နှစ်သစ်ကူးတွင် ပီအက်စ်ဂျီနှင့် ပြန်လည်ပူးပေါင်းရန် မက်ဆီစီစဉ်ထား၊ မက်ဆီ ပထမဆုံးကစားမဲ့ပွဲကို သိရပြီ

လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားနှင့်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် နှစ်သစ်တွင်ပီအက်စ်ဂျီနှင့်ပူးပေါင်းသွားမှာဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာယခုရာသီတွင်ပီအက်စ်ဂျီနှင့်ငယ်မူငယ်သွေးပြကာခြေစွမ်းပြကစားပြီးနောက်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းအာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သူဟာလက်ရွေးစင်အသင်းနှင့်မပူးပေါင်းမီပီအက်စ်ဂျီအတွက်၁၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၇ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးနိုင်ခဲ့ပြီးကမ္ဘာ့ဖလားရွှေဘောလုံးဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာမွေးရပ်မြေအာဂျင်တီးနားတွင်ကမ္ဘာ့ဖလားအောင်ပွဲခံမှုဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာဒီဇင်ဘာလ၂၈ရက်နေ့တွင်စထရာဘော့ကိုအိမ်ကွင်းတွင်ဧည့်ခံကစားကာလိဂ်ကိုပြန်လည်စတင်ရပါမယ်။

ဒါပေမဲ့အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာနှစ်သစ်ကူးအထိ အနားယူခွင့်ရရှိထားပြီးဇန်နဝါရီလ၃ရက်နေ့တွင်မှပီအက်စ်ဂျီအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းနိုင်ပါမယ်။

ဒါကြောင့်သူဟာဇန်နဝါရီလ၂ရက်နေ့လန်းစ်ကိုအဝေးကွင်းသို့သွားကစားရမဲ့ လီဂူး၁ပွဲကိုလည်းလွဲချော်လာဦးမှာဖြစ်ပြီးဇန်နဝါရီလ၆ရက်နေ့Chateauroux နှင့်ရှုံးထွက်ဖလားပွဲတွင်လည်းပါဝင်လာဖို့ရှိပါတယ်။

Zawgyi

ႏွစ္သစ္ကူးတြင္ ပီအက္စ္ဂ်ီႏွင့္ ျပန္လည္ပူးေပါင္းရန္ မက္ဆီစီစဥ္ထား၊ မက္ဆီ ပထမဆုံးကစားမဲ့ပြဲကို သိရၿပီ

လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားႏွင့္ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ႏွစ္သစ္တြင္ပီအက္စ္ဂ်ီႏွင့္ပူးေပါင္းသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာယခုရာသီတြင္ပီအက္စ္ဂ်ီႏွင့္ငယ္မူငယ္ေသြးျပကာေျခစြမ္းျပကစားၿပီးေနာက္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းအာဂ်င္တီးနားကိုခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာလက္ေ႐ြးစင္အသင္းႏွင့္မပူးေပါင္းမီပီအက္စ္ဂ်ီအတြက္၁၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္၇ဂိုးသြင္းၿပီး၃ႀကိမ္ဖန္တီးႏိုင္ခဲ့ၿပီးကမာၻ႔ဖလားေ႐ႊေဘာလုံးဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိမက္ဆီဟာေမြးရပ္ေျမအာဂ်င္တီးနားတြင္ကမာၻ႔ဖလားေအာင္ပြဲခံမႈဆက္လက္ျပဳလုပ္ေနဆဲျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာဒီဇင္ဘာလ၂၈ရက္ေန႔တြင္စထရာေဘာ့ကိုအိမ္ကြင္းတြင္ဧည့္ခံကစားကာလိဂ္ကိုျပန္လည္စတင္ရပါမယ္။

ဒါေပမဲ့အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာႏွစ္သစ္ကူးအထိ အနားယူခြင့္ရရွိထားၿပီးဇန္နဝါရီလ၃ရက္ေန႔တြင္မွပီအက္စ္ဂ်ီအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းႏိုင္ပါမယ္။

ဒါေၾကာင့္သူဟာဇန္နဝါရီလ၂ရက္ေန႔လန္းစ္ကိုအေဝးကြင္းသို႔သြားကစားရမဲ့ လီဂူး၁ပြဲကိုလည္းလြဲေခ်ာ္လာဦးမွာျဖစ္ၿပီးဇန္နဝါရီလ၆ရက္ေန႔Chateauroux ႏွင့္ရႈံးထြက္ဖလားပြဲတြင္လည္းပါဝင္လာဖို႔ရွိပါတယ္။