နှစ်ဆင့်ကာကွယ်ပြီး မန်ယူကို အဝေးကွင်း ၂၈ ပွဲဆက်ရှုံးပွဲမရှိစံချိန်သစ် ရယူပေးခဲ့တဲ့ ဒီဂီယာ

မန်ယူဂိုးသမားဒေးဗစ်ဒီဂီယာဟာဝုဗ်နှင့်ပွဲတွင်အံ့ဩစရာကောင်းတဲ့နှစ်ဆင့်ကာကွယ်မှုပြုလုပ်ပြီးဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အသက်၃၀နှစ်ရှိစပိန်ဂိုးသမားဟာမော်ရိုကိုစတားရိုမိန်းဆိုက်စ်ရဲ့အနီးကပ်အပိုင်ကန်ချက်နှစ်ကြိမ်ကိုဆက်တိုက်ကာကွယ်ပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂီယာဟာမန်ယူနှင့်ဝုဗ်တို့ဂိုးမရှိသရေကျနေတဲ့ပွဲချိန်၆၉မိနစ်မှာကာကွယ်ပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂီယာကအံ့မခန်းကာကွယ်မှုပြုလုပ်ပြီးနောက်၁၀မိနစ်အကြာမှာမေဆင်ဂရင်းဝုဒ်ကမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

မန်ယူဟာဝုဗ်နိုင်ပွဲကြောင့်ပရီးမီးယားလိဂ်မှာအဝေးကွင်း၂၈ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းရယူနိုင်ခဲ့ပါတယ်။

ဒီဂီယာရဲ့ကာကွယ်မှုအပေါ်လီဗာပူးဂန္ထဝင်နောက်ခံလူကာရေဂါက “ဒီဂီယာဟာပြီးခဲ့တဲ့နှစ်တွေမှာဝေဖန်မှုတွေအများကြီးကြုံခဲ့ရပါတယ်။ဒါပေမယ့်ဒီဂီယာဟာကာကွယ်မှုတွေကိုတော့ပုံမှန်လုပ်လာတဲ့သူဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒီဂီယာဟာမေလတုန်းကဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ပင်နယ်တီ၁၁ကြိမ်လုံးကိုမကာကွယ်နိုင်ခဲ့တဲ့အပြင်ကိုယ်တိုင်ပင်နယ်တီမဝင်ခဲ့မှုကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ကြုံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

ႏွစ္ဆင့္ကာကြယ္ၿပီး မန္ယူကို အေဝးကြင္း ၂၈ ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္သစ္ ရယူေပးခဲ့တဲ့ ဒီဂီယာ

မန္ယူဂိုးသမားေဒးဗစ္ဒီဂီယာဟာဝုဗ္ႏွင့္ပြဲတြင္အံ့ဩစရာေကာင္းတဲ့ႏွစ္ဆင့္ကာကြယ္မႈျပဳလုပ္ၿပီးဂိုးမေပးရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အသက္၃၀ႏွစ္ရွိစပိန္ဂိုးသမားဟာေမာ္႐ိုကိုစတား႐ိုမိန္းဆိုက္စ္ရဲ႕အနီးကပ္အပိုင္ကန္ခ်က္ႏွစ္ႀကိမ္ကိုဆက္တိုက္ကာကြယ္ေပးသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂီယာဟာမန္ယူႏွင့္ဝုဗ္တို႔ဂိုးမရွိသေရက်ေနတဲ့ပြဲခ်ိန္၆၉မိနစ္မွာကာကြယ္ေပးသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂီယာကအံ့မခန္းကာကြယ္မႈျပဳလုပ္ၿပီးေနာက္၁၀မိနစ္အၾကာမွာေမဆင္ဂရင္းဝုဒ္ကမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

မန္ယူဟာဝုဗ္ႏိုင္ပြဲေၾကာင့္ပရီးမီးယားလိဂ္မွာအေဝးကြင္း၂၈ပြဲဆက္တိုက္ရႈံးပြဲမရွိမွတ္တမ္းရယူႏိုင္ခဲ့ပါတယ္။

ဒီဂီယာရဲ႕ကာကြယ္မႈအေပၚလီဗာပူးဂႏၴဝင္ေနာက္ခံလူကာေရဂါက “ဒီဂီယာဟာၿပီးခဲ့တဲ့ႏွစ္ေတြမွာေဝဖန္မႈေတြအမ်ားႀကီးႀကဳံခဲ့ရပါတယ္။ဒါေပမယ့္ဒီဂီယာဟာကာကြယ္မႈေတြကိုေတာ့ပုံမွန္လုပ္လာတဲ့သူျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒီဂီယာဟာေမလတုန္းကဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ပင္နယ္တီ၁၁ႀကိမ္လုံးကိုမကာကြယ္ႏိုင္ခဲ့တဲ့အျပင္ကိုယ္တိုင္ပင္နယ္တီမဝင္ခဲ့မႈေၾကာင့္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ႀကဳံခဲ့ရသူျဖစ္ပါတယ္။