နှလုံးရောဂါပြဿနာကြောင့် အဂွဲရိုးကစားသမားဘဝမှနားမည်ဟုသတင်းထွက်၊ လာမယ့်အပတ်တွင်သတင်းစာရှင်းလင်းပွဲလုပ်မည်

ဆာဂျီယိုအဂွဲရိုးဟာမကြာသေးမီတုန်းကကြုံတွေ့လာရတဲ့နှလုံးရောဂါပြဿနာကြောင့်ဘောလုံးကစားသမားဘဝမှအနားယူတော့မည်ဖြစ်ကြောင်းစပိန်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာနှလုံးခုန်နှုန်းမမှန်မှုကြောင့်ဆေးကုသမှုခံယူနေရသူဖြစ်ပြီးယခုအခါဘောလုံးဆက်ကစားရန်မဖြစ်နိုင်တော့တဲ့အနေအထားမျိုးသို့ရောက်လာမှုနှင့်အတူကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိဆာဂျီယိုအဂွဲရိုးဟာလာမယ့်အပတ်တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်းကြေညာသွားပါမယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာပြီးခဲ့တဲ့လတုန်းကအလာဗက်စ်နှင့်ပွဲစဉ်တွင်ရင်ဘတ်နာကျင်ကာအသက်ရှူရခက်ခဲမှုကြောင့်ဆေးရုံသို့အရေးပေါ်သွားရောက်ခဲ့ရပါတယ်။

အဂွဲရိုးဟာပြီးခဲ့တဲ့နွေရာသီတွင်ဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာနှလုံးရောဂါပြဿနာကြုံလာရမှုနှင့်အတူသူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ၁၉နှစ်ကာလကိုအဆုံးသတ်ရတော့မှာဖြစ်ပါတယ်။

သူဟာအက်သလက်တီကိုတွင်ဂိုးတစ်ရာကျော်သွင်းယူကာယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးမန်စီးတီးတွင်၁၀နှစ်ကြာကစားစဉ်အတွင်းပရီးမီးယားလိဂ်ဖလား၅ကြိမ်ရရှိခဲ့ကာ၁၈၄ဂိုးဖြင့်ကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ZawGyi

ႏွလုံးေရာဂါျပႆနာေၾကာင့္ အဂြဲ႐ိုးကစားသမားဘဝမွနားမည္ဟုသတင္းထြက္၊ လာမယ့္အပတ္တြင္သတင္းစာရွင္းလင္းပြဲလုပ္မည္

ဆာဂ်ီယိုအဂြဲ႐ိုးဟာမၾကာေသးမီတုန္းကႀကဳံေတြ႕လာရတဲ့ႏွလုံးေရာဂါျပႆနာေၾကာင့္ေဘာလုံးကစားသမားဘဝမွအနားယူေတာ့မည္ျဖစ္ေၾကာင္းစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္ေဆးကုသမႈခံယူေနရသူျဖစ္ၿပီးယခုအခါေဘာလုံးဆက္ကစားရန္မျဖစ္ႏိုင္ေတာ့တဲ့အေနအထားမ်ိဳးသို႔ေရာက္လာမႈႏွင့္အတူကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

အသက္၃၃ႏွစ္ရွိဆာဂ်ီယိုအဂြဲ႐ိုးဟာလာမယ့္အပတ္တြင္သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာကစားသမားဘဝမွအနားယူၿပီျဖစ္ေၾကာင္းေၾကညာသြားပါမယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာၿပီးခဲ့တဲ့လတုန္းကအလာဗက္စ္ႏွင့္ပြဲစဥ္တြင္ရင္ဘတ္နာက်င္ကာအသက္ရႉရခက္ခဲမႈေၾကာင့္ေဆး႐ုံသို႔အေရးေပၚသြားေရာက္ခဲ့ရပါတယ္။

အဂြဲ႐ိုးဟာၿပီးခဲ့တဲ့ေႏြရာသီတြင္ဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာႏွလုံးေရာဂါျပႆနာႀကဳံလာရမႈႏွင့္အတူသူ႔ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ၁၉ႏွစ္ကာလကိုအဆုံးသတ္ရေတာ့မွာျဖစ္ပါတယ္။

သူဟာအက္သလက္တီကိုတြင္ဂိုးတစ္ရာေက်ာ္သြင္းယူကာယူ႐ိုပါလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးမန္စီးတီးတြင္၁၀ႏွစ္ၾကာကစားစဥ္အတြင္းပရီးမီးယားလိဂ္ဖလား၅ႀကိမ္ရရွိခဲ့ကာ၁၈၄ဂိုးျဖင့္ကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။