နှလုံးခုန်မမှန်မှုကြောင့် သုံးလကြာအနားယူ ဆေးကုသမှုခံယူရတော့မယ့် အဂွဲရိုး

ဘာစီလိုနာကဆာဂျီယိုအဂွဲရိုးမှာရင်ဘတ်အောင့်ခြင်း၊အသက်ရှူရခက်ခဲခြင်းတို့အားကုသမှုခံယူရန်အတွက်သုံးလကြာအနားယူရတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟောင်းဟာအလာဗက်စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပထမပိုင်းမပြီးခါရင်ဘတ်အောင့်ခြင်း၊အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပြီးနောက် ကွင်းအတွင်းတွင်ပင်ဆေးကုသမှုခံယူခဲ့ရပါတယ်။သူဟာချက်ချင်းပင်ဆေးရုံသို့အရေးပေါ်ကားဖြင့်သွားရောက်ကာစစ်ဆေးမှုခံယူခဲ့ရပါတယ်။

စပိန်မီဒီယာများကအသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာနှလုံးခုန်နှုန်းမမှန်တဲ့ပြဿနာကြုံနေရကြောင်းရေးသားဖော်ပြခဲ့ပါတယ်။

ယခုအခါဘာစီလိုနာအသင်းကအာဂျင်တီးနားတိုက်စစ်မှူးမှာဆရာဝန်များရဲ့ဆေးကုသမှုခံယူစောင့်ကြည့်ခြင်းခံနေရပြီဖြစ်ပြီးသုံးလကြာအနားယူရတော့မှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

အဂွဲရိုးဟာမန်စီးတီးတွင်ဆယ်နှစ်ကြာကစားပြီးနောက်နွေရာသီအပြောင်းအရွှေ့တုန်းကဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာဘာစီလိုနာအတွက်တစ်ပွဲမျှမကစားမီ ရာသီမစမီအချိန်တွင်ပင်လေ့ကျင့်ခန်းအစီအစဉ်မှာကြွက်သားဒဏ်ရာရရှိပြီးအနားယူခဲ့ရပါတယ်။သူဟာအယ်ကလက်စီကိုပွဲစဉ်တွင်ပထမဆုံးပွဲအဖြစ်အရန်အဖြစ်ဝင်ရောက်ကစားခဲ့ကာနှစ်သိမ့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ယင်းနောက်သူဟာအလာဗက်စ်နှင့်ပွဲတွင်ပွဲထွက်ကစားစဉ်နှလုံးပြဿနာနှင့်ကြုံလာရတာဖြစ်ပါတယ်။

ZawGyi

ႏွလုံးခုန္မမွန္မႈေၾကာင့္ သုံးလၾကာအနားယူ ေဆးကုသမႈခံယူရေတာ့မယ့္ အဂြဲ႐ိုး

ဘာစီလိုနာကဆာဂ်ီယိုအဂြဲ႐ိုးမွာရင္ဘတ္ေအာင့္ျခင္း၊အသက္ရႉရခက္ခဲျခင္းတို႔အားကုသမႈခံယူရန္အတြက္သုံးလၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

မန္စီးတီးတိုက္စစ္မႉးေဟာင္းဟာအလာဗက္စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕ပထမပိုင္းမၿပီးခါရင္ဘတ္ေအာင့္ျခင္း၊အသက္ရႉရခက္ခဲျခင္းတို႔ျဖစ္ၿပီးေနာက္ ကြင္းအတြင္းတြင္ပင္ေဆးကုသမႈခံယူခဲ့ရပါတယ္။သူဟာခ်က္ခ်င္းပင္ေဆး႐ုံသို႔အေရးေပၚကားျဖင့္သြားေရာက္ကာစစ္ေဆးမႈခံယူခဲ့ရပါတယ္။

စပိန္မီဒီယာမ်ားကအသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာႏွလုံးခုန္ႏႈန္းမမွန္တဲ့ျပႆနာႀကဳံေနရေၾကာင္းေရးသားေဖာ္ျပခဲ့ပါတယ္။

ယခုအခါဘာစီလိုနာအသင္းကအာဂ်င္တီးနားတိုက္စစ္မႉးမွာဆရာဝန္မ်ားရဲ႕ေဆးကုသမႈခံယူေစာင့္ၾကည့္ျခင္းခံေနရၿပီျဖစ္ၿပီးသုံးလၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

အဂြဲ႐ိုးဟာမန္စီးတီးတြင္ဆယ္ႏွစ္ၾကာကစားၿပီးေနာက္ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

သူဟာဘာစီလိုနာအတြက္တစ္ပြဲမွ်မကစားမီ ရာသီမစမီအခ်ိန္တြင္ပင္ေလ့က်င့္ခန္းအစီအစဥ္မွာႂကြက္သားဒဏ္ရာရရွိၿပီးအနားယူခဲ့ရပါတယ္။သူဟာအယ္ကလက္စီကိုပြဲစဥ္တြင္ပထမဆုံးပြဲအျဖစ္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့ကာႏွစ္သိမ့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ယင္းေနာက္သူဟာအလာဗက္စ္ႏွင့္ပြဲတြင္ပြဲထြက္ကစားစဥ္ႏွလုံးျပႆနာႏွင့္ႀကဳံလာရတာျဖစ္ပါတယ္။