နှလုံးရောဂါပြဿနာရှိနေမှုကြောင့် ဘောလုံးကစားမှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရတဲ့ လီဗာပူးစတားဟောင်း

လီဗာပူးအလယ်တန်းကစားသမားဟောင်းလူးကပ်စ်လိုင်ဗာဟာနှလုံးရောဂါပြဿနာရှိနေကြောင်းစစ်ဆေးတွေ့ရှိပြီးနောက်ဘောလုံးကစားမှုကိုအကန့်အသတ်မရှိရပ်ဆိုင်းလိုက်ရပါတယ်။

အသက်၃၅နှစ်ရှိဘရာဇီးကွင်းလယ်ကစားသမားဟာဥရောပဘောလုံးလောကတွင်၁၅နှစ်ကြာကျင်လည်ခဲ့ပြီးတဲ့နောက်ယခုနှစ်တွင်ကစားသမားဘဝစတင်ရာဂရီမီယိုသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

လူးကပ်စ်ဟာနှလုံးရောဂါပြဿနာရှိနေကြောင်းတွေ့ရှိရပြီးနောက်ဂရီမီယိုရဲ့ရာသီကြိုစခန်းသွင်းလေ့ကျင့်မှုကိုလွဲချော်ခဲ့ပါတယ်။

ယခုအခါသူဟာနှလုံးရောဂါပြဿနာအားအပြည့်အဝစစ်ဆေးမှုပြုလုပ်ပြီးတဲ့အချိန်အထိဘောလုံးကစားမှုကိုအကန့်အသတ်မရှိနားလိုက်ရပြီဖြစ်ပါတယ်။

လူးကပ်စ်ဟာဘရာဇီးအတွက်၂၄ပွဲကစားခဲ့သူဖြစ်ပြီးလီဗာပူးအတွက်၃၄၆ပွဲကစားပေးခဲ့ကာ၂၀၁၂ခုနှစ်တုန်းကလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာလီဗာပူးတွင်ကစားစဉ်တုန်းကဗဟိုနောက်ခံလူအဖြစ်လည်းကစားခဲ့တဲ့အပြင်ကလော့ပ်လက်ထက်တွင်အသင်းခေါင်းဆောင်အဖြစ်လည်းတာဝန်ယူခဲ့ပါတယ်။

ZawGyi






Lucas Leiva
Allenamento Lazio pre gara Europa League Lazio v Porto
Roma, 23 Febbraio 2022
© Marco Rosi / Fotonotizia

