ပင်နယ်တီကျိန်စာအဆုံးသတ်ရေးအတွက် ထူးဆန်းတဲ့ ပင်နယ်တီလေ့ကျင့်ခန်းပြုလုပ်နေတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာနိုင်ငံတကာပြိုင်ပွဲကြီးပင်နယ်တီကျိန်စာဆိုးအဆုံးသတ်နိုင်ရေးအတွက်ထူးဆန်းတဲ့ပင်နယ်တီလေ့ကျင့်ခန်းပြုလုပ်နေပါတယ်။

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်တွင်ပင်နယ်တီအဆုံးအဖြတ်ကန်ရမည်ဆိုပါက ကစားသမားများရဲ့ယုံကြည်မှုမြင့်မားလာစေရန်အတွက် ဂိုးသမားမပါဘဲပင်နယ်တီလေ့ကျင့်ခန်းပြုလုပ်နေစေတာလည်းဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာကစားသမားအားလုံးကိုပင်နယ်တီလေ့ကျင့်ခန်းပြုလုပ်ရာမှာဂိုးသမားမပါဘဲကန်သွင်းစေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ကစားသမားများဟာဂိုးသမားမပါဘဲပင်နယ်တီလေ့ကျင့်ခန်းပြုလုပ်ရာမှာဂိုးသမားလိုက်မမီတဲ့ထောင့်ကျဉ်းသို့သာကန်သွင်းလေ့ကျင့်စေပါတယ်။

ယင်းနှင့်ပတ်သက်ပြီးအင်္ဂလန်နှင့်အာဆင်နယ်ဂိုးသမားရန်ဒေးလ်က “ဂိုးသမားတွေကသူတို့ဘယ်ကန်မလဲဆိုတောသိလာတော့ကစားသမားတွေရဲ့ယုံကြည်မှုကိုထိခိုက်လာစေတယ်။၁၀ကြိမ်မှာ၇ကြိမ်ကဘယ်ကလဲဆိုတာသိနေရင် ကျွန်တော်ကတော့လှည့်စားတော့တာပဲ။အစပိုင်းမှာကတည်းကကာကွယ်ပေးလိုက်တယ်။အဲဒါဆိုရင်သူတို့ရဲ့ယုံကြည်မှုပျောက်သွားရော”လို့ဆိုသွားပါတယ်။

ဆောက်ဂိတ်ဟာယခင်၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းကစားသမားများအားပင်နယ်တီကန်သွင်းမှုလေ့ကျင့်ရာမှာ ကွင်းလယ်စင်တာမှလမ်းလျှောက်စေပြီးမှကန်သွင်းပြီးလေ့ကျင့်စေခဲ့ဖူးပါတယ်။

အင်္ဂလန်ဟာကမ္ဘာ့ဖလားပြိုင်ပွဲများတွင်ပင်နယ်တီအဆုံးအဖြတ်ဖြင့်ဒုတိယမြောက်အနိုင်ရမှုအဖြစ်၁၆သင်းရှုံးထွက်အဆင့်တွင်ကိုလံဘီယာကိုပင်နယ်တီဖြင့်အနိုင်ရရှိခဲ့ပါတယ်။အင်္ဂလန်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပင်နယ်တီအဆုံးအဖြတ်၄ကြိမ်ကန်ခဲ့ရာမှာတစ်ကြိမ်တည်းသာအနိုင်ရဖူးပါတယ်။

အင်္ဂလန်ဟာပြီးခဲ့တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲမှာလည်းအီတလီကိုပင်နယ်တီဖြင့်ပင်ရှုံးနိမ့်ခဲ့ပါတယ်။၎င်းတို့ဟာယူရိုနှင့်ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်ပင်နယ်တီအဆုံးအဖြတ်၉ကြိမ်ကန်ခဲ့ရာမှာ၂ကြိမ်တည်းသာအနိုင်ရဖူးပါတယ်။

ZawGyi

ပင္နယ္တီက်ိန္စာအဆုံးသတ္ေရးအတြက္ ထူးဆန္းတဲ့ ပင္နယ္တီေလ့က်င့္ခန္းျပဳလုပ္ေနတဲ့ အဂၤလန္

အဂၤလန္အသင္းဟာႏိုင္ငံတကာၿပိဳင္ပြဲႀကီးပင္နယ္တီက်ိန္စာဆိုးအဆုံးသတ္ႏိုင္ေရးအတြက္ထူးဆန္းတဲ့ပင္နယ္တီေလ့က်င့္ခန္းျပဳလုပ္ေနပါတယ္။

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ရႈံးထြက္အဆင့္တြင္ပင္နယ္တီအဆုံးအျဖတ္ကန္ရမည္ဆိုပါက ကစားသမားမ်ားရဲ႕ယုံၾကည္မႈျမင့္မားလာေစရန္အတြက္ ဂိုးသမားမပါဘဲပင္နယ္တီေလ့က်င့္ခန္းျပဳလုပ္ေနေစတာလည္းျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာကစားသမားအားလုံးကိုပင္နယ္တီေလ့က်င့္ခန္းျပဳလုပ္ရာမွာဂိုးသမားမပါဘဲကန္သြင္းေစတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ကစားသမားမ်ားဟာဂိုးသမားမပါဘဲပင္နယ္တီေလ့က်င့္ခန္းျပဳလုပ္ရာမွာဂိုးသမားလိုက္မမီတဲ့ေထာင့္က်ဥ္းသို႔သာကန္သြင္းေလ့က်င့္ေစပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီးအဂၤလန္ႏွင့္အာဆင္နယ္ဂိုးသမားရန္ေဒးလ္က “ဂိုးသမားေတြကသူတို႔ဘယ္ကန္မလဲဆိုေတာသိလာေတာ့ကစားသမားေတြရဲ႕ယုံၾကည္မႈကိုထိခိုက္လာေစတယ္။၁၀ႀကိမ္မွာ၇ႀကိမ္ကဘယ္ကလဲဆိုတာသိေနရင္ ကြၽန္ေတာ္ကေတာ့လွည့္စားေတာ့တာပဲ။အစပိုင္းမွာကတည္းကကာကြယ္ေပးလိုက္တယ္။အဲဒါဆိုရင္သူတို႔ရဲ႕ယုံၾကည္မႈေပ်ာက္သြားေရာ”လို႔ဆိုသြားပါတယ္။

ေဆာက္ဂိတ္ဟာယခင္၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းကစားသမားမ်ားအားပင္နယ္တီကန္သြင္းမႈေလ့က်င့္ရာမွာ ကြင္းလယ္စင္တာမွလမ္းေလွ်ာက္ေစၿပီးမွကန္သြင္းၿပီးေလ့က်င့္ေစခဲ့ဖူးပါတယ္။

အဂၤလန္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမ်ားတြင္ပင္နယ္တီအဆုံးအျဖတ္ျဖင့္ဒုတိယေျမာက္အႏိုင္ရမႈအျဖစ္၁၆သင္းရႈံးထြက္အဆင့္တြင္ကိုလံဘီယာကိုပင္နယ္တီျဖင့္အႏိုင္ရရွိခဲ့ပါတယ္။အဂၤလန္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပင္နယ္တီအဆုံးအျဖတ္၄ႀကိမ္ကန္ခဲ့ရာမွာတစ္ႀကိမ္တည္းသာအႏိုင္ရဖူးပါတယ္။

အဂၤလန္ဟာၿပီးခဲ့တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာလည္းအီတလီကိုပင္နယ္တီျဖင့္ပင္ရႈံးနိမ့္ခဲ့ပါတယ္။၎တို႔ဟာယူ႐ိုႏွင့္ကမာၻ႔ဖလားၿပိဳင္ပြဲတို႔တြင္ပင္နယ္တီအဆုံးအျဖတ္၉ႀကိမ္ကန္ခဲ့ရာမွာ၂ႀကိမ္တည္းသာအႏိုင္ရဖူးပါတယ္။