နှလုံးရောဂါကြောင့် အဂွဲရိုး အနားယူတော့မယ်ဆိုတဲ့သတင်းကို ဘာစီလိုနာငြင်းဆို

ဘာစီလိုနာဟာဆာဂျီယိုအဂွဲရိုးမှာယခုအပတ်တွင်ကစားသမားဘဝမှအနားယူကြောင်းကြေညာတော့မယ်လို့စပိန်တွင်သတင်းများပြန့်နှံ့နေမှုကိုငြင်းဆိုလာပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့လတုန်းကနူးကမ့်တွင်အလာဗက်စ်နှင့်ရင်ဆိုင်ကစားရတဲ့ပွဲတွင်အသက်ရှူရခက်ခဲမှုကြောင့်ပွဲချိန်၄၂မိနစ်တွင်ဖီးလစ်ပီကော်တင်ဟိုနှင့်လူစားလဲခဲ့ရပါတယ်။

မန်စီးတီးဂန္ထဝင်ကစားသမားဟာချက်ချင်းပင်လူနာတင်ယာဉ်ဖြင့်ဆေးရုံသို့သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာနှလုံးခုန်မမှန်တဲ့ပြဿနာရှိနေကြောင်းတွေ့ရပြီးအနည်းဆုံး၃လကြာအနားယူရတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒါပေမယ့်မကြာသေးမီတုန်းကစပိန်မီဒီယာများကအဂွဲရိုးဟာယခုရက်ပိုင်းအတွင်းတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာကစားသမားဘဝမှအနားယူကြောင်းကြေညာလာမယ်လို့ဖော်ပြလာခဲ့ကြပါတယ်။

ဒါပေမယ့်ဘာစီလိုနာဒုဥက္ကဌရာဖာယူစတီကဆာဂျီယိုအဂွဲရိုးမှာနှလုံးရောဂါပြဿနာကိုသုံးလကြာဆေးကုသခံယူပြီးချိန်တွင်မှနောက်ဘာလုပ်မယ်ဆိုတာဆုံးဖြတ်သွားမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

ZawGyi

ႏွလုံးေရာဂါေၾကာင့္ အဂြဲ႐ိုး အနားယူေတာ့မယ္ဆိုတဲ့သတင္းကို ဘာစီလိုနာျငင္းဆို

ဘာစီလိုနာဟာဆာဂ်ီယိုအဂြဲ႐ိုးမွာယခုအပတ္တြင္ကစားသမားဘဝမွအနားယူေၾကာင္းေၾကညာေတာ့မယ္လို႔စပိန္တြင္သတင္းမ်ားျပန႔္ႏွံ႔ေနမႈကိုျငင္းဆိုလာပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့လတုန္းကႏူးကမ့္တြင္အလာဗက္စ္ႏွင့္ရင္ဆိုင္ကစားရတဲ့ပြဲတြင္အသက္ရႉရခက္ခဲမႈေၾကာင့္ပြဲခ်ိန္၄၂မိနစ္တြင္ဖီးလစ္ပီေကာ္တင္ဟိုႏွင့္လူစားလဲခဲ့ရပါတယ္။

မန္စီးတီးဂႏၴဝင္ကစားသမားဟာခ်က္ခ်င္းပင္လူနာတင္ယာဥ္ျဖင့္ေဆး႐ုံသို႔သြားေရာက္စစ္ေဆးမႈျပဳလုပ္ခဲ့ရာႏွလုံးခုန္မမွန္တဲ့ျပႆနာရွိေနေၾကာင္းေတြ႕ရၿပီးအနည္းဆုံး၃လၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေပမယ့္မၾကာေသးမီတုန္းကစပိန္မီဒီယာမ်ားကအဂြဲ႐ိုးဟာယခုရက္ပိုင္းအတြင္းတြင္သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာကစားသမားဘဝမွအနားယူေၾကာင္းေၾကညာလာမယ္လို႔ေဖာ္ျပလာခဲ့ၾကပါတယ္။

ဒါေပမယ့္ဘာစီလိုနာဒုဥကၠဌရာဖာယူစတီကဆာဂ်ီယိုအဂြဲ႐ိုးမွာႏွလုံးေရာဂါျပႆနာကိုသုံးလၾကာေဆးကုသခံယူၿပီးခ်ိန္တြင္မွေနာက္ဘာလုပ္မယ္ဆိုတာဆုံးျဖတ္သြားမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။