နှစ်ဖက်ပရိသတ်များရဲ့ရန်ပွဲကြောင့် မာဆေးနှင့်ဂါလာတာစာရေးပွဲ ရပ်ဆိုင်းခဲ့ရ

မာဆေးလ်နှင့်ဂါတာလာစာရေးတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်မှာနှစ်ဖက်ပရိသတ်များရဲဲ့ပွဲကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့်ရပ်ဆိုင်းခဲ့ရပါတယ်။

နှစ်ဖက်ပရိသတ်များဟာအပြန်အလှန်မီးရှူးများဖြင့်ပစ်ပေါက်ခဲ့ကြပြီးကွင်းလယ်ဒိုင်လူကြီးပါဝေါလ်ရာ့ဇ်ကောစကီးဟာပွဲကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။

ပွဲကစားမှုကိုပထမမပြီးခင်ရပ်ဆိုင်းခဲ့တာဖြစ်ပြီးပွဲရပ်ဆိုင်းမှုက၈မိနစ်ဝန်းကျင်အထိကြာမြင့်ခဲ့ပါတယ်။

ယင်းကာလအတွင်းတွင်ဂါလာတာစာရေးနည်းပြဖာတစ်တာရမ်၊နှစ်ဖက်အသင်းခေါင်းဆောင်တို့ဟာဆိုးရွမ်းပရိသတ်များကိုရန်မဖြစ်ကြရန်တားဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်အဓိကရုဏ်းနှိမ်နင်းတဲ့ရဲကိုလည်းဆင့်ခေါ်ခဲ့ရကာပြန်လည်ငြိမ်းချမ်းအောင်ပြုလုပ်ခဲ့ရပါတယ်။

ယင်းနောက်တွင်မှပွဲကိုပြန်လည်စတင်နိုင်ခဲ့ပြီးပွဲမှာလည်းဂိုးမရှိသရေဖြင့်ပင်ပြီးဆုံးသွားခဲ့ပါတယ်။

ZawGyi

ႏွစ္ဖက္ပရိသတ္မ်ားရဲ႕ရန္ပြဲေၾကာင့္ မာေဆးႏွင့္ဂါလာတာစာေရးပြဲ ရပ္ဆိုင္းခဲ့ရ

မာေဆးလ္ႏွင့္ဂါတာလာစာေရးတို႔ရဲ႕ယူ႐ိုပါလိဂ္ပြဲစဥ္မွာႏွစ္ဖက္ပရိသတ္မ်ားရဲဲ့ပြဲေၾကာင့္ လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ရပ္ဆိုင္းခဲ့ရပါတယ္။

ႏွစ္ဖက္ပရိသတ္မ်ားဟာအျပန္အလွန္မီးရႉးမ်ားျဖင့္ပစ္ေပါက္ခဲ့ၾကၿပီးကြင္းလယ္ဒိုင္လူႀကီးပါေဝါလ္ရာ့ဇ္ေကာစကီးဟာပြဲကိုရပ္ဆိုင္းမႈျပဳလုပ္ခဲ့ပါတယ္။

ပြဲကစားမႈကိုပထမမၿပီးခင္ရပ္ဆိုင္းခဲ့တာျဖစ္ၿပီးပြဲရပ္ဆိုင္းမႈက၈မိနစ္ဝန္းက်င္အထိၾကာျမင့္ခဲ့ပါတယ္။

ယင္းကာလအတြင္းတြင္ဂါလာတာစာေရးနည္းျပဖာတစ္တာရမ္၊ႏွစ္ဖက္အသင္းေခါင္းေဆာင္တို႔ဟာဆိုး႐ြမ္းပရိသတ္မ်ားကိုရန္မျဖစ္ၾကရန္တားဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္အဓိက႐ုဏ္းႏွိမ္နင္းတဲ့ရဲကိုလည္းဆင့္ေခၚခဲ့ရကာျပန္လည္ၿငိမ္းခ်မ္းေအာင္ျပဳလုပ္ခဲ့ရပါတယ္။

ယင္းေနာက္တြင္မွပြဲကိုျပန္လည္စတင္ႏိုင္ခဲ့ၿပီးပြဲမွာလည္းဂိုးမရွိသေရျဖင့္ပင္ၿပီးဆုံးသြားခဲ့ပါတယ္။