နှစ်ကူးတွင် မန်စီးတီးကို ၇ မှတ်ဖြတ်ထားနိုင်မှုကြောင့် လက်သည်းကိုက်နေရကြောင်း ဆာကာဖွင့်ဟလာ

ဘူကာယိုဆာကာဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရမှတ်၇မှတ်ဖြတ်ကာရပ်တည်နေတဲ့အာဆင်နယ်ကိုအလေးပြုလာပါတယ်။

ဘူကာယိုဆာကာဟာမနေ့ညတုန်းကဘရိုက်တန်ကို၄-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်အာဆင်နယ်အတွက်ပွဲအစနှစ်မိနစ်မှာပင်ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာမန်စီးတီးကအဲဗာတန်ကိုတစ်ဂိုးစီသရေကျသွားမှုနဲ့အတူ ဘရိုက်တန်နိုင်ပွဲကြောင့်ရမှတ်၇မှတ်အထိဖြတ်ထားလာနိုင်ခဲ့ပါတယ်။

တောင်ပံကစားသမားဆာကာက “ရမှတ်ဆိုတာကြားရကတည်းကအံ့ဩစရာကောင်းပါတယ်။ရာသီအစတုန်းကဒါမျိုးလာပြောရင်လက်သည်းကိုက်နေမိမှာသေချာတယ်။အခုကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုနေရာကောင်းတစ်ခုသို့ပို့ဆောင်နိုင်ခဲ့တယ်။ဒါပေမဲ့အခုလာမယ့်နယူးကာဆယ်ပွဲကိုအာရုံစိုက်နေပါပြီ။သူဘယ်လောက်ကောင်းအောင်ကစားနိုင်တယ်ဆိုတာသိပြီးသားပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာဆာကာ၊မာတီနယ်လီ၊အိုဒီဂတ်၊နကီတာတို့ရဲ့ဂိုးဖြင့်ဘရိုက်တန်ကို၄-၂ဖြင့်အနိုင်ရရှိကာ၂၀၂၃ခုနှစ်ထဲသို့နိုင်ပွဲဖြင့်တိုးဝင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့အာဆင်နယ်နည်းပြအာတီတာကတော့ ဘရိုက်တန်ကို၃ဂိုးအသာဖြင့်ဦးဆောင်ပြီးမှနှစ်ဂိုးပေးခဲ့ရမှုကြောင့်အာဆင်နယ်တွင်လိုအပ်ချက်များရှိနေဆဲဖြစ်ပြီးခံစစ်ပိုင်းကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

ZawGyi

ႏွစ္ကူးတြင္ မန္စီးတီးကို ၇ မွတ္ျဖတ္ထားႏိုင္မႈေၾကာင့္ လက္သည္းကိုက္ေနရေၾကာင္း ဆာကာဖြင့္ဟလာ

ဘူကာယိုဆာကာဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရမွတ္၇မွတ္ျဖတ္ကာရပ္တည္ေနတဲ့အာဆင္နယ္ကိုအေလးျပဳလာပါတယ္။

ဘူကာယိုဆာကာဟာမေန႔ညတုန္းကဘ႐ိုက္တန္ကို၄-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္အာဆင္နယ္အတြက္ပြဲအစႏွစ္မိနစ္မွာပင္ဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာမန္စီးတီးကအဲဗာတန္ကိုတစ္ဂိုးစီသေရက်သြားမႈနဲ႔အတူ ဘ႐ိုက္တန္ႏိုင္ပြဲေၾကာင့္ရမွတ္၇မွတ္အထိျဖတ္ထားလာႏိုင္ခဲ့ပါတယ္။

ေတာင္ပံကစားသမားဆာကာက “ရမွတ္ဆိုတာၾကားရကတည္းကအံ့ဩစရာေကာင္းပါတယ္။ရာသီအစတုန္းကဒါမ်ိဳးလာေျပာရင္လက္သည္းကိုက္ေနမိမွာေသခ်ာတယ္။အခုကြၽန္ေတာ္တို႔ဟာကိုယ့္ကိုယ္ကိုေနရာေကာင္းတစ္ခုသို႔ပို႔ေဆာင္ႏိုင္ခဲ့တယ္။ဒါေပမဲ့အခုလာမယ့္နယူးကာဆယ္ပြဲကိုအာ႐ုံစိုက္ေနပါၿပီ။သူဘယ္ေလာက္ေကာင္းေအာင္ကစားႏိုင္တယ္ဆိုတာသိၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာဆာကာ၊မာတီနယ္လီ၊အိုဒီဂတ္၊နကီတာတို႔ရဲ႕ဂိုးျဖင့္ဘ႐ိုက္တန္ကို၄-၂ျဖင့္အႏိုင္ရရွိကာ၂၀၂၃ခုႏွစ္ထဲသို႔ႏိုင္ပြဲျဖင့္တိုးဝင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့အာဆင္နယ္နည္းျပအာတီတာကေတာ့ ဘ႐ိုက္တန္ကို၃ဂိုးအသာျဖင့္ဦးေဆာင္ၿပီးမွႏွစ္ဂိုးေပးခဲ့ရမႈေၾကာင့္အာဆင္နယ္တြင္လိုအပ္ခ်က္မ်ားရွိေနဆဲျဖစ္ၿပီးခံစစ္ပိုင္းကိုပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရဦးမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။