နှစ် ၂၀ ခေတ်နောက်ကျကျန်နေမှုကြောင့် စပါးစ်ရဲ့ပြဿနာများကို မည်သူမျှ အမြန်ဖြေရှင်းနိုင်မည်မဟုတ်ဟု ကွန်တီပြောကြားလာ

အန်တိုနီယိုကွန်တီကနှစ်ပေါင်း၂၀ကြာခေတ်နောက်ကျနေပြီဖြစ်တဲ့စပါးစ်ရဲ့ပြဿနာများကိုမည်သည့်နည်းပြမျှအလျှင်အမြန်ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

နိုဝင်ဘာလတုန်းကစပါးစ်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ကွန်တီကအောင်မြင်မှုအနည်းငယ်သာရရှိဖူးတဲ့စပါးစ်ကိုအောင်မြင်မှုများရရှိတဲ့အသင်းတစ်သင်းအဖြစ်ပြောင်းလဲရန်ထင်မှတ်ထားတာထက်တာရှည်မှာဖြစ်ကြောင်းဆိုသွားပါတယ်။

စပါးစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကလိဒ်ကိုအဝေးကွင်းတွင်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပေမဲ့လည်းကြားရက်တွင်မစ်ဒယ်ဘရော့ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာအက်ဖ်အေဖလားပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။

ကွန်တီက “ဒီကိုရောက်တဲ့ပထမဆုံးနေ့ကတည်းကပြောခဲ့ဖူးပါတယ်။စပါးစ်သမိုင်းကနိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့တာပါ။ပြိုင်ဆိုင်နိုင်တဲ့အသင်း၊အောင်မြင်ရဖို့ကြိုးစားတဲ့အသင်း၊အရေးပါတဲ့ဆုဖလားအတွက်တိုက်ပွဲဝင်တဲ့အသင်း၊သန်မာအသင်းတစ်သင်းဖြစ်ဖို့ ပထမဆုံးလုပ်ရမယ့်အရာကတည်ငြိမ်အောင်လုပ်ဖို့ပါ။နိမ့်လိုက်မြင့်လိုက်ဖြစ်နေလို့မရပါဘူး။ဒီလိုဖြစ်လာဖို့အတွက်အပြောင်းအလဲလုပ်ရပါမယ်။စပါးစ်မှာဒီလိုဖြစ်နေတာမရိုးရှင်းပါဘူး။ကာလတိုနဲ့ဖြေရှင်းနိုင်ဖို့မဖြစ်နိုင်ပါဘူး။ကျွန်တော်သာမဟုတ်ပါဘူး။ဘယ်နည်းပြမှစက္ကန့်အတွင်းသမိုင်းကိုပြောင်းလို့မရပါဘူး။အထူးသဖြင့်စပါးစ်လိုနှစ်၂၀လောက်နောက်ကျကျန်ပြီးဒီလိုအခြေအနေကြုံရတဲ့ကလပ်မျိုးကိုပေါ့”လို့ပြောကြားသွားပါတယ်။

ဂျူဗင်တပ်နှင့်အင်တာမီလန်နည်းပြဟောင်းဟာပြီးခဲ့တဲ့လတုန်းကဘန်လေကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ကလပ်ကိုမေးခွန်းထုတ်ခဲ့သလိုကစားသမားများနှင့်သူ့အခြေအနေကိုလည်းမေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ႏွစ္ ၂၀ ေခတ္ေနာက္က်က်န္ေနမႈေၾကာင့္ စပါးစ္ရဲ႕ျပႆနာမ်ားကို မည္သူမွ် အျမန္ေျဖရွင္းႏိုင္မည္မဟုတ္ဟု ကြန္တီေျပာၾကားလာ

အန္တိုနီယိုကြန္တီကႏွစ္ေပါင္း၂၀ၾကာေခတ္ေနာက္က်ေနၿပီျဖစ္တဲ့စပါးစ္ရဲ႕ျပႆနာမ်ားကိုမည္သည့္နည္းျပမွ်အလွ်င္အျမန္ေျဖရွင္းေပးႏိုင္မည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

ႏိုဝင္ဘာလတုန္းကစပါးစ္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရတဲ့ကြန္တီကေအာင္ျမင္မႈအနည္းငယ္သာရရွိဖူးတဲ့စပါးစ္ကိုေအာင္ျမင္မႈမ်ားရရွိတဲ့အသင္းတစ္သင္းအျဖစ္ေျပာင္းလဲရန္ထင္မွတ္ထားတာထက္တာရွည္မွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

စပါးစ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကလိဒ္ကိုအေဝးကြင္းတြင္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ေပမဲ့လည္းၾကားရက္တြင္မစ္ဒယ္ဘေရာ့ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ကာအက္ဖ္ေအဖလားၿပိဳင္ပြဲမွထြက္ခဲ့ရပါတယ္။

ကြန္တီက “ဒီကိုေရာက္တဲ့ပထမဆုံးေန႔ကတည္းကေျပာခဲ့ဖူးပါတယ္။စပါးစ္သမိုင္းကနိမ့္လိုက္ျမင့္လိုက္ျဖစ္ေနခဲ့တာပါ။ၿပိဳင္ဆိုင္ႏိုင္တဲ့အသင္း၊ေအာင္ျမင္ရဖို႔ႀကိဳးစားတဲ့အသင္း၊အေရးပါတဲ့ဆုဖလားအတြက္တိုက္ပြဲဝင္တဲ့အသင္း၊သန္မာအသင္းတစ္သင္းျဖစ္ဖို႔ ပထမဆုံးလုပ္ရမယ့္အရာကတည္ၿငိမ္ေအာင္လုပ္ဖို႔ပါ။နိမ့္လိုက္ျမင့္လိုက္ျဖစ္ေနလို႔မရပါဘူး။ဒီလိုျဖစ္လာဖို႔အတြက္အေျပာင္းအလဲလုပ္ရပါမယ္။စပါးစ္မွာဒီလိုျဖစ္ေနတာမ႐ိုးရွင္းပါဘူး။ကာလတိုနဲ႔ေျဖရွင္းႏိုင္ဖို႔မျဖစ္ႏိုင္ပါဘူး။ကြၽန္ေတာ္သာမဟုတ္ပါဘူး။ဘယ္နည္းျပမွစကၠန႔္အတြင္းသမိုင္းကိုေျပာင္းလို႔မရပါဘူး။အထူးသျဖင့္စပါးစ္လိုႏွစ္၂၀ေလာက္ေနာက္က်က်န္ၿပီးဒီလိုအေျခအေနႀကဳံရတဲ့ကလပ္မ်ိဳးကိုေပါ့”လို႔ေျပာၾကားသြားပါတယ္။

ဂ်ဴဗင္တပ္ႏွင့္အင္တာမီလန္နည္းျပေဟာင္းဟာၿပီးခဲ့တဲ့လတုန္းကဘန္ေလကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ကလပ္ကိုေမးခြန္းထုတ္ခဲ့သလိုကစားသမားမ်ားႏွင့္သူ႔အေျခအေနကိုလည္းေမးခြန္းထုတ္ခဲ့သူျဖစ္ပါတယ္။