အယ်ဖွန်ဆိုဒါးဗီးစ်ဟာပီအက်စ်ဂျီကိုဘိုင်ယန်မြူးနစ်ကအနိုင်ရရှိတဲ့ပွဲစဉ်မှာလီယွန်နယ်မက်ဆီရဲ့အင်္ကျီကိုရယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ကနေဒါစတားဟာအာဂျင်တီးနားစူပါစတားနှင့်အင်္ကျီလဲလှယ်နိုင်ဖို့၂နှစ်ခွဲကြာစောင့်ဆိုင်းပြီးနောက်အိပ်မက်ကိုအကောင်အထည်ဖော်လာနိုင်တာလည်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်စတားဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင်ဘာစီလိုနာကို၈ဂိုးသွင်းပြီးအနိုင်ရစဉ်တုန်းကမက်ဆီရဲအင်္ကျီကိုရရှိရေးကြိုးပမ်းခဲ့ပါသေးတယ်။
ပွဲအပြီးတွင်မက်ဆီရဲ့အင်္ကျီကိုရယူနိုင်ရေးကြိုးပမ်းမှုမအောင်မြင်ခဲ့မှုနှင့်ပတ်သက်ပြီးဒါးဗီးစ်က “အင်္ကျီတောင်းခဲ့တယ်။ဒါပေမဲ့သူအနည်းငယ်တုန်လှုပ်နေတယ်လို့ထင်တယ်။အိုကေပါ။နောက်တစ်ကြိမ်ကျဖြစ်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ယခုရက်ပေါင်း၉၀၀ကျော်စောင့်ဆိုင်းပြီးအချိန်မှာတော့အသက်၂၂နှစ်ရှိအယ်ဖွန်ဆိုဒါးဗီးစ်ဟာသူ့အိပ်မက်ဖြစ်တဲ့မက်ဆီရဲ့အင်္ကျီကိုရယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ZawGyi
နှစ်အတန်ကြာစောင့်ဆိုင်းပြီးနောက် မက်ဆီရဲ့အင်္ကျီကို ပိုင်ဆိုင်ကာ အိပ်မက်ကို အကောင်အထည်ဖော်လာနိုင်တဲ့ အယ်ဖွန်ဆိုဒါးဗီးစ်