နှစ်သုံးဆယ်ကျော်ကြာ သစ္စာရှိစွာအလုပ်အကျွေးပြုလုပ်ခဲ့တဲ့ ယူ-၂၃ နည်းပြကို အာဆင်နယ်ထုတ်ပယ်

အာဆင်နယ်ဂန္ထဝင်စတိဗ်ဘောက်ဟာဆယ်စုနှစ်သုံးခုကျော်ကြာကလပ်အတွက်အလုပ်အကျွေးပြုလာခဲ့ပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

အာဆင်နယ်စံပြကစားသမားဟောင်းဟာ၁၉၈၈ခုနှစ်မှစတင်ကာအာဆင်နယ်တွင်ကစားသမားအဖြစ်လည်းကောင်း၊နည်းပြအဖြစ်လည်းကောင်းကလပ်အပေါ်တွင်အလုပ်အကျွေးပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

အသက်၅၈နှစ်ရှိဘောက်ဟာ၂၀၁၉၊ဇွန်လတုန်းကဖရက်ဒီယွန်းဘတ်ထွက်ခွာသွားပြီးနောက်အာဆင်နယ်ယူ-၂၃နည်းပြအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာအာဆင်နယ်ယူ-၂၃အသင်းမှာအသင်း၁၃သင်းတည်းသာပါဝင်တဲ့ ပရီးမီးယားလိဂ်(၂)တွင်အဆင့်၁၀နေရာတွင်သာရပ်တည်နိုင်မှုနှင့်အတူထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်ဟာထုတ်ပယ်လိုက်တဲ့ဘောက်နေရာတွင်အကယ်ဒမီအကြီးအကဲမာတီဆက်ကာအားယာယီအစားထိုးခန့်အပ်ထားပါတယ်။

ဘောက်ဟာ၁၉၉၈ခုနှစ်တုန်းကအာဆင်နယ်သို့ရောက်လာပြီးနောက်တိုနီအဒမ်၊လီဒီဇွန်၊နီဂယ်ဝင်းတားဘန်းတို့နဲ့အတူအာဆင်နယ်ရဲ့နာမည်ကျော်ခံစစ်တံတိုင်းလေးဦးတွင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

သူဟာအာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၇၂ပွဲကစားခဲ့ပြီးဟိုက်ဘူရီတွင်ပရီးမီးယားလိဂ်ဖလားသုံးလုံး၊အက်ဖ်အဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးရာသီ၁၉၉၉-၀၀အားဆန်းဒါးလန်းတွင်ကစားပြီးနောက်၂၀၀၁ခုနှစ်တွင်အာဆင်နယ်သို့ပြန်ရောက်လာခဲ့ပါတယ်။သူဟာအာဆင်နယ်သို့လူငယ်အသင်းနည်းပြအဖြစ်ပြန်ရောက်လာတာလည်းဖြစ်ပါတယ်။

ဘောက်ဟာအာဆင်နယ်ယူ-၁၈အသင်းကို၂၀၀၉နှင့်၂၀၁၀ခုနှစ်တို့တွင်ပရီးမီးယားလိဂ်အကယ်ဒမီဆွတ်ခူးနိုင်အောင်ကူညီနိုင်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်မှာသူဟာပက်ရိုက်စ်ရဲ့အာစင်ဝင်းဂါးလက်ထောက်နည်းပြရာထူးကိုလွဲပြောင်းရယူခဲ့ပါတယ်။ယခုနှစ်များတွင်အာဆင်နယ်မှထွက်ပေါ်လာတဲ့လူငယ်စတားများဖြစ်ကြတဲ့ဘူကာယိုဆာကာနှင့်အီမဲလ်စမစ်ရိုဝီတို့ဟာဘောက်အရောင်သွေးပေးလိုက်တဲ့လူငယ်များလည်းဖြစ်ပါတယ်။ဒါ့အပြင်ယခုရာသီတွင်အာဆင်နယ်အသင်းကြီးသို့ရောက်လာတဲ့မီဂွယ်အဇီး၊ဖိုလာရန်ဘာလိုဂူတို့မှာလည်းဘောက်မွေးထုတ်ပေးလိုက်သူများဖြစ်ပါတယ်။

အာဆင်နယ်ဟာဘောက်အပြင်ကျန်းမာရေးစွမ်းဆောင်ရည်ဌာနမှဘရူနိုမာဇီယော့တီကိုလည်းထုတ်ပယ်ခဲ့ပါတယ်။ဘရာဇီးလူမျိုးဟာ၂၀၂၀ခုနှစ်မှာပီအက်စ်ဂျီမှအာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပြီးနောက်ခံလူဒေးဗစ်လုဇ်နှင့်အလွန်ရင်းနှီးသူဖြစ်ပါတယ်။ဘရာဇီးနောက်ခံလူဒေးဗစ်လုဇ်မှာယခုရာသီအကုန်တွင်အာဆင်နယ်မှထွက်ခွာမည်ဖြစ်ရာမာဇီယော့တီမှာလည်းအထုတ်ခံခဲ့ရပါတယ်။

ZawGyi

ႏွစ္သုံးဆယ္ေက်ာ္ၾကာ သစၥာရွိစြာအလုပ္အေကြၽးျပဳလုပ္ခဲ့တဲ့ ယူ-၂၃ နည္းျပကို အာဆင္နယ္ထုတ္ ပယ္

အာဆင္နယ္ဂႏၴဝင္စတိဗ္ေဘာက္ဟာဆယ္စုႏွစ္သုံးခုေက်ာ္ၾကာကလပ္အတြက္အလုပ္အေကြၽးျပဳလာခဲ့ၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။

အာဆင္နယ္စံျပကစားသမားေဟာင္းဟာ၁၉၈၈ခုႏွစ္မွစတင္ကာအာဆင္နယ္တြင္ကစားသမားအျဖစ္လည္းေကာင္း၊နည္းျပအျဖစ္လည္းေကာင္းကလပ္အေပၚတြင္အလုပ္အေကြၽးျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။

အသက္၅၈ႏွစ္ရွိေဘာက္ဟာ၂၀၁၉၊ဇြန္လတုန္းကဖရက္ဒီယြန္းဘတ္ထြက္ခြာသြားၿပီးေနာက္အာဆင္နယ္ယူ-၂၃နည္းျပအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာအာဆင္နယ္ယူ-၂၃အသင္းမွာအသင္း၁၃သင္းတည္းသာပါဝင္တဲ့ ပရီးမီးယားလိဂ္(၂)တြင္အဆင့္၁၀ေနရာတြင္သာရပ္တည္ႏိုင္မႈႏွင့္အတူထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္ဟာထုတ္ပယ္လိုက္တဲ့ေဘာက္ေနရာတြင္အကယ္ဒမီအႀကီးအကဲမာတီဆက္ကာအားယာယီအစားထိုးခန႔္အပ္ထားပါတယ္။

ေဘာက္ဟာ၁၉၉၈ခုႏွစ္တုန္းကအာဆင္နယ္သို႔ေရာက္လာၿပီးေနာက္တိုနီအဒမ္၊လီဒီဇြန္၊နီဂယ္ဝင္းတားဘန္းတို႔နဲ႔အတူအာဆင္နယ္ရဲ႕နာမည္ေက်ာ္ခံစစ္တံတိုင္းေလးဦးတြင္ပါဝင္ခဲ့သူျဖစ္ပါတယ္။

သူဟာအာဆင္နယ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၇၂ပြဲကစားခဲ့ၿပီးဟိုက္ဘူရီတြင္ပရီးမီးယားလိဂ္ဖလားသုံးလုံး၊အက္ဖ္အဖလားႏွစ္လုံးဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာသူ႔ရဲ႕ကစားသမားဘဝေနာက္ဆုံးရာသီ၁၉၉၉-၀၀အားဆန္းဒါးလန္းတြင္ကစားၿပီးေနာက္၂၀၀၁ခုႏွစ္တြင္အာဆင္နယ္သို႔ျပန္ေရာက္လာခဲ့ပါတယ္။သူဟာအာဆင္နယ္သို႔လူငယ္အသင္းနည္းျပအျဖစ္ျပန္ေရာက္လာတာလည္းျဖစ္ပါတယ္။

ေဘာက္ဟာအာဆင္နယ္ယူ-၁၈အသင္းကို၂၀၀၉ႏွင့္၂၀၁၀ခုႏွစ္တို႔တြင္ပရီးမီးယားလိဂ္အကယ္ဒမီဆြတ္ခူးႏိုင္ေအာင္ကူညီႏိုင္ခဲ့ပါတယ္။

၂၀၁၂ခုႏွစ္မွာသူဟာပက္႐ိုက္စ္ရဲ႕အာစင္ဝင္းဂါးလက္ေထာက္နည္းျပရာထူးကိုလြဲေျပာင္းရယူခဲ့ပါတယ္။ယခုႏွစ္မ်ားတြင္အာဆင္နယ္မွထြက္ေပၚလာတဲ့လူငယ္စတားမ်ားျဖစ္ၾကတဲ့ဘူကာယိုဆာကာႏွင့္အီမဲလ္စမစ္႐ိုဝီတို႔ဟာေဘာက္အေရာင္ေသြးေပးလိုက္တဲ့လူငယ္မ်ားလည္းျဖစ္ပါတယ္။ဒါ့အျပင္ယခုရာသီတြင္အာဆင္နယ္အသင္းႀကီးသို႔ေရာက္လာတဲ့မီဂြယ္အဇီး၊ဖိုလာရန္ဘာလိုဂူတို႔မွာလည္းေဘာက္ေမြးထုတ္ေပးလိုက္သူမ်ားျဖစ္ပါတယ္။

အာဆင္နယ္ဟာေဘာက္အျပင္က်န္းမာေရးစြမ္းေဆာင္ရည္ဌာနမွဘ႐ူႏိုမာဇီေယာ့တီကိုလည္းထုတ္ပယ္ခဲ့ပါတယ္။ဘရာဇီးလူမ်ိဳးဟာ၂၀၂၀ခုႏွစ္မွာပီအက္စ္ဂ်ီမွအာဆင္နယ္သို႔ေရာက္လာခဲ့သူျဖစ္ၿပီးေနာက္ခံလူေဒးဗစ္လုဇ္ႏွင့္အလြန္ရင္းႏွီးသူျဖစ္ပါတယ္။ဘရာဇီးေနာက္ခံလူေဒးဗစ္လုဇ္မွာယခုရာသီအကုန္တြင္အာဆင္နယ္မွထြက္ခြာမည္ျဖစ္ရာမာဇီေယာ့တီမွာလည္းအထုတ္ခံခဲ့ရပါတယ္။