ပင်နယ်တီကျိန်စာဆိုးမှ လွတ်မြောက်ရန် စိတ်ပညာရှင်နှင့် တွေ့ဆုံသင့်တဲ့ ဆာကာ

အင်္ဂလန်နည်းပြဟောင်းဂလင်းဟော်ဒယ်ကအင်္ဂလန်သူရဲကောင်းဘူကာယိုဆာကာအနေဖြင့်ပင်နယ်တီကျိန်စာဆိုးမှလွတ်မြောက်ရန်အတွက်စိတ်ပညာရှင်တစ်ဦးနှင့်တွေ့ဆုံဆွေးနွေးသင့်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၁၉နှစ်ရှိဆာကာဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကအီတလီကိုရှုံးနိမ့်တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲမှာအဆုံးအဖြတ်ပင်နယ်တီလွဲချော်ခဲ့သူဖြစ်ပါတယ်။

သူဟာဝင်ဘာလေကွင်းမှာအီတလီကိုရှုံးနိမ့်ပြီးနောက်အခြားပင်နယ်တီလွဲတဲ့လူမည်းကစားသမားများဖြစ်ကြတဲ့ရပ်ရှ်ဖို့ဒ်၊ဆန်ချိုတို့နဲ့အတူအွန်လိုင်းတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၁၉နှစ်သာရှိသေးတဲ့ဆာကာဟာအဆုံးအဖြတ်ပင်နယ်တီအားသတ္တိရှိရှိကန်ရန် ရွေးချယ်ခဲ့သူဖြစ်ပြီးရှေ့တွင်ရှည်လျားလှတဲ့အင်္ဂလန်ကစားသမားဘဝကျန်ရှိနေပါသေးတယ်။

အင်္ဂလန်နည်းပြဟောင်းဂလင်းဟော်ဒယ်ကသူ့အနေဖြင့် စိတ်ပညာရှင်တစ်ဦးနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ အခက်အခဲကိုကျော်လွှားသင့်ကြောင်းအကြံပြုလာပါတယ်။

ဟော်ဒယ်က “ဒီလူငယ်လေးဟာနွေရာသီအားလပ်ရက်မှာဒါကိုမေ့ပြီးအပန်းဖြေဖို့သွားသင့်တယ်။ဒါကိုခေါင်းထဲကလုံးဝထုတ်လိုက်ရပါမယ်။ပြီးတော့သူ့အနေနဲ့ဒါကိုအပြုသဘောဆောင်တဲ့အတွေးမျိုးတွေးဖို့လိုပါတယ်။ဒီအတွက်လည်းသူ့အနေနဲ့အကူအညီတစ်ချို့ရယူသင့်ပါတယ်။သူ့ရှေ့မှာနောက်ထပ်အင်္ဂလန်ကစားသမားဆယ်နှစ်တာကျန်ပါသေးတယ်။သူ့အနေနဲ့စိတ်ပညာနဲ့တွေ့ဆုံပြီးဒီအဖြစ်ဆိုးကိုကျော်လွှားသင့်ပါတယ်။နောက်ထပ်ပင်နယ်တီကန်ဖို့ယုံကြည်မှုရှိလာသင့်ပါတယ်။ဒါတွေသာသူမလုပ်ဘူးဆိုရင်သူ့အနေနဲ့ဒီအခြေအနေဆိုးကိုကျော်ဖြတ်ဖို့အချိန်ယူရပါလိမ့်မယ်။ဒီဖြစ်ရပ်ဆိုးကိုကျော်လွှားဖို့အသက်၂၈နှစ်၊အသက်၂၉နှစ်အထိစောင့်နေလို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

အသက်၆၃နှစ်ရှိဂလင်းဟော်ဒယ်ဟာအင်္ဂလန်အသင်းကိုသုံးနှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီး၁၉၉၈ကမ္ဘာ့ဖလားတွင်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ပင္နယ္တီက်ိန္စာဆိုးမွ လြတ္ေျမာက္ရန္ စိတ္ပညာရွင္ႏွင့္ ေတြ႕ဆုံသင့္တဲ့ ဆာကာ

အဂၤလန္နည္းျပေဟာင္းဂလင္းေဟာ္ဒယ္ကအဂၤလန္သူရဲေကာင္းဘူကာယိုဆာကာအေနျဖင့္ပင္နယ္တီက်ိန္စာဆိုးမွလြတ္ေျမာက္ရန္အတြက္စိတ္ပညာရွင္တစ္ဦးႏွင့္ေတြ႕ဆုံေဆြးေႏြးသင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၁၉ႏွစ္ရွိဆာကာဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကအီတလီကိုရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအဆုံးအျဖတ္ပင္နယ္တီလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

သူဟာဝင္ဘာေလကြင္းမွာအီတလီကိုရႈံးနိမ့္ၿပီးေနာက္အျခားပင္နယ္တီလြဲတဲ့လူမည္းကစားသမားမ်ားျဖစ္ၾကတဲ့ရပ္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳတို႔နဲ႔အတူအြန္လိုင္းတြင္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံခဲ့ရသူလည္းျဖစ္ပါတယ္။

အသက္၁၉ႏွစ္သာရွိေသးတဲ့ဆာကာဟာအဆုံးအျဖတ္ပင္နယ္တီအားသတၱိရွိရွိကန္ရန္ ေ႐ြးခ်ယ္ခဲ့သူျဖစ္ၿပီးေရွ႕တြင္ရွည္လ်ားလွတဲ့အဂၤလန္ကစားသမားဘဝက်န္ရွိေနပါေသးတယ္။

အဂၤလန္နည္းျပေဟာင္းဂလင္းေဟာ္ဒယ္ကသူ႔အေနျဖင့္ စိတ္ပညာရွင္တစ္ဦးႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ကာ အခက္အခဲကိုေက်ာ္လႊားသင့္ေၾကာင္းအႀကံျပဳလာပါတယ္။

ေဟာ္ဒယ္က “ဒီလူငယ္ေလးဟာေႏြရာသီအားလပ္ရက္မွာဒါကိုေမ့ၿပီးအပန္းေျဖဖို႔သြားသင့္တယ္။ဒါကိုေခါင္းထဲကလုံးဝထုတ္လိုက္ရပါမယ္။ၿပီးေတာ့သူ႔အေနနဲ႔ဒါကိုအျပဳသေဘာေဆာင္တဲ့အေတြးမ်ိဳးေတြးဖို႔လိုပါတယ္။ဒီအတြက္လည္းသူ႔အေနနဲ႔အကူအညီတစ္ခ်ိဳ႕ရယူသင့္ပါတယ္။သူ႔ေရွ႕မွာေနာက္ထပ္အဂၤလန္ကစားသမားဆယ္ႏွစ္တာက်န္ပါေသးတယ္။သူ႔အေနနဲ႔စိတ္ပညာနဲ႔ေတြ႕ဆုံၿပီးဒီအျဖစ္ဆိုးကိုေက်ာ္လႊားသင့္ပါတယ္။ေနာက္ထပ္ပင္နယ္တီကန္ဖို႔ယုံၾကည္မႈရွိလာသင့္ပါတယ္။ဒါေတြသာသူမလုပ္ဘူးဆိုရင္သူ႔အေနနဲ႔ဒီအေျခအေနဆိုးကိုေက်ာ္ျဖတ္ဖို႔အခ်ိန္ယူရပါလိမ့္မယ္။ဒီျဖစ္ရပ္ဆိုးကိုေက်ာ္လႊားဖို႔အသက္၂၈ႏွစ္၊အသက္၂၉ႏွစ္အထိေစာင့္ေနလို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အသက္၆၃ႏွစ္ရွိဂလင္းေဟာ္ဒယ္ဟာအဂၤလန္အသင္းကိုသုံးႏွစ္ၾကာကိုင္တြယ္ခဲ့သူျဖစ္ၿပီး၁၉၉၈ကမာၻ႔ဖလားတြင္ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။