
ဆာဂျီယိုအဂွဲရိုးဟာနှလုံးရောဂါပြဿနာကြောင့်ဘောလုံးကစားသမားဘဝမှအနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။
မန်စီးတီးသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့လတုန်းကနူးကမ့်တွင်အလာဗက်စ်နှင့်ကစားတဲ့ပွဲစဉ်မှာအသက်ရှူရခက်ခဲမှုကြောင့်ပထမပိုင်းမပြီးမီလူစားလဲကာဆေးရုံသို့အရေးပေါ်တက်ခဲ့ရပါတယ်။
အသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာဆေးရုံတွင်စစ်ဆေးမှုပြုလုပ်ခဲ့ရာနှလုံးခုန်နှုန်းမမှန်တဲ့ပြဿနာကြုံနေရကြောင်းတွေ့ရှိရပြီး ဘောလုံးကစားမှုမှသုံးလကြာအနားယူနေရပါတယ်။
ယနေ့တွင် Catalunya Ràdio’s ‘El Matí တွင်ဖော်ပြလာမှုအရဆာဂျီယိုအဂွဲရိုးမှာဆေးကုသမှုပြုလုပ်ရာတွင်ထင်မှတ်ထားသည်ထက်အချိန်ပိုယူရနိုင်ပြီးယင်းအခြေအနေကြောင့်ဘောလုံးကစားသမားဘဝမှအနားယူနိုင်ကြောင်းဆိုသွားပါတယ်။
ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့ရက်များအတွင်းကသူ့နှလုံးကိုထပ်မံစစ်ဆေးမှုခံယူခဲ့ရာတွင်သူ့နှလုံးရောဂါပြဿနာမှာအစောပိုင်းတုန်းကထက်ထင်မှတ်ထားထက်ဆိုးရွားနေကြောင်းတွေ့ရှိရပါတယ်။
ယင်းသို့အခြေအနေကြောင့်ဆာဂျီယိုအဂွဲရိုးမှာဘာစီလိုနာကလိုအပ်တဲ့အဆင့်အတန်းမျိုးတွင်ကစားနိုင်တဲ့အနေအထားမျိုးတွင်မရရှိတော့ရာအနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။
လက်ရှိအချိန်တွင်ဆာဂျီယိုအဂွဲရိုးနှင့်ဘာစီလိုနာတို့ကအထက်ပါသတင်းနဲ့ပတ်သက်ပြီးတစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
ZawGyi
ႏွလုံးေရာဂါေၾကာင့္ အသက္၃၃ႏွစ္အ႐ြယ္တြင္ပင္ ကစားသမားဘဝမွအနားယူရန္ အဂြဲ႐ိုးစဥ္းစားေနၿပီ
ဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးေရာဂါျပႆနာေၾကာင့္ေဘာလုံးကစားသမားဘဝမွအနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။
မန္စီးတီးသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့လတုန္းကႏူးကမ့္တြင္အလာဗက္စ္ႏွင့္ကစားတဲ့ပြဲစဥ္မွာအသက္ရႉရခက္ခဲမႈေၾကာင့္ပထမပိုင္းမၿပီးမီလူစားလဲကာေဆး႐ုံသို႔အေရးေပၚတက္ခဲ့ရပါတယ္။
အသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာေဆး႐ုံတြင္စစ္ေဆးမႈျပဳလုပ္ခဲ့ရာႏွလုံးခုန္ႏႈန္းမမွန္တဲ့ျပႆနာႀကဳံေနရေၾကာင္းေတြ႕ရွိရၿပီး ေဘာလုံးကစားမႈမွသုံးလၾကာအနားယူေနရပါတယ္။
ယေန႔တြင္ Catalunya Ràdio’s ‘El Matí တြင္ေဖာ္ျပလာမႈအရဆာဂ်ီယိုအဂြဲ႐ိုးမွာေဆးကုသမႈျပဳလုပ္ရာတြင္ထင္မွတ္ထားသည္ထက္အခ်ိန္ပိုယူရႏိုင္ၿပီးယင္းအေျခအေနေၾကာင့္ေဘာလုံးကစားသမားဘဝမွအနားယူႏိုင္ေၾကာင္းဆိုသြားပါတယ္။
ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းကသူ႔ႏွလုံးကိုထပ္မံစစ္ေဆးမႈခံယူခဲ့ရာတြင္သူ႔ႏွလုံးေရာဂါျပႆနာမွာအေစာပိုင္းတုန္းကထက္ထင္မွတ္ထားထက္ဆိုး႐ြားေနေၾကာင္းေတြ႕ရွိရပါတယ္။
ယင္းသို႔အေျခအေနေၾကာင့္ဆာဂ်ီယိုအဂြဲ႐ိုးမွာဘာစီလိုနာကလိုအပ္တဲ့အဆင့္အတန္းမ်ိဳးတြင္ကစားႏိုင္တဲ့အေနအထားမ်ိဳးတြင္မရရွိေတာ့ရာအနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။
လက္ရွိအခ်ိန္တြင္ဆာဂ်ီယိုအဂြဲ႐ိုးႏွင့္ဘာစီလိုနာတို႔ကအထက္ပါသတင္းနဲ႔ပတ္သက္ၿပီးတစ္စုံတစ္ရာမွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။