နှင်းမုန်တိုင်းကြားထဲတွင် အိုဆာဆူနာပွဲကို ကစားစေမှုအတွက် ဇီဒန်းပေါက်ကွဲ

ဇီဒန်းဟာနှင်းမုန်တိုင်းတိုက်ခတ်နေတဲ့ကာလအတွင်းတွင်အိုဆာဆူနာနှင့်လာလီဂါပွဲစဉ်အားကစားစေမှု အတွက်အပြင်းအထန်ဝေဖန်ပြောကြားလိုက်ပါတယ်။

စပိန်တွင် Storm Filomena နှင်းမုန်တိုင်းတိုက်ခတ်လျက်ရှိပြီးစနေနေ့ကအက်သလက်တီကိုမက်ဒရစ်ရဲ့ ဘီလ်ဘာအိုနှင့်ပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့ရပြီးဖြစ်ပါတယ်၊။

ရီးရဲလ်မက်ဒရစ်ဟာဘီလ်ဘာအိုပွဲကစားရန်နှင်းမုန်တိုင်းကြားထဲမှပွမ်ပလိုနာသို့ခရီးထွက်ခွာခဲ့ရပြီးနှင်းများပိတ်ဆို့နေမှု ကြောင့်လေယာဉ်ထက်တွင်သုံးနာရီကျော်ကြာပိတ်မိခဲ့ပါတယ်။

ပွမ်ပလိုနာတွင်နှင်းမုန်တိုင်းတိုက်ခတ်နေရာအိုဆာဆူနာရဲ့အယ်လ်ဆာဒါကွင်းမှာနှင်းများဖြင့်ပြည့်လျှံ လျက်ရှိပြီးနှစ်သင်းစလုံးအကောင်းဆုံးကစားနိုင်ရန်ရုန်းကန်ခဲ့ရကာဂိုးမရှိသရေဖြင့်ပြီးဆုံးသွားပါတယ်။

ဇီဒန်းက “ကွင်းထဲမှာကျွန်တော်တို့လုပ်နိုင်သလောက်လုပ်ခဲ့ပါတယ်။ဒါပေမယ့်ဒါကဘောလုံးပွဲမဟုတ်ပါ ဘူး။အခြေအနေကတော်တော်ဆိုးဆိုးရွားရွားပါပဲ”လို့ပြောကြားသွားပါတယ်။

မက်ဒရစ်မှာလည်းနှင်းများဖုံးလွှမ်းနေရာရီးရဲလ်မက်ဒရစ်အသင်းဟာပွမ်ပလိုနာတွင်တစ်ရက်နေပြီးမှ မက်ဒရစ်သို့ပြန်ရဖို့ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာအိုဆာဆူနာနှင့်ပွဲကိုညနေပိုင်းတွင်မကစားစေဘဲနေ့လည်ပိုင်းတွင်ကစားစေကာ ပွဲချိန်ပြောင်းလဲကြိုးပမ်းခဲ့ပါသေးတယ်။

ZawGyi

ႏွင္းမုန္တိုင္းၾကားထဲတြင္ အိုဆာဆူနာပြဲကို ကစားေစမႈအတြက္ ဇီဒန္းေပါက္ကြဲ

ဇီဒန္းဟာႏွင္းမုန္တိုင္းတိုက္ခတ္ေနတဲ့ကာလအတြင္းတြင္အိုဆာဆူနာႏွင့္လာလီဂါပြဲစဥ္အားကစားေစမႈ အတြက္အျပင္းအထန္ေဝဖန္ေျပာၾကားလိုက္ပါတယ္။

စပိန္တြင္ Storm Filomena ႏွင္းမုန္တိုင္းတိုက္ခတ္လ်က္ရွိၿပီးစေနေန႔ကအက္သလက္တီကိုမက္ဒရစ္ရဲ႕ ဘီလ္ဘာအိုႏွင့္ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းခဲ့ရၿပီးျဖစ္ပါတယ္၊။

ရီးရဲလ္မက္ဒရစ္ဟာဘီလ္ဘာအိုပြဲကစားရန္ႏွင္းမုန္တိုင္းၾကားထဲမွပြမ္ပလိုနာသို႔ခရီးထြက္ခြာခဲ့ရၿပီးႏွင္းမ်ားပိတ္ဆို႔ေနမႈ ေၾကာင့္ေလယာဥ္ထက္တြင္သုံးနာရီေက်ာ္ၾကာပိတ္မိခဲ့ပါတယ္။

ပြမ္ပလိုနာတြင္ႏွင္းမုန္တိုင္းတိုက္ခတ္ေနရာအိုဆာဆူနာရဲ႕အယ္လ္ဆာဒါကြင္းမွာႏွင္းမ်ားျဖင့္ျပည့္လွ်ံ လ်က္ရွိၿပီးႏွစ္သင္းစလုံးအေကာင္းဆုံးကစားႏိုင္ရန္႐ုန္းကန္ခဲ့ရကာဂိုးမရွိသေရျဖင့္ၿပီးဆုံးသြားပါတယ္။

ဇီဒန္းက “ကြင္းထဲမွာကြၽန္ေတာ္တို႔လုပ္ႏိုင္သေလာက္လုပ္ခဲ့ပါတယ္။ဒါေပမယ့္ဒါကေဘာလုံးပြဲမဟုတ္ပါ ဘူး။အေျခအေနကေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားပါပဲ”လို႔ေျပာၾကားသြားပါတယ္။

မက္ဒရစ္မွာလည္းႏွင္းမ်ားဖုံးလႊမ္းေနရာရီးရဲလ္မက္ဒရစ္အသင္းဟာပြမ္ပလိုနာတြင္တစ္ရက္ေနၿပီးမွ မက္ဒရစ္သို႔ျပန္ရဖို႔ရွိပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာအိုဆာဆူနာႏွင့္ပြဲကိုညေနပိုင္းတြင္မကစားေစဘဲေန႔လည္ပိုင္းတြင္ကစားေစကာ ပြဲခ်ိန္ေျပာင္းလဲႀကိဳးပမ္းခဲ့ပါေသးတယ္။