နှလုံးပြဿနာကြောင့် ကစားသမားဘဝမှအနားယူရပြီးနောက် ဆေးရုံတက်နေရတဲ့ ဘရိုက်တန်စတားဟောင်းအမ်ဝီပူ

အီနော့ခ်အမ်ဝီပူဟာနေထိုင်မကောင်းမှုကြောင့်ဇမ်ဘာဘွေတွင်ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ရကြောင်းသိရပါတယ်။

အသက်၂၅နှစ်ရှိဘရိုက်တန်စတားဟာနှလုံးရောဂါပြဿနာရှိနေကြောင်းစစ်ဆေးတွေ့ရှိပြီးနောက်အောက်တိုဘာလတုန်းကကစားသမားဘဝမှအနားယူခဲ့ရသူလည်းဖြစ်ပါတယ်။

ယင်းနောက်သူဟာဒီဇင်ဘာလမှစတင်ကာဘရိုက်တန်ယူ-၁၉အသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။

သူဟာမွေးရပ်မြေဇမ်ဘာဘွေသို့ရောက်နေစဉ်အတွင်း တနင်္ဂနွေနေ့တုန်းကနေထိုင်မကောင်းဖြစ်မှုနဲ့အတူဆေးရုံတက်ခဲ့ရပါတယ်။

သူဟာဆေးရုံတွင်စစ်ဆေးကုသမှုများခံယူနေသလိုဘရိုက်တန်ဆေးအဖွဲ့ကလည်းဆေးရုံနှင့်ဆက်သွယ်ကာလုပ်ဆောင်နေပါတယ်။

အမ်ဝီပူဟာကစားသမားဘဝမှအနားမယူမီယခုရာသီတွင်ဘရိုက်တန်အတွက်ပရီးမီးယားလိဂ်ပွဲ၆ပွဲကစားခဲ့သူဖြစ်ပြီးစုစုပေါင်း၂၇ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

သူဟာစက်တင်ဘာလတုန်းကကမ္ဘာ့ဖလားမတိုင်မီနောက်ဆုံးနိုင်ငံတကာပွဲရက်သတ္တပတ်တွင်နေထိုင်မကောင်းဖြစ်ပြီးနောက်နှလုံးရောဂါပြဿနာရှိနေကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ႏွလုံးျပႆနာေၾကာင့္ ကစားသမားဘဝမွအနားယူရၿပီးေနာက္ ေဆး႐ုံတက္ေနရတဲ့ ဘ႐ိုက္တန္စတားေဟာင္းအမ္ဝီပူ

အီေနာ့ခ္အမ္ဝီပူဟာေနထိုင္မေကာင္းမႈေၾကာင့္ဇမ္ဘာေဘြတြင္ေဆး႐ုံသို႔အေရးေပၚတက္ေရာက္ခဲ့ရေၾကာင္းသိရပါတယ္။

အသက္၂၅ႏွစ္ရွိဘ႐ိုက္တန္စတားဟာႏွလုံးေရာဂါျပႆနာရွိေနေၾကာင္းစစ္ေဆးေတြ႕ရွိၿပီးေနာက္ေအာက္တိုဘာလတုန္းကကစားသမားဘဝမွအနားယူခဲ့ရသူလည္းျဖစ္ပါတယ္။

ယင္းေနာက္သူဟာဒီဇင္ဘာလမွစတင္ကာဘ႐ိုက္တန္ယူ-၁၉အသင္းနည္းျပအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့ပါတယ္။

သူဟာေမြးရပ္ေျမဇမ္ဘာေဘြသို႔ေရာက္ေနစဥ္အတြင္း တနဂၤေႏြေန႔တုန္းကေနထိုင္မေကာင္းျဖစ္မႈနဲ႔အတူေဆး႐ုံတက္ခဲ့ရပါတယ္။

သူဟာေဆး႐ုံတြင္စစ္ေဆးကုသမႈမ်ားခံယူေနသလိုဘ႐ိုက္တန္ေဆးအဖြဲ႕ကလည္းေဆး႐ုံႏွင့္ဆက္သြယ္ကာလုပ္ေဆာင္ေနပါတယ္။

အမ္ဝီပူဟာကစားသမားဘဝမွအနားမယူမီယခုရာသီတြင္ဘ႐ိုက္တန္အတြက္ပရီးမီးယားလိဂ္ပြဲ၆ပြဲကစားခဲ့သူျဖစ္ၿပီးစုစုေပါင္း၂၇ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။

သူဟာစက္တင္ဘာလတုန္းကကမာၻ႔ဖလားမတိုင္မီေနာက္ဆုံးႏိုင္ငံတကာပြဲရက္သတၱပတ္တြင္ေနထိုင္မေကာင္းျဖစ္ၿပီးေနာက္ႏွလုံးေရာဂါျပႆနာရွိေနေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။