နှစ်ပွဲဆက်အရှုံးကြောင့် ဆောက်သမ်တန်ကစားသမားတို့ရဲ့ တစ်ပတ်အားလပ်ရက်ပေးမှု ပယ်ဖျက်ခံရ

ဆောက်သမ်တန်နည်းပြရာ့ဖ်ဟာဆန်ဟတ်တဲလ်ပရီးမီးယားလိဂ်တွင်နှစ်ပွဲဆက်အရှုံးနှင့်ရင်ဆိုင်ရပြီးနောက်အသင်းရဲ့တစ်ပတ်အားလပ်ရက်ကိုဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။

ဆောက်သမ်တန်အသင်းမှနိုင်ငံတကာပွဲများအတွက်ရွေးချယ်ခြင်းမခံထားရတဲ့ကစားသမားများဟာမန်စီးတီး၊ဝုဗ်၊ချဲလ်ဆီးတို့အားမရှုံးနိမ့်ပါကတစ်ပတ်အားလပ်ခွင့်ရရှိကြပါမယ်။

ဆောက်သမ်တန်ဟာချန်ပီယံမန်စီးတီးနှင့်သရေကစားနိုင်ခဲ့ပေမယ့်လည်းဝုဗ်ကို၁-၀ဂိုးဖြင့်လည်းကောင်း၊ချဲလ်ဆီးကို၃-၁ဂိုးဖြင့်လည်းကောင်းရှုံးနိမ့်ခဲ့ပါတယ်။၎င်းတို့ဟာယခုရာသီမှာနိုင်ပွဲတစ်ပွဲမျှမရရှိသေးပါဘူး။

ဆောက်သမ်တန်ဟာနိုင်ပွဲမရရှိသေးမှုနဲ့အတူတန်းဆင်းဇုန်နှင့်တစ်မှတ်အကွာသို့ရောက်နေပါတယ်။

ဒါကြောင့်လည်းဆောက်သမ်တန်နည်းပြဟာကစားသမားများအားတစ်ပတ်အနားပေးရန်စီစဉ်ထားမှုကိုဖျက်သိမ်းကာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းပြီးလာမယ့်အပတ် လိဒ်နှင့်ပွဲစဉ်မှာနိုင်ပွဲစတင်တွေ့ရေးပြင်ဆင်သွားပါမယ်။

ZawGyi





