နှုတ်ဆက်ပွဲပြုလုပ်ရန် ယူနိုက်တက်စတား ၄ဦးကို ဆော်ဒီသို့ ဖိတ်ကြားလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာနှုတ်ဆက်ပွဲပြုလုပ်ရန်အတွက်ယူနိုက်တက်မှအခင်ဆုံးသူငယ်ချင်းလေးဦးကိုဖိတ်ကြားမှုပြုလုပ်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်ရဲ့အင်တာဗျူးတွင်ယူနိုက်တက်ကိုဝေဖန်ပြီးနောက် စာချုပ်ဖျက်သိမ်းမှုပြုလုပ်လိုက်ချိန်တွင် ပေါ်တူဂီနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကစားရန်ကာတာသို့ရောက်နေပါတယ်။

ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်စတားများကိုနှုတ်ဆက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်မှထွက်ခွာလာခဲ့ပေမဲ့လည်းယခုတိုင် ယူနိုက်တက်စတားအချို့တို့နှင့်ခင်မင်ရင်းနှီးစွဲရှိထားပြီးသားဖြစ်ကာ အွန်လိုင်းတွင်အဆက်အသွယ်ရှိနေတုန်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဟယ်ရီမက်ဂွိုင်းယား၊ကက်စ်မီရို၊ရာဖေးလ်ဗာရန်းတို့အားဆော်ဒီ(သို့မဟုတ်)ပေါ်တူဂီသို့လာရောက်ရန်ဖိတ်ကြားထားကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီတွင်နေအိမ်ရှာဖွေနေတုန်းဖြစ်ပေမဲ့လည်း Four Season ကြယ်ပွင့်ဟိုတယ်ရှိ အခန်း ၁၇ ခန်းကို တစ်လလျှင်ပေါင်၂၅၀၀၀၀ ပေးငှားရမ်းကာနေထိုင်နေပါတယ်။

သူဟာပေါ်တူဂီရှိ လစ္စဘွန်းတွင်လည်းပေါင်၁၃သန်းနီးပါးတန်ဖိုးရှိဇိမ်ခံအိမ်ကြီးတစ်လုံးတည်ဆောက်နေကာလာမယ့်ဇွန်လတွင်အပြီးသတ်ပါမယ်။

ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုကယူနိုက်တက်ကစားဖော်ဟောင်းလေးဦးကိုအားလပ်ရက်တွင်‌ဆော်ဒီ(သို့မဟုတ်)ပေါ်တူဂီသို့လာရောက်ပြီးနှုတ်ဆက်ပွဲပြုလုပ်ရန်ဖိတ်ကြားလာတာဖြစ်ပါတယ်။

ZawGyi









