဲလ္ဆီးတြင္ပရိသတ္အခ်စ္ေတာ္ျဖစ္ခဲ့သူျဖစ္ၿပီး၂၀၁၉ခုႏွစ္တြင္ယူ႐ိုသန္း၁၀၀ျဖင့္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္အတြင္းဒဏ္ရာျပႆနာေပါင္းမ်ားစြာႏွင့္ရင္ဆိုင္ရကာေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့ပါဘူး။

၂၀၂၄ခုႏွစ္အထိရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့သူဟာယခုရာသီမွာရီးရဲလ္မက္ဒရစ္အတြက္လာလီဂါပြဲ၁၄ပြဲတည္းသာကစားထားႏိုင္ခဲ့ပါတယ္။

သူဟာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တြင္အသင္းေဟာင္းခ်ဲလ္ဆီးကိုရႈံးနိမ့္ၿပီးေနာက္ကစားေဖာ္ေဟာင္းမ်ားႏွင့္ရယ္ေမာေနမႈအတြက္စပိန္မီဒီယာမ်ားရဲ႕အျပင္းအထန္ေဝဖန္မႈခံခဲ့ရသူလည္းျဖစ္ပါတယ္။

ယေန႔မွာစပိန္မီဒီယာမ်ားကသူဟာေႏြရာသီတြင္အသင္းေဟာင္းခ်ဲလ္ဆီးသို႔ျပန္လည္ဆႏၵျပင္းျပေနေၾကာင္းေဖာ္ျပလာပါတယ္။

သူဟာခ်ဲလ္ဆီးႏွင့္အတူပရီးမီးယားလိဂ္ဖလား၂ႀကိမ္၊ယူ႐ိုပါလိဂ္ဖလား၂ႀကိမ္၊အက္ဖ္ေအဖလားႏွင့္လိဂ္ဖလားတို႔ဆြတ္ခူးခဲ့ဖူးပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ေႏြရာသီတြင္အသင္းကိုအေျပာင္းအလဲမ်ားအႀကီးအက်ယ္ျပဳလုပ္ရန္စီစဥ္ေနပါတယ္။

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာေအဒင္ဟာဇက္ကိုယူ႐ို၅၀အရႈံးခံၿပီးယူ႐ိုသန္း၅၀ျဖင့္ျပန္လည္ေရာင္းခ်ရန္အသင့္ရွိေနပါတယ္။