နှစ်သစ်ကူးပွဲတွင် မီးရှူးပေါက်ကွဲမှုကြောင့် အမြင်အာရုံဆုံးရှုံးရနိုင်တဲ့ နော်ဝေလက်ရွေးစင်

နော်ဝေနှင့်ဂါလာတာစာရေးအလယ်တန်းကစားသမားအိုမာအလက်ဒယ်လာဝေဟာနှစ်သစ်ကူးပျော်ပွဲရွှင်ပွဲမှာ မီးရှူးထိမှန်ကာဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

နော်ဝေလက်ရွေးစင်အသင်းဒုတိယအသင်းခေါင်းဆောင်ဟာနေအိမ်မှာနှစ်သစ်ကူးပါတီပွဲကျင်းပခဲ့တာဖြစ်ပြီးမီးရှူးက မတော်တဆမျက်နှာကိုထိမှန်သွားခဲ့တာဖြစ်ပါတယ်။သူဟာမီးရှူးထိမှန်မှုကြောင့် မျက်နှာနှင့်မျက်လုံးတို့ထိ ခိုက်ခဲ့ပြီးနောက်ထပ်စစ်ဆေးမှုများပြုလုပ်ရဦးမှာဖြစ်ကြောင်းဂါလာစာရေးကကြေညာသွားပါတယ်။

တူရကီမီဒီယာများက အိုမာအလက်ဒယ်လာဝေရဲ့လက်ထဲမှာ မီးရှူးပေါက်ကွဲခဲ့တာဖြစ်ပြီး အမြင်အာရုံဆုံးရှုံးရနိုင်တဲ့အထိဖြစ်ကြောင်းရေးသားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာအိုမာအလက်ဒယ်လာဝေရဲ့အခြေအနေကတိုးတက်ကောင်းမွန်နေပြီးတည်ငြိမ်တဲ့အနေ အထားတွင်ရှိနေကြောင်းသိရပါတယ်။သူ့ရဲ့အခြေအနေကိုဂါလာတာစာရေးနည်းပြဖာတစ်တာရမ်နှင့်အသင်းသားများ ဆေးရုံလာရောက်ကြည့်ရှုပြီးအားပေးစကားများပြောခဲ့ကြောင်းသိရပါတယ်။

နှစ်သစ်ကူးနေ့တွင်ဥရောပတလွှားမီးရှူးပစ်လွှတ်မှုများကြောင့်ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြစ်ခဲ့ပြီးဘယ်လ်ဂျီယံမှ အန့်ဝတ်အရှေ့ပိုင်းမှ ရွာတစ်ရွာတွင်အသက်၂၈နှစ်ရှိလူတစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

ZawGyi

ႏွစ္သစ္ကူးပြဲတြင္ မီးရႉးေပါက္ကြဲမႈေၾကာင့္ အျမင္အာ႐ုံဆုံးရႈံးရႏိုင္တဲ့ ေနာ္ေဝလက္ေ႐ြးစင္

ေနာ္ေဝႏွင့္ဂါလာတာစာေရးအလယ္တန္းကစားသမားအိုမာအလက္ဒယ္လာေဝဟာႏွစ္သစ္ကူးေပ်ာ္ပြဲ႐ႊင္ပြဲမွာ မီးရႉးထိမွန္ကာဒဏ္ရာရရွိခဲ့ေၾကာင္းသိရပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္အသင္းဒုတိယအသင္းေခါင္းေဆာင္ဟာေနအိမ္မွာႏွစ္သစ္ကူးပါတီပြဲက်င္းပခဲ့တာျဖစ္ၿပီးမီးရႉးက မေတာ္တဆမ်က္ႏွာကိုထိမွန္သြားခဲ့တာျဖစ္ပါတယ္။သူဟာမီးရႉးထိမွန္မႈေၾကာင့္ မ်က္ႏွာႏွင့္မ်က္လုံးတို႔ထိ ခိုက္ခဲ့ၿပီးေနာက္ထပ္စစ္ေဆးမႈမ်ားျပဳလုပ္ရဦးမွာျဖစ္ေၾကာင္းဂါလာစာေရးကေၾကညာသြားပါတယ္။

တူရကီမီဒီယာမ်ားက အိုမာအလက္ဒယ္လာေဝရဲ႕လက္ထဲမွာ မီးရႉးေပါက္ကြဲခဲ့တာျဖစ္ၿပီး အျမင္အာ႐ုံဆုံးရႈံးရႏိုင္တဲ့အထိျဖစ္ေၾကာင္းေရးသားခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္မွာအိုမာအလက္ဒယ္လာေဝရဲ႕အေျခအေနကတိုးတက္ေကာင္းမြန္ေနၿပီးတည္ၿငိမ္တဲ့အေန အထားတြင္ရွိေနေၾကာင္းသိရပါတယ္။သူ႔ရဲ႕အေျခအေနကိုဂါလာတာစာေရးနည္းျပဖာတစ္တာရမ္ႏွင့္အသင္းသားမ်ား ေဆး႐ုံလာေရာက္ၾကည့္ရႈၿပီးအားေပးစကားမ်ားေျပာခဲ့ေၾကာင္းသိရပါတယ္။

ႏွစ္သစ္ကူးေန႔တြင္ဥေရာပတလႊားမီးရႉးပစ္လႊတ္မႈမ်ားေၾကာင့္ထိခိုက္ဒဏ္ရာရရွိမႈမ်ားစြာျဖစ္ခဲ့ၿပီးဘယ္လ္ဂ်ီယံမွ အန႔္ဝတ္အေရွ႕ပိုင္းမွ ႐ြာတစ္႐ြာတြင္အသက္၂၈ႏွစ္ရွိလူတစ္ဦးေသဆုံးခဲ့ေၾကာင္းသိရပါတယ္။