
ပီဒရိုဟာရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုရဲ့အနာဂတ်အစီအစဉ်တွင်မပါဝင်မှုနဲ့အတူရိုးမားမှထွက်ခွာကာမြို့ခံပြိုင်ဘက်ကလပ်လာဇီယိုသို့ပြောင်းရွှေ့လိုက်ပါတယ်။
စပိန်လက်ရွေးစင်ဟာရိုးမားနှင့်၂နှစ်စာချုပ်ကျန်နေသေးသော်လည်းစာချုပ်အားဖျက်သိမ်းကာလာဇီယိုသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။
Gazzetta ရဲ့ဖော်ပြချက်အရအသက်၃၄နှစ်ရှိပီဒရိုဟာလာဇီယိုအသင်းတွင်နှစ်လုပ်ခပေါင်၁.၇သန်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။
ရိုးမားဟာကိုဗစ်ကြောင့်ဝင်ငွေကျဆင်းမှုနဲ့အတူအသင်းရဲ့အသုံးစရိတ်ကိုလျှော့ချရန်လိုအပ်နေပါတယ်။ဒါကြောင့်လည်း၎င်းတို့ဟာပီဒရိုနှင့်စာချုပ်ဖျက်သိမ်းလိုက်မှုနဲ့အတူလာမယ့်နှစ်ရာသီအတွက်ပေါင်၆.၈သန်းသက်သာလာတော့မှာဖြစ်ပါတယ်။
ဒါ့အပြင်ပီဒရိုဟာယခုဩဂုတ်လအတွက်လုပ်ခကိုလည်းရရှိခဲ့ခြင်းမရှိကြောင်းသိရပါတယ်။
ရိုးမားဟာပီဒရိုကိုအငှားချခြင်း၊ရောင်းချခြင်းပြုလုပ်ပါကလည်းအခွန်စရိတ်ပေါင်၃သန်းနီးပါးကုန်ကျမယ့်အနေအထားကြောင့်စာချုပ်ဖျက်သိမ်းခဲ့တာပါ။
ပီဒရိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကနည်းပြပေါလ်လိုဖွန်ဆီကာလက်အောက်တွင်ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်တွင်ပွဲ၄၀ကစားခဲ့ရာမှာ၆ဂိုးသွင်းပြီး၇ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာလာဇီယိုအသင်းမှာချဲလ်ဆီးတွင်လက်တွဲခဲ့ဖူးတဲ့နည်းပြဆာရီနှင့်ပြန်လည်လက်တွဲရပါမယ်။
ပီဒရိုရဲ့ရိုးမားမှလာဇီယိုသို့အပြောင်းအရွှေ့ဟာ၁၉၈၁ခုနှစ်တွင်ကာလိုပါရိုနီကလာဇီယိုမှရိုးမားသို့ပြောင်းရွှေ့ပြီးနောက်ရောမြို့ခံပြိုင်ဘက်ကလပ်နှစ်ခုအကြားပထမဆုံးတိုက်ရိုက်ပြုလုပ်တဲ့အပြောင်းအရွှေ့ဖြစ်ပါတယ်။
ZawGyi
ႏွစ္ေပါင္း ၄၀ အတြင္း ေရာမမဟာၿပိဳင္ဘက္အၾကားပထမဆုံးအေျပာင္းအေ႐ႊ႕အျဖစ္ လာဇီယိုသို႔ ပီဒ႐ိုေျပာင္းေ႐ႊ႕
ပီဒ႐ိုဟာ႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုရဲ႕အနာဂတ္အစီအစဥ္တြင္မပါဝင္မႈနဲ႔အတူ႐ိုးမားမွထြက္ခြာကာၿမိဳ႕ခံၿပိဳင္ဘက္ကလပ္လာဇီယိုသို႔ေျပာင္းေ႐ႊ႕လိုက္ပါတယ္။
စပိန္လက္ေ႐ြးစင္ဟာ႐ိုးမားႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေနေသးေသာ္လည္းစာခ်ဳပ္အားဖ်က္သိမ္းကာလာဇီယိုသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့တာလည္းျဖစ္ပါတယ္။
Gazzetta ရဲ႕ေဖာ္ျပခ်က္အရအသက္၃၄ႏွစ္ရွိပီဒ႐ိုဟာလာဇီယိုအသင္းတြင္ႏွစ္လုပ္ခေပါင္၁.၇သန္းရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။
႐ိုးမားဟာကိုဗစ္ေၾကာင့္ဝင္ေငြက်ဆင္းမႈနဲ႔အတူအသင္းရဲ႕အသုံးစရိတ္ကိုေလွ်ာ့ခ်ရန္လိုအပ္ေနပါတယ္။ဒါေၾကာင့္လည္း၎တို႔ဟာပီဒ႐ိုႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္မႈနဲ႔အတူလာမယ့္ႏွစ္ရာသီအတြက္ေပါင္၆.၈သန္းသက္သာလာေတာ့မွာျဖစ္ပါတယ္။
ဒါ့အျပင္ပီဒ႐ိုဟာယခုဩဂုတ္လအတြက္လုပ္ခကိုလည္းရရွိခဲ့ျခင္းမရွိေၾကာင္းသိရပါတယ္။
႐ိုးမားဟာပီဒ႐ိုကိုအငွားခ်ျခင္း၊ေရာင္းခ်ျခင္းျပဳလုပ္ပါကလည္းအခြန္စရိတ္ေပါင္၃သန္းနီးပါးကုန္က်မယ့္အေနအထားေၾကာင့္စာခ်ဳပ္ဖ်က္သိမ္းခဲ့တာပါ။
ပီဒ႐ိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကနည္းျပေပါလ္လိုဖြန္ဆီကာလက္ေအာက္တြင္ပုံမွန္ပြဲထြက္ခြင့္ရရွိခဲ့သူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္တြင္ပြဲ၄၀ကစားခဲ့ရာမွာ၆ဂိုးသြင္းၿပီး၇ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။
သူဟာလာဇီယိုအသင္းမွာခ်ဲလ္ဆီးတြင္လက္တြဲခဲ့ဖူးတဲ့နည္းျပဆာရီႏွင့္ျပန္လည္လက္တြဲရပါမယ္။
ပီဒ႐ိုရဲ႕႐ိုးမားမွလာဇီယိုသို႔အေျပာင္းအေ႐ႊ႕ဟာ၁၉၈၁ခုႏွစ္တြင္ကာလိုပါ႐ိုနီကလာဇီယိုမွ႐ိုးမားသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ေရာၿမိဳ႕ခံၿပိဳင္ဘက္ကလပ္ႏွစ္ခုအၾကားပထမဆုံးတိုက္႐ိုက္ျပဳလုပ္တဲ့အေျပာင္းအေ႐ႊ႕ျဖစ္ပါတယ္။