ပင်နယ်တီမှတ်တမ်း အားရစရာမရှိပေမယ့် ဖာနန်ဒက်စ်ထံမှ ပင်နယ်တီကန်သူ နေရာကို လွဲယူမယ့် ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပင်နယ်တီကန်သွင်းမှုမှတ်တမ်းတွင်ဘရူနိုဖာနန်ဒက်စ်လောက် မကောင်းပေမယ့်လည်းမန်ယူရဲ့ဦးစားပေးပင်နယ်တီကန်သူနေရာအား ပေါ်တူဂီကစားဖော်ထံမှလွဲပြောင်းရယူသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့စနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်အက်စတွန်ဗီလာအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်တွင်ရရှိတဲ့ပင်နယ်တီကိုလွဲချော်ခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီလွဲချော်မှုနဲ့အတူအိုလီဂန်းနားဆိုးလ်ရှားရဲ့အသင်းဟာလည်းရမှတ်တစ်မှတ်မျှမရရှိခဲ့ပါဘူး။

ဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီလွဲချော်ခဲ့မှုအတွက်မန်ယူပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့သလိုနည်းပြဆိုးလ်ရှားထံမှလည်းထောက်ခံအားပေးမှုအပြည့်အဝရရှိထားပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအသင်းနောင်တွင်ရရှိလာမယ့်ပင်နယ်တီများကိုဘရူနိုဖာနန်ဒက်စ်ထံမှလွဲပြောင်းကန်သွင်းယူသွားတော့မှာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပင်နယ်တီကန်သွင်းမှုမှတ်တမ်းကဘရူနိုဖာနန်ဒက်စ်လောက် ကောင်းမွန်ခြင်းမရှိရာမန်ယူပရိသတ်များအတွက်ကျေနပ်စရာကောင်းလာဖို့တော့မရှိပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၇-၁၈ရာသီမှစတင်ကာရီးရဲလ်မက်ဒရစ်၊မန်ယူတို့တွင် ပင်နယ်တီ၃၁ကြိမ်ကန်သွင်းခဲ့ပါတယ်။ပေါ်တူဂီအသင်းခေါင်းဆောင်ဟာပင်နယ်တီ၃၁ကြိမ်ကန်ခဲ့ရာမှာ၂၆ကြိမ်ဘဲဝင်ခဲ့ပြီး၅ကြိမ်မဝင်ခဲ့ပါဘူး။ပင်နယ်တီကန်သွင်းမှုအောင်မြင်မှု၈၃.၉ရာခိုင်နှုန်းဘဲရှိပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ခရစ္စတီယာနိုရော်နယ်ဒို နောက်ဆုံးအကြိမ်ပင်နယ်တီလွဲခဲ့တာအိုင်ယာလန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ဩဂုတ်လကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းကဖြစ်ပါတယ်။ယင်းတုန်းကကွင်းထဲမှာဘရူနိုဖာနန်ဒက်စ်လည်းရှိပါတယ်။

တစ်ဖက်တွင်ဘရူနိုဖာနန်ဒက်စ်ဟာစပို့တင်းလစ္စဘွန်း၊မန်ယူတို့မှာပင်နယ်တီ၂၇ကြိမ်ကန်ခဲ့ရာမှာ၂၅ကြိမ်ဝင်ထားပါတယ်။သူဟာမန်ယူသို့ရောက်ပြီးမှပင်နယ်တီနှစ်ကြိမ်လွဲထားတာပါ။

ZawGyi

ပင္နယ္တီမွတ္တမ္းက အားရစရာမရွိေပမယ့္ ဖာနန္ဒက္စ္ထံမွ ပင္နယ္တီကန္သူ ေနရာကို လြဲယူမယ့္ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပင္နယ္တီကန္သြင္းမႈမွတ္တမ္းတြင္ဘ႐ူႏိုဖာနန္ဒက္စ္ေလာက္ မေကာင္းေပမယ့္လည္းမန္ယူရဲ႕ဦးစားေပးပင္နယ္တီကန္သူေနရာအား ေပၚတူဂီကစားေဖာ္ထံမွလြဲေျပာင္းရယူသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ့စေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္အက္စတြန္ဗီလာအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္ရဲ႕ေနာက္ဆုံးမိနစ္တြင္ရရွိတဲ့ပင္နယ္တီကိုလြဲေခ်ာ္ခဲ့ပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ပင္နယ္တီလြဲေခ်ာ္မႈနဲ႔အတူအိုလီဂန္းနားဆိုးလ္ရွားရဲ႕အသင္းဟာလည္းရမွတ္တစ္မွတ္မွ်မရရွိခဲ့ပါဘူး။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာပင္နယ္တီလြဲေခ်ာ္ခဲ့မႈအတြက္မန္ယူပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့သလိုနည္းျပဆိုးလ္ရွားထံမွလည္းေထာက္ခံအားေပးမႈအျပည့္အဝရရွိထားပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအသင္းေနာင္တြင္ရရွိလာမယ့္ပင္နယ္တီမ်ားကိုဘ႐ူႏိုဖာနန္ဒက္စ္ထံမွလြဲေျပာင္းကန္သြင္းယူသြားေတာ့မွာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပင္နယ္တီကန္သြင္းမႈမွတ္တမ္းကဘ႐ူႏိုဖာနန္ဒက္စ္ေလာက္ ေကာင္းမြန္ျခင္းမရွိရာမန္ယူပရိသတ္မ်ားအတြက္ေက်နပ္စရာေကာင္းလာဖို႔ေတာ့မရွိပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၇-၁၈ရာသီမွစတင္ကာရီးရဲလ္မက္ဒရစ္၊မန္ယူတို႔တြင္ ပင္နယ္တီ၃၁ႀကိမ္ကန္သြင္းခဲ့ပါတယ္။ေပၚတူဂီအသင္းေခါင္းေဆာင္ဟာပင္နယ္တီ၃၁ႀကိမ္ကန္ခဲ့ရာမွာ၂၆ႀကိမ္ဘဲဝင္ခဲ့ၿပီး၅ႀကိမ္မဝင္ခဲ့ပါဘူး။ပင္နယ္တီကန္သြင္းမႈေအာင္ျမင္မႈ၈၃.၉ရာခိုင္ႏႈန္းဘဲရွိပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒို ေနာက္ဆုံးအႀကိမ္ပင္နယ္တီလြဲခဲ့တာအိုင္ယာလန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ဩဂုတ္လကမာၻ႔ဖလားေျခစစ္ပြဲတုန္းကျဖစ္ပါတယ္။ယင္းတုန္းကကြင္းထဲမွာဘ႐ူႏိုဖာနန္ဒက္စ္လည္းရွိပါတယ္။

တစ္ဖက္တြင္ဘ႐ူႏိုဖာနန္ဒက္စ္ဟာစပို႔တင္းလစၥဘြန္း၊မန္ယူတို႔မွာပင္နယ္တီ၂၇ႀကိမ္ကန္ခဲ့ရာမွာ၂၅ႀကိမ္ဝင္ထားပါတယ္။သူဟာမန္ယူသို႔ေရာက္ၿပီးမွပင္နယ္တီႏွစ္ႀကိမ္လြဲထားတာပါ။