နှလုံးရောဂါကြောင့် အနားယူခဲ့ရပြီးနောက် ဘောလုံးကွင်းသို့ ပြန်လည်ခြေချလာတော့မဲ့ ဆာဂျီယိုအဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာနှလုံးရောဂါပြဿနာကြောင့်၂၀၂၁ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့ရပေမဲ့လည်းယခုလအကုန်တွင်ဘောလုံးကွင်းသို့ပြန်ခြေချလာတော့မှာဖြစ်ပါတယ်။

အဂွဲရိုးဟာ၂၀၂၁ခုနှစ်၊အောက်တိုဘာလတုန်းကဘာစီလိုနာနှင့်အလာဗက်စ်တို့ရဲ့လာလီဂါပွဲတွင်ရင်ဘတ်နာကျင်မှု၊အသက်ရှူရခက်ခဲမှုတို့ကြောင့်လူစားလဲခဲ့ရပြီးနောက်ဆရာဝန်များရဲ့အကြံပြုချက်ကြောင့်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာဘာစီလိုနာသို့ပြောင်းပြီးနောက်နူးကမ့်တွင်ပထမဆုံးပွဲထွက်ကစားတဲ့ပွဲမှာဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်အာဂျင်တီးနားလေ့ကျင့်ရေးစခန်းတွင် အတူလေ့ကျင့်ခဲ့သလိုမက်ဆီနှင့်အတူတစ်ခန်းတည်းနေခဲ့သလို ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုလည်းပြုလုပ်ခဲ့ပါတယ်။

မန်စီးတီးဂန္ထဝင်ကစားသမားဟာအီကွေဒေါထိပ်သီးကလပ် ဘာစီလိုနာအက်စ်စီအသင်းရဲ့တစ်နှစ်လျှင်တစ်ကြိမ်ကစားတဲ့2023 Noche Amarillaတွင်ဧည့်သည်ကစားသမားအဖြစ်ပါဝင်ကစားလာတော့မှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကိုဇန်နဝါရီလ၂၈ရက်နေ့တွင်ကစားမှာဖြစ်ပြီးအသက်၃၄နှစ်ရှိအဂွဲရိုးဟာကစားသမားဘဝမှအနားယူပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ကွင်းထဲသို့ဘောလုံးသမားအဖြစ်ဆင်းလာတော့မှာဖြစ်ပါတယ်။

ZawGyi

ႏွလုံးေရာဂါေၾကာင့္ အနားယူခဲ့ရၿပီးေနာက္ ေဘာလုံးကြင္းသို႔ ျပန္လည္ေျခခ်လာေတာ့မဲ့ ဆာဂ်ီယိုအဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးေရာဂါျပႆနာေၾကာင့္၂၀၂၁ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့ရေပမဲ့လည္းယခုလအကုန္တြင္ေဘာလုံးကြင္းသို႔ျပန္ေျခခ်လာေတာ့မွာျဖစ္ပါတယ္။

အဂြဲ႐ိုးဟာ၂၀၂၁ခုႏွစ္၊ေအာက္တိုဘာလတုန္းကဘာစီလိုနာႏွင့္အလာဗက္စ္တို႔ရဲ႕လာလီဂါပြဲတြင္ရင္ဘတ္နာက်င္မႈ၊အသက္ရႉရခက္ခဲမႈတို႔ေၾကာင့္လူစားလဲခဲ့ရၿပီးေနာက္ဆရာဝန္မ်ားရဲ႕အႀကံျပဳခ်က္ေၾကာင့္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာဘာစီလိုနာသို႔ေျပာင္းၿပီးေနာက္ႏူးကမ့္တြင္ပထမဆုံးပြဲထြက္ကစားတဲ့ပြဲမွာျဖစ္ပ်က္သြားခဲ့တာျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္အာဂ်င္တီးနားေလ့က်င့္ေရးစခန္းတြင္ အတူေလ့က်င့္ခဲ့သလိုမက္ဆီႏွင့္အတူတစ္ခန္းတည္းေနခဲ့သလို ကမာၻ႔ဖလားခ်န္ပီယံေအာင္ပြဲခံမႈလည္းျပဳလုပ္ခဲ့ပါတယ္။

မန္စီးတီးဂႏၴဝင္ကစားသမားဟာအီေကြေဒါထိပ္သီးကလပ္ ဘာစီလိုနာအက္စ္စီအသင္းရဲ႕တစ္ႏွစ္လွ်င္တစ္ႀကိမ္ကစားတဲ့2023 Noche Amarillaတြင္ဧည့္သည္ကစားသမားအျဖစ္ပါဝင္ကစားလာေတာ့မွာျဖစ္ပါတယ္။

အဆိုပါပြဲစဥ္ကိုဇန္နဝါရီလ၂၈ရက္ေန႔တြင္ကစားမွာျဖစ္ၿပီးအသက္၃၄ႏွစ္ရွိအဂြဲ႐ိုးဟာကစားသမားဘဝမွအနားယူၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ကြင္းထဲသို႔ေဘာလုံးသမားအျဖစ္ဆင္းလာေတာ့မွာျဖစ္ပါတယ္။