နှင်းမုန်တိုင်းကြောင့် လေယာဉ်တွင် သုံးနာရီခွဲကြာ ပိတ်မိခဲ့ပြီးနောက် အိုဆာဆူနာပွဲ အချိန်ပြောင်းလဲ ကစားနိုင်ရန် ရီးရဲလ် ကြိုးပမ်း

ရီးရဲလ်မက်ဒရစ်ဟာနှင်းမုန်တိုင်းကြောင့်ဘာရာဂျက်စ်လေဆိပ်တွင်သုံးနာရီခွဲကြာပိတ်မိပြီးနောက်ယနေ့တွင်ကစားရမယ့် အိုဆာဆူနာနှင့်ပွဲစဉ်အားအချိန်ပြောင်းလဲကြိုးပမ်းရန် တာဝန်ရှိသူများကို တိုက်တွန်းနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာရာသီဥတုဆိုးရွားနေမှုကြောင့်စနေနေ့ပွဲအတွက်သောကြာနေ့ကတည်းကတစ်ရက်စောကာ သွားရောက်ရန် စီစဉ်ခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းတွင်စီစဉ်ထားသလိုမဖြစ်လာခဲ့ဘဲမြောက်ပိုင်းမြို့တော် ပွန်ပလိုနာသို့ ညနေ ၇ နာရီအချိန်တွင် သွားရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

၎င်းတို့ဟာလေယာဉ်ထက်မှာသုံးနာရီခွဲကြာပိတ်မိနေခဲ့ပြီးညဆယ်နာရီခွဲခန့်အချိန်တွင်မှထွက်ခွာနိုင်ခဲ့ကာည၁၁း၁၅ အချိန်တွင်ပွန်ပလိုနာသို့ရောက်ပါတယ်။

ယခုအခါ Strom Filomena ကြောင့် ရာသီဥတုအခြေအနေမှာဆိုးရွားသထက်ဆိုးရွားနေပြီးရီးရဲလ်မက်ဒရစ်က အိုဆာဆူနာနှင့်ပွဲကိုည၉နာရီတွင်ကစားရန်စီစဉ်ထားမှုအားနေ့လည်ပိုင်းအချိန်သို့ရှေ့တိုးကျင်းပသင့်ကြောင်းလာလီဂါတာဝန်ရှိသူများအားတောင်းဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကရာသီဥတုအခြေအနေမှာဆိုးရွားနေခြင်းကြောင့်သတ်မှတ်အချိန်အတိုင်းပွဲကစားမည်ဆိုပါက ပွဲကို ရွှေ့ဆိုင်းရနိုင်တဲ့အထိဖြစ်လာနိုင်ကြောင်းဆိုထားပါတယ်။

ပွမ်ပလိုနာတွင်နှင်းများအလွန်ကျနေသလိုမက်ဒရစ်တွင်လည်းနှင်းမုန်တိုင်းကျနေပါတယ်။မက်ဒရစ်မြို့တော်ဝန်ဟို ဆေးလူးဝစ်မာတီနက်ဇ်အယ်မိုင်ဒါကမလိုအပ်ဘဲမပြင်မထွက်ကြရန်ပြည်သူများကိုတိုက်တွန်းထားပါတယ်။

ZawGyi

ႏွင္းမုန္တိုင္းေၾကာင့္ ေလယာဥ္တြင္ သုံးနာရီခြဲၾကာ ပိတ္မိခဲ့ၿပီးေနာက္ အိုဆာဆူနာပြဲ အခ်ိန္ေျပာင္းလဲ ကစားႏိုင္ရန္ ရီးရဲလ္ ႀကိဳးပမ္း

ရီးရဲလ္မက္ဒရစ္ဟာႏွင္းမုန္တိုင္းေၾကာင့္ဘာရာဂ်က္စ္ေလဆိပ္တြင္သုံးနာရီခြဲၾကာပိတ္မိၿပီးေနာက္ယေန႔တြင္ကစားရမယ့္ အိုဆာဆူနာႏွင့္ပြဲစဥ္အားအခ်ိန္ေျပာင္းလဲႀကိဳးပမ္းရန္ တာဝန္ရွိသူမ်ားကို တိုက္တြန္းေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာရာသီဥတုဆိုး႐ြားေနမႈေၾကာင့္စေနေန႔ပြဲအတြက္ေသာၾကာေန႔ကတည္းကတစ္ရက္ေစာကာ သြားေရာက္ရန္ စီစဥ္ခဲ့ပါတယ္။ဒါေပမယ့္တကယ္တမ္းတြင္စီစဥ္ထားသလိုမျဖစ္လာခဲ့ဘဲေျမာက္ပိုင္းၿမိဳ႕ေတာ္ ပြန္ပလိုနာသို႔ ညေန ၇ နာရီအခ်ိန္တြင္ သြားေရာက္ႏိုင္ျခင္းမရွိခဲ့ပါဘူး။

၎တို႔ဟာေလယာဥ္ထက္မွာသုံးနာရီခြဲၾကာပိတ္မိေနခဲ့ၿပီးညဆယ္နာရီခြဲခန႔္အခ်ိန္တြင္မွထြက္ခြာႏိုင္ခဲ့ကာည၁၁း၁၅ အခ်ိန္တြင္ပြန္ပလိုနာသို႔ေရာက္ပါတယ္။

ယခုအခါ Strom Filomena ေၾကာင့္ ရာသီဥတုအေျခအေနမွာဆိုး႐ြားသထက္ဆိုး႐ြားေနၿပီးရီးရဲလ္မက္ဒရစ္က အိုဆာဆူနာႏွင့္ပြဲကိုည၉နာရီတြင္ကစားရန္စီစဥ္ထားမႈအားေန႔လည္ပိုင္းအခ်ိန္သို႔ေရွ႕တိုးက်င္းပသင့္ေၾကာင္းလာလီဂါတာဝန္ရွိသူမ်ားအားေတာင္းဆိုထားပါတယ္။

ရီးရဲလ္မက္ဒရစ္ကရာသီဥတုအေျခအေနမွာဆိုး႐ြားေနျခင္းေၾကာင့္သတ္မွတ္အခ်ိန္အတိုင္းပြဲကစားမည္ဆိုပါက ပြဲကို ေ႐ႊ႕ဆိုင္းရႏိုင္တဲ့အထိျဖစ္လာႏိုင္ေၾကာင္းဆိုထားပါတယ္။

ပြမ္ပလိုနာတြင္ႏွင္းမ်ားအလြန္က်ေနသလိုမက္ဒရစ္တြင္လည္းႏွင္းမုန္တိုင္းက်ေနပါတယ္။မက္ဒရစ္ၿမိဳ႕ေတာ္ဝန္ဟို ေဆးလူးဝစ္မာတီနက္ဇ္အယ္မိုင္ဒါကမလိုအပ္ဘဲမျပင္မထြက္ၾကရန္ျပည္သူမ်ားကိုတိုက္တြန္းထားပါတယ္။